Thursday, October 8, 2009

ထို ခဏ

ချုံရိပ်မှောင်တွင် ခေါင်းထောင်စွယ်ပြူး

တရူးရူးနှင့် ဟူးဟူးမာန်ထွက်

ပါးပျဉ်းခွက်ကာ ငှက်ခတ်သမား

မုဆိုးသားကို တအားပေါက်ရန်

အသင့်ကြံသည် လူ့ရန်မြွေဆိုးတကောင်နှင့် ။



လေတွင်ပျံဝဲ တရှဲရှဲလျှင်

ကိုယ်မဲနှုတ်နီ လက်သဲရှည်နှင့်

စွီစွီစူးစူး ရဲတင်းကျူးကာ

ဟူးဟူးမာန်ထွက် မြွေဆိုးဇတ်ကို

သုတ်လျက်ယူရန် အသင့်ကြံသည်

မြွေ့ရန်စွန်ရဲ တကောင်နှင့်



လက်ဖျံကြောထောင် လည်ကြောထောင်လျက်

မျက်မှောင်ကိုကြုတ် အားအန်ထုတ်၍

ချုံဖုတ်ကိုကွယ် လေးဖြင့်ရွယ်ကာ

မိုးလယ်ပျံဝဲ ငှက်စွန်ရဲကို

မြှားစွဲနိုင်ရန် အသင့်ကြံသည်

ငှက်ရန်မုဆိုး တယောက်နှင့် ။



ထိုမြင်ကွင်းကို ရုတ်ချည်းခဏ

ဘေးမှမြင်သူ တဦးလူးကား

မြင်မူချက်ချင်း အံ့သြခြင်းဖြင့်

ရုတ်ချဉ်းမျက်စိ မှိတ်လိုက်မိစဉ်

ပတ်ဝန်းကျင်ဝယ် နာကျင်သံတို့

…….. လွှမ်းလေ၏ ။ ………



အနှိုင်း

အမှတ်ရခြင်း ကြေးမုံ

အံကြိုတ်ထားတဲ့ သွား ( ၁၃ ) ချောင်းနဲ့ သူတို့ပါစပ်က

အချစ်ဘာသာ ဗေဒ ။

ဝတ်လစ်စလစ် လောဘ အသွေးအသား

မင်းတို့ရဲ့ တောင်းတခြင်းနဲ့ အားလျှော့ခြင်းကို

တဖျက်ဖျက် ရိုက်နှက်နေတဲ့

ပါးရိုးငေါငေါ မချိသွားဖြဲအပြုံး ။





ကြောင်ရဲ့ အသက်ရှူမှုလို ချဉ်သိုးနေတဲ့

မင်းရဲ့ မလတ်ဆက်တဲ့ အချစ်အသက်ရှူမှု

အနုပညာမဆန်တဲ့ လျှာ ။





မွဲခြောက်ခြောက် ငေးကြောင်ကြောင်

မလိမ်ပါဘူး ခက်ထရော်တဲ့ အရေပြားနဲ့ အရိုး

သူတို့ရဲ့ အနမ်းများနဲ့

ကျိချွဲချွဲ နှုတ်ခမ်းများ စွန့်ခွာသွားကြပြီ ။

ပါးစပ်ကိုကြည့်ပြီး သူမကို

ဘယ်သူကမှ ရွေးချယ်မှာ မဟုတ်ဘူး ။





အလွန်အကျွံ ငတ်မွတ်နေတဲ့သူသာ ဒီအချိန်ကို

လက်မလွှတ်မှာ ။

သူကသာ မင်းရဲ့ အသည်းနှလုံး

ငန်ညိညိသွေးနဲ့

မျက်ရည်သီးတွေကို ခူးဆွတ်လိမ့်မယ် ။

ခူးဆွတ်ပြီး အလောတကြီး ၀ါးမျိုလိမ့်မယ် ။



အနှိုင်း

မသိခြင်း တံခါးချပ် သို့ ကျမ

အနှေးအမြန်မသေချာသော နေ့စွဲတွေနဲ့အတူ လိုက်၍ကြွေလာသော သစ်ရွက်ကလေးတွေ
တံခါးချပ်ရဲ့ ဘေးမှာစုပုံနေပြန်ပြီ ။အဝါရောင်တချို့ နဲ့ ..အစိမ်းနုရောင်တချို့ ။ဘူတာရုံဆီမှ
ရထားဥသြသံ အဆုံးမှာ နံရံပေါ်က ကျမ၏ပုံရိပ် စီးကရက် မီးခိုးတန်းတွေထဲ စိမ့်ဝင်ကူးစက်သွား...
ကျမနဲ့ မသိခြင်းတွေ ပိုပြီးနီးကပ်လာသည် ။တခါတခါ အဲ့ဒီမသိခြင်းတွေကြောင့် မနက်ဖန်တွေက
မသိမသာ ပိုလှလာတတ်တယ် ။ တခါတခါ အဲ့မသိခြင်းတွေကြောင့်ပဲ မနက်ဖန်တွေကို သိသိ
သာသာကြီးမျှော်လင့်ရေတွက်နိုင်တယ် ။တခါတခါ အဲ့ဒီမသိခြင်းတွေကြောင့်ပဲ ခြောက်ခြား
စရာမနက်ဖန်ဆိုတာတွေကို မသိချင်ယောင်ဆောင်ပြီး အေးခဲနေတဲ့ လက်ဖဝါးတွေ ခပ်ဖွဖွ
ဆုတ်ဖွတ်ပြီး ကဗျာတွေ အရွတ်မပျက် ရှင်သန်နေထိုင်ခဲ့ရတာပဲ မဟုတ်လား.........။

အဲ့ဒီလိုအေးစိမ့်စိမ့် သောကြာနေ့ ညနေခင်းတွေက ကျမကျောပေါ်ခုန်ခုန်တက်လာပြီး
မကြာခဏ တံခါးလာလာခေါက် တက်သေးသည် ။ မဟုတ်သေးပါဘူး ။ ဒါဟာ နွေရာသီစစ်စစ်ပါ ။
တကယ်ဆို ဒီလိုအချိန်မျိုးမှာ အလင်းယိုင်ဖို့ဆိုတာ သိပ်ကိုစောလွန်းတယ် ။ ကျမတို့အားလုံး
အိမ်ပြန်ချင်လှပြီ ။ကျမ လက်သီးဆုတ်တွေ ခပ်ဖွဖွဖြေ ချ လိုက်သောအခါ မဖြစ်စလောက်သုံးမြှောင့်
ဖန်တုံးလေးကလေး တစစီကွဲကြေသွားသည် ။ စနေနေ့ အစောပိုင်းဆီမှ သက်တန့်ရောင်
အပိုင်းအစ တွေကို ကျမ မချစ်တတ်ပါ ။

ရှိပါစေတော့ ။
တံခါးချပ်ရှေ့က ညနေခင်းတခုစာ ခြေသံတွေကို ကျမပြန်ခေါက်သိမ်းလိုက်ရုံပါပဲ ။
ရှိပါစေတော့ ။
ခေါက်သိမ်းလို့မရတဲ့ ခြေရာတွေဆိုတာက ။
ရှိပါစေတော့ ။
သံတူးကြောင်းကွဲ ခရမ်းဖျော့ရောင်ဒီညနေခင်းမျိုးမှာ ။

အဲ့ဒီတံခါးကို ကျမချစ်တယ် ။ အဲ့ဒီ့တံခါးကို ကျမကြောက်တယ် ။ အဲ့ဒီတံခါးမှာ ကျမနဲ့ကျမရဲ့
စိတ်ဝမ်းကွဲမှုတွေရှိတယ် ။ အဲ့ဒီ တံခါးကိုကျမရဲ့ ဝိရောဓိတွေနဲ့ တင်းတင်းစေ့ထားခဲ့ရတာ ။အဲ့ဒီတံခါးကို
ပိတ်ပစ်လိုက်ချင်တယ် ။ အဲ့ဒီတံခါးကို ကျမဖွင့်လိုရောရနိုင်မလား ။ အဲ့ဒီတံခါးက ကျမနဲ့ကျမရဲ့
ပြီးပြည့်စုံခဲ့ပြီးသော အရာအားလုံးကို ဆွဲဖွင့်သွားခဲ့တာ ။

တောင်ကုန်းကလေးအဆုံးဆီက တလွင့်လွင့် အူတက်လာသော မီးခိုးငွေ့တွေက ကျမရဲ့ညတွေကို
ရင်းနှီးကျွမ်းဝင်လိုစိတ်နဲ့ ခဏခဏလာ ဆေးရောင်ခြယ်တတ်တဲ့ အရောင်လှလှ အိမ်မက်ကလေးတွေ ။
တရေးနိုးထကြည့်လိုက်တဲ့အခါတိုင်းမှာတော့ ကြယ်ရိပ်ကလေးတွေက ဘာမှ မသိသလို ကျမ
အိပ်ရာနဘေး ပြတင်းပေါက်မှန်ချပ်တွေပေါ် တဖွဲဖွဲ တလက်လက် စည်းချက်ညီညီ ကြွေကျနေတတ့်မြဲ ။
ရာသီအပြောင်းအလဲမှာ သက်ပြင်းရှိုက်သံတွေက ပိုပြီး စိတ်စိတ်လာသလိုပဲ ။

နှစ်ရှည်လများ အကျွမ်းတဝင်နေထိုင်လျှင် တမြည့်မြည့် ကျွမ်းလောင်စေတတ်သော အရာကို
သံယောဇဉ်ဟုခေါ်သည်

တစုံတဦး၏ ကျမနာမည် အော်ခေါ်သံကြားလိုက်သော်လည်း ပြန်ထူးပစ်လိုက်ဖို့ဆိုတာက သိပ်ကို
ဝေးသွားပြီ ။ မြူတွေဆိုင်းနေသော ခုလိုညနေခင်းမျိုးမှာ အလင်းတစက်စာကလေးကိုငတ်မွတ်ဆာလောင်
နေသူတွေရှိတယ် ။ညနေခင်း၇ဲ့ ကြေကြေကွဲကွဲ ဟစ်အော်သံတွေ ပဲ့တင်ထပ်လာသည်။
ဆွံ့အတိတ်ဆိတ် ဟန်ဆောင်နေတဲ့ ကောင်းကင်ကြီးကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ထားဆဲ ။
ဘုရားရေ..........အဲ့ဒါကျမရဲ့............♥♥♥♥♥♥♥♥

နှစ်ရှည်လများ အကျွမ်းတဝင်နေထိုင်လျှင် တမြည့်မြည့် ကျွမ်းလောင်စေတတ်သော အရာကို
သံယောဇဉ်ဟုခေါ်သည် ။ ။

ဆက်လက်စောင့်မျှော်ပါ

လတ်

Saturday, October 3, 2009

ချစ် သူ ကြား စေ

မင်း ရဲ့  ချော့ မြူ တဲ့ တေး သံ

ဒီ ရင် မှာ ရိုက် ခတ် လာ တော့

ပျော် မိ တယ် ချစ် သူ ရာယ်

မင်း ရဲ့  ငြို ငြင် တဲ့ စ ကား သံ

နား စည် ကို တိုး ဝင် လာ တော့

ခံ စား ရ ပြန် တယ် ချစ် သူ

မင်း ပျောက် နေ တဲ့ စက္ကန့် တိုင်း မှာ

အ လွမ်း တွေ ရင် ထဲ ရောက် လာ တော့

မျှော် နေ မိ တယ် ချစ် သူ ရာယ်

ချစ် သူ က မ ငို ရ လို့ ပြော တော့

မ ငို တက် အောင် လည်း သင် ခဲ့ မိ တယ်

ချစ် လိုက်

ကြည် နှုး လိုက်

ခံ စား လိုက်

လွမ်းလိုက်

မျှော် လိုက်

နဲ့

ချစ် သူ ရယ်

ဒီ လို နဲ့ အ ချိန် တွေ အ မြန် ကုန် ပါ တော့ လို့

ပြန် ဆုံ ချင် ပြီ ကွယ် နော်

ချစ် သူ . . .

ကြား ပါ စေ


အဝေးတနေရာမှ..........လတ်.........

ယုံ နေ

ဘ ဝ ရဲ့  ပင် လယ် မှာ

မုန် တိုင်း တွေ ကျ ချိန်

ကယ် သူ ဝေး လို့

အ ဖော် တွေ စွန့် သွား ချိန်

ထို အ ချိန် တွေ မှာ...

အား မ ငယ် နေ ပါ နဲ့

မုန် တိုင်း ပြီး ဆုံး သွား ရင်

လေ ပြေ ညှင်း ဆို တဲ့

တိုက် ခိုက် တဲ့ အ ချိန် လေး

ရှိ နေ အုံး မှာ ပါ......

ဘ ဝ ဆို တဲ့ အ ချိုး အ ကွေ့

နေ ရာ တိုင်း မှာ...

တ ခ ဏ ဆို တဲ့ အ ခက် အ ခဲ

ကြုံ တွေ့ ခဲ့ ရ ကျ တာ

အ စဉ် တော့ မ ဟုတ် ခဲ့ ပါ ဘူး

ခက် ခဲ ခြင်း ရဲ့  နောက် ကွယ် မှာ

ပြေ လည် ခြင်း တွေ စောင့် နေ ပါ တယ်

မျက် ရည် မိုး တွေ ရွာ နေ ချိန် မှာ

ရင် ဘက် က မိုး ကြိုး တွေ ပစ်

နှ လုံး သား က တ ဖျက် ဖျက်

လျှပ် စီး တွေ လက် နေ ခဲ့ လည်း

ဝုန်း ဒိုင်း ကျဲ သံ.........

ချုပ် ငြိမ်း သွားခဲ့ ရင်

သာ ယာ ငြိမ့် ညောင် တဲ့

သံ စဉ် တေး ရင် ခုန် သံ တွေ

အ သစ် တဖန် ဖြစ် ပေါ် လာ မှာ ပါ

ချော့ တေး သံ စဉ် လေး

ရင် မှာ ကြား ရ ဖို့

ထို့ နေ့ လေး ကို

အား တင်း လို့ စောင့် နေ တယ် နော် ချစ် သူ.......

လတ်