သိရဲ့ လားမိကြယ်ဖြူ.....
ငါ့ ရဲ့ စကြာဝဋ္ဌာမျက်ခမ်းစပ်မှာ
နင့် ရဲ့ မှုန်ပြပြအလင်းနဲ့ ထွန်းညှိ
နင်ဟာ ငါ့ ရဲ့ အဆုံးစွန်သော..အလင်္ကာတေးတစ်ပုဒ်ဖြစ်တယ်...
နင်သိမှသိပါလေစ.....
ဖျတ်ခနဲ နင့်မျက်ဝန်းမှာ.. ငါဘယ်လိုမှမီးထွန်းရှာမရတဲ့ ...
ပဟေဋ္ဌိပေါင်းများစွာ..ရစ်ဖွဲ့ နှောင်တွဲ့ ...
ငါ့ ရင်ဟာ.. နင့် အသံနဲ့ တုန်ခါခဲ့ နေတယ်
မပြောခင်ကတည်းကသိနေပြီးသား
မဆွတ်ခင်ကတည်းက ညွှတ်နေပြီးသား
မကြွေခင်ကတည်းက ကြွေနေပြီးဖြစ်တဲ့
ကြယ်စင်တစ်ပွင့်ပါ..
နှလုံးသားက တံခါးကို ခပ်ဖြည်းဖြည်း ၀င်ခေါက်ပြီး...
ခပ်ပြေးပြေး ထွက်ခွာသွားပြီးနောက်
နင့် အလင်းတန်းတွေကျန်ရစ်...
ငါ့နှလုံးသွေးတွေနဲ့..လှိုက်လှိုက်မော....
တုန်ခါ.....နေတဲ့ အသံ...
နှုတ်ခမ်းဝမှာ .....တိုး.........တိတ်......ဆွံ့.....အ..လို့
ငါဟာ တစ်ကယ်တော့ နင့် အတွက်ကြယ်မှုန်ကြယ်မွှားလေးပါ
နင့် ထံမှအလင်းဟာ
ဘယ်လို မှခွင်းမရတဲ့ အမှောင်နက်နက်မှာ
အရောင်တွေ လက်လို့ ပေါ့ 
သိရဲ့ လားမိကြယ်ဖြူ
ငါ့ ရင်နဲ့ ရေးတဲ့ တေးဟာ နင့် အတွက်ဖြစ်လေရဲ့ 
နင့် ရဲ့ အလှနဲ့ ငါ့ ညဟာ
အနက်ရောင်ကတ္တီပါထဲ မှာ လက်ခမောင်းခတ်
နင်ဟာ ငါ့ အတွက်...ဘာနဲ့ မှမှတ်မရတဲ့ 
အက္ခရာ တစ်လုံးဖြစ်လေရဲ့ 
အမှောင်နက်တွေထဲမှာ ခွင်း မရတဲ့ အလင်းဆိုပေမဲ့
ငါကိုယ်တိုင် ဖန်တီး ယူထားလို့ မရနိုင်တဲ့အလင်းရောင်လေးပါ
ရင်ခွင်က တေး...နှလုံးသွေးတွေနဲ့အတူ စီးမျောရင်း ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုရော
နင် မသိလေရော့ သလား....
အလှနဲ့ ည
ညနဲ့အလှ...
ယှဉ်တွဲတည်ရှိနေတတ်တဲ့အရာတွေပဲ...
အဲ့ဒီ အလှ ...
အဲ့ဒီည..တွေမှာ....
လွင့်မျောနေမိတဲ့သူသာလျှင်..အပြစ်ရှိတယ်ထင်ပါ့...
နင်အတွက် ငါ...ဆိုတဲ့ကြယ်တစ်ပွင့်...ဘာမှ မှတ်မရတဲ့ အက္ခရာပေါ့..
ငါ့အတွက်တော့ နင်ကိုယ်တိုင်ကသာ
နှလုံးသားမှတ်တိုင်မှာ ဖျက်မရတဲ့ အက္ခရာ....
မကြွေပါနဲ့ မိကြယ်ဖြူ
ငါ့ ရဲ့ ခြောက်သွေ့ ကွဲအက်တဲ့ နေ့ ရက်တွေကို
ငါနောက်တစ်ခါပြန်မမြင်မက်ချင်တော့ ဘူး
နင့် လက်ရယ် ငါ့ လက်ရယ်
နင့် အိမ်မက်ရယ် ငါ့ အိမ်မက်ရယ်
အားလုံးပြည့် စုံပြီကွယ်
နင်ရယ်ငါရယ် မိုင်တိုင်တွေများစွာကိုဖြတ်လျှောက်ကြမယ်
ပန်းမြို့ တော်မှာ တစ်ရေးအိပ်စက်ကြမယ်
နှင်းတွေပွင့် တဲ့ သောကြာနေ့ တွေမှာ
ခရေပန်းတွေကောက်ကြမယ်
ငါ တို့ နှစ်ယောက်ရဲ့ မနက်တွေမှာ
ရွှေအိုရောင်တွေဖြန်းပက်လို့ ...ခရမ်းရောင်အိမ်မက်တွေကို
အပြီးတိုင် ...သတ်ပစ်လိုက်ကြမယ်ကွယ်
အားမငယ်ပါဘူး...
နင့်လက်တွေကို ဆုပ်ကိုင်တိုင်း..
စိတ်မပျက်မိဘူး...
ငါတို့ နာကျင်မှုတွေကြုံတိုင်း...
ငါဆိုတဲ့ ကြယ်ဖြူ.....အလင်းရောင်တွေ မဲ့ပါစေ..
နင် ..ဘေးနားမှာ ရှိချိန်ခဏ...
ထာဝရ အလင်းရောင်တွေကို ငါရရှိနေမှာပါ..
ဘယ်သူတွေ ဘယ်လိုတိုက်ခိုက်မလဲ
နင့်လက်ကိုဆုပ်ကိုင်လို့...နင်ခေါ်မဲ့ ပန်းမြို့တော်မှာ
နင်နဲ့ အတူ...ပျော်မြူးပါရစေ...
နှင်းပွင့်ဝေနေတဲ့ နံနက်ခင်းတွေတိုင်းမှာ နင်ရှိနေသလို...
မြူနှင်းတွေဝေနေတဲ့ ဒီဇင်ဘာဆောင်းညတွေမှာလည်း
နင့်ဘေးမှာ လင်းလက်နေခွင့်တော့ ပေး.......
မနက်ဖြန်တိုင်း ရွှေအိုရောင်မတောက်ပနိုင်တော့ရင်လည်း...
နင့်ဘေးနားမှာ ရှိနေပါရစေ...
ငါတို့တွဲခဲ့တဲ့လက် ထာဝရအထိခိုင်မြဲနေပါရစေ...
ငါ....ကြယ်ဖြူ တစ်ပွင့် နင့် အတွက် အမြဲ လင်းလက်တောက်ပနေမယ်ဆိုတာ နင်ယုံ..
ဘယ်တော့မှ မှေးမှိန်ခြင်းတွေ မရှိတဲ့ အလင်းရောင်နဲ့ပေါ့..
ကမ္ဘာဆုံးတိုင်...တွဲလက်မဖြုတ်မစမ်း...
နင်နဲ့...ငါနဲ့................................။ ။
ရင်ခွင်ရှိန်း + ထာဝရကြယ်ဖြူ
၂၀ - ၁ - ၂၀၁၀