Tuesday, September 28, 2010

သိမ်းမယ်

အထပ်ထပ်ကြဲချခြေရာများ
နှလုံးသားပေါ်မြတ်နိုးစွာ
သိမ်းမယ်။
ဘာကြောင့်ပစ်ပစ်ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေအားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။
မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့မင်းနှုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။
ရင်ခုန်သံတွေအပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။
အထပ်ထပ်ဝါးထားတဲ့
မင်းပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။
တွေ့လိုက်တာနဲ့ချာခနဲ လှည့်အထွက်
အင်္ကျီကြားက မင်းခါးသားလေး
ဝင်းမွတ်စွာ သိမ်းမယ်။
မင်းချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှူးပေါ်က အနံ့လေး
အိပ်ကပ်ထဲမှာ အမြဲသိမ်းမယ်။
အမြဲမလစ်လပ်တဲ့ မင်းနှလုံးသား
လပ်ရဲလပ်ကြည့်အတွေးနဲ့
သိမ်းမယ်။
အရမ်းခံစားပြီး ရေးထားတဲ့ကဗျာလေးပေးဖတ်လိုက်တဲ့
အခါအစိတ်စိတ်အမွှာအမွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့မင်းအသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။
ရည်းစားတစ်ယောက်က တစ်ယောက်အကူး
ထွက်ကျသွားတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။
နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး
မင်းသိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။
ရည်းစားဘ၀ စိတ်ကောက်ရင်ရာထူးတက်တယ်တဲ့
ရည်းစားမဟုတ်သေးပေမယ့်မင်းစိတ်ကောက်နေတာလေး
စိတ်နဲ့ သိမ်းမယ်။
မတွေ့မမြင်တာကြာလို့ မေးတဲ့အခါဖျားနေတာ
အဖျားတွေ တသက်လုံးသိမ်းပါလား တဲ့
တုံ့ပြန်စကားလုံးများအိမ်မက်ထဲမှာ သိမ်းမယ်။
ရိုက်တော့မယ်လို့မာန်စောင်နေတဲ့
မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်။

အချစ်တစ်ခုတည်းနဲ့သာလိမ်းခြယ်ထားမိတဲ့
ဘ၀လေးကျားသစ်လက်
ငါးမန်းပါးစပ်နဲ့တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ
မင်း ...ပြန်မအမ်းတော့ဘူးလားဟင်
သိမ်းချင်လို့ပါ
သိမ်းမယ်။ ။


စံပယ် ရဲ့ မောင်


Wednesday, September 22, 2010

ပြန်လှည့်မကြည့် ကြေး



ချစ်တယ်...ချစ်သူရယ်
မင်းကိုချစ်ရတဲ့ အနမ်းတပွင့်ဟာ
ပျားရည်ထက် ချိုသလို
မင်းကို လွမ်းတဲ့ အလွမ်းတစက် က
တမာထက်ပိုခါးလွန်း ပါတယ်ကွယ်

ချစ်ရက်လေးတွေ
ပြန်ေ၇တွက်လို့ ရင်ခုန်ကြည်နှုးရသလို
လွမ်းရက်တွေကလည်း
ကမ္ဘာ ချီတယ်လို့တောင် ခံစားနေရပါတယ်ကွယ်

မျှော်လင့်ထားတဲ့
တူနှစ်ကိုယ်တိုင်းပြည်လေးသာ
တည်ဆောက်နိုင်ခဲ့မယ်ဆိုရင်
လောကကြီးထဲမှာ အပျော်ဆုံး
အလှဆင်နိုင်ခဲ့တဲ့ ချစ်သူတွေပေါ့ကွယ်

ခုတော့........
လောကနိယာမ အတိုင်းဆန့်ကျင့်ဘက်တရားကြီးက
ကြီးစိုးထားခဲ့တော့ ဘယ်လိုမှ မလွန်ဆန်နိုင်ဘူးကွယ်
ချစ်လျက်နဲ့ဝေး လွမ်းတသက်နဲ့ ဆွေးနေခဲ့ရပြီပေါ့

နောက်ဆုံးတော့.......
ကံစီမံ ရာကဘဲ အဆုံးသတ်ပေးခဲ့လေသလားမသိပါဘူး
လွမ်းရင်းနဲ့ဝေးခဲ့ကျတာ ကျောခိုင်းနေမိရက် ဖြစ်နေပြီ
သူ့လမ်းသူရှောက် ကိုယ့်လမ်းကိုယ်ရှောက်နဲ့ ဝေးခဲ့တာ
ခုဆို ကမ္ဘာတဖက်စွန်းဆီကို ရောက်နေခဲ့ကျပြီလေ

ချစ်သူ.........
မင်းနဲ့ ကိုယ်ရဲ့ ရှောက်ခဲ့တဲ့လမ်းအတိုင်း
ပြန်လှည့်မကြည့် ကြေးနော်...........


မောင် ရဲ့ စံပယ်

Sunday, September 12, 2010

ကြွေကွဲအိမ်



ဘဝမှာ...
ချိုမြိန်တဲ့ နာကျင်မှုတွေ ရှိမှ
လှပတဲ့ ကဗျာ ဆိုတာ ပေါက်ဖွား လာတက်တယ် ဆိုရင်ပေါ့
ငါ့ ရဲ့ မဖြစ်နိုင်တဲ့ ချဉ်ခြင်းတပ်မှုတွေ အားလုံးဟာ
နင် မမြင်နိုင်တဲ့ ကမ္ဘာ တဖက်စွန်း ဆီမှာ
နှစ်ပေါင်းများစွာ......

နင်ပြောသလိုဆိုရင်
ငါဟာ ဖိနပ်မပါဘဲ လမ်းလျှောက်နေခဲ့ရသူလား

ချစ်ခြင်းတွေနဲ့
ပြီးတော့.........
နင့်အတွက် ပျော်ရွှင်ခြင်းတွေ
စိုက်ပျိုးပေးခဲ့ဖူးတဲ့ ဥယျာဉ်မှာ
ငါ့ နှလုံးသားတွေ ပွန်းပဲ့ သွေးစို့တဲ့အထိ
ဂရုတစိုက် ပြုစုယုယခဲ့တာ
လူသားပီသစွာနဲ့ပါ.........

ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတဲ့
ရှေ့ လူအများပြောတဲ့ စကားမျိုးကိုလည်း
ငါ နဲ့အဝေးဆုံးမှာထားရစ်နိုင်ခဲ့ပါပြီ

ဒါနဲ့များဟာ
ငါ့ဘဝထဲက ကြယ်စင်တွေဟာ
ဘာကြောင့်များ မပြောမဆို ထွက်သွားကြရတာလည်း ဟင်...

ပြတင်း တံခါးတွေ ဖွင့်ထားပါလျက်နဲ့
ကျေးငှက်တို့ရဲ့ သာယာတဲ့တေးသံတွေ
ပီပြင်စွာ ကြားခွင့်မရတဲ့ အရပ်မှာ
ငါ...ငါ တကယ်ပဲ နေ....နေ ရပါတယ်....။

မောင် ရဲ့ စံပယ်