ထာဝရဦးညွှတ်ပါတယ် အမေ
အမေ့ဂုဏ်ရည် အထူးထူးကို
အပြည့်အ၀ဖော်ကျူးဖို့
ဒီနေ့အထိ ဘယ်သူမှ
ဥာဏ်မကွန့် မြူးနိုင်သေးတာ
အားလုံးတခဲနက် လက်ခံလျက်ပဲ.....။
အမေလို့ လျှာဖျားလေးနဲ့
မြည်းတမ်းလိုက်ရင်တောင်
လှိုက်လှိုက်တက်လာတဲ့
ရင်ထဲကကြည်နှုးမှု
အမေ့မေတ္တာကြောင့်ဆိုတာ
ဘယ်သူမှ မငြင်းဝံ့ဘူး အမေ.....။
ခေတ်အဆက်ဆက်က
သူရဲကောင်းတွေထက်
မြင့်မြတ်သူတွေဆိုတာ
အမေဆိုတဲ့ အမည်နာမ
သမုတ်ခံရသူတွေသာ ဖြစ်ရဲ့....။
အသက်ကိုအရင်းထား
စွန့်စားရဲ့တဲ့ အမေ့အတွက်
သားသမီးတိုင်း
ပြန်ရဲရင့်ခွင့်ရှိသင့်တာပေါ့
ပြန်ရဲရင့်သင့်တာပေါ့........။
သားတော့
အမေ့အတွက်နဲ့ဆို
တလောကလုံးနဲ့ တစ်ယောက်
အန်တုပြီးရန်ပြုရဲတယ်အမေ.........။
စံပယ် ရဲ့ မောင် (9.5.2010)
No comments:
Post a Comment