Wednesday, December 1, 2010

နယ်နမိတ်



ခေါင်းကိုငုံလျက်၊ အနေခက်လျှင်

အရှက်ပြေလေး ပြုံးသူခင်။
ပြုံးတော့ တစ်သွယ်၊ ရယ်တော့ ခစ်ခစ်
စံပယ်နှစ်လို၊ အပြစ်မစက်
မောင့်ညိုညက်လျှင်
သွားကလေးပေါ်လာမြဲ။
ဘယ်လောက်ဝေးဝေး
အတွေးထဲမှာ
ရင်ထဲမှာလေ
ဝေဒနာကောင်းကင်
ဝေဒနာပင်လယ်
ဒီထက်ကျယ်လို့
ချစ်သူ မင်း ဘယ်မှာပုန်းနိုင်မလဲ.................။


လင်းလက်သူ


No comments:

Post a Comment