Sunday, May 29, 2011

မောင်သိပါစေ

မောင့် ကိုလွမ်းမိတဲ့

စတ္တဇနဲ့ အိပ်မရတဲ့ညတွေ

များခဲ့ပြီကွယ်။

သံယောဇဉ် အကြည့်နဲ့

နူတ်ခမ်းပါးရဲ့ အပြုံး

တစ်သက်လုံးအဆုံးရှုံး မခံနိုင်ဘူး

စံပယ့် ဘ၀အတွက် မျှော်လင့်ချက်

သံယောဇဉ်နဲ့ တွယ်တာမှု

အချစ်နဲ့ မေတ္တာ

ပေါင်းစပ်ကာ ပျော်ရွှင်

တော်ဝင် ဇနီးမောင်နှံဖြစ်ဖို့

ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ

ဲစွဲစွဲလမ်းလမ်း နဲ့ အသည်းကျွမ်းအောင်ဘဲ

ချစ်ခဲ့မိတယ်

ဘယ်လောက်အထိ ပေါက်ပေါက် ရှာရှာ

ချစ်ခဲ့မိသလဲ ဆိုရင် မောင့် မျက်နှာပေါ်က

အမွှေးရေးရေး ကလေးအထိ သတိတရ

ချစ်ခဲ့မိတယ်။

မောင် ရယ် မူယာပိုမနေပါဘူး

လူတကာနဲ့ ယှဉ်ကြည့်တော့

ခံစားချက်ကို အရင်းတည်

ကြည့်တတ်ရင်ဖြင့် မြင်ပါလိမ့်မယ်

မောင့် အသွင်က ပန်းချီကားတစ်ချပ်ပမာ.......။

စံပယ့်အတွက်တော့

မောင် ကလွဲရင် ကျန်တာအားလုံး

ဖွဲနဲ့စကွဲ.........။

တစ်ကယ်လို့ ဒီဘဝ

မောင် နဲ့ကံ မဆုံလို့ ပေါင်းခွင့်မရခဲ့ရင်

ဒီအတိုင် နေပါရစေ အထီကျန်ဘ၀နဲ့

ဒီအတိုင်းပဲ သေပါရစေ.......................။။။။။


မောင့် ရဲ့ စံပယ်

No comments:

Post a Comment