Monday, September 28, 2009

စံပယ် ဆန္ဒ

စံ ပယ် တ ပွင့်
ဖြူ စင် လင့် လျှင်
ကြင် သူ များ စွာ
ဝန်း ရံ ကာ နှင့်
ရောင် စုံ ဆေး ခြယ်
အ ဖြူ ပြယ် အောင်
မ ခြယ် ပါ နှင့်
တောင်း ပန် ပါ သည်
ရင် နှစ် ချီ ။

လန်း ဆန်း ဝေ ဆာ
ပွင့် နေ ရှာ သည်
စံ ပယ် လေး ကို
မြင် သူ တ ကာ
တို့ ထိ ကာ နှင့်
ခြွေ မွ ချင် စိတ်
စိုး သည့် စိတ် မျှ
မ ရှိ ပါ နှင့်
တောင်း ပန် ပါ သည်
ရင် နှစ် ချီ ။

နွမ်း နေ လည်း မွှေး
ရင် ထဲ အေး မို့
ခင် သူ များ စွာ
အေး မြ စေ ရန်
မေ တ္တာ ရှေ့  ထား
စေ တ နာ ပွား ၍
ရန် စ များ စွာ
ငြိမ်း အေး စေ ကြောင်း
တောင်း ပန် ပါ သည်
ရင် နှစ် ချီ ။


လတ်

No comments:

Post a Comment