Friday, February 26, 2010

နေကြာပန်းပွင့်လေးထဲက ပန်းသီးတလုံး



မနေ့ က အိပ်မက်လှေထဲမှာ
မျောနေတုန်း....
ပြတင်းပေါက်တံခါးလေးကြားကနေ အတင်းဖောက်ထွက်လာတဲ့
အလင်းလေးတခု မျက်စိထဲမှာ
စူးတူးတူးဖြစ်စေတယ်.........
လက်ရှိဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်(စ်)ပိုးတွေထဲမှာ
အဆိုးဆုံးပိုးတွေ (ငါ့)ကိုယ်မှာ
ကပ်တွယ်လို့ လိုက်ပါလာပါလား
ချဉ်စော်နံနေတဲ့ထမင်းတခွက်ကို
(ငါ)တမ်းတမက်မောမိတာအမှန်ပါ....
သေလို့ ကောင်းတဲ့ ကြမ်းပြင်ထက်က
ပိတ်ဖြူလွှာလေးတချပ်ပေါ်မှာ
မောဟဒေါသလေးတွေ ဖြေလျော့ပျောက်ကွယ်ဖို့ 
(ငါ)အိပ်သင့်ပြီ....
ရောက်ရှိနေတဲ့ကမ္ဘာက အဆုံးမသတ်နိုင်တဲ့
ဘုံဗိမ္မာန်....
မေမေပြောတဲ့ ငယ်ငယ်ကပုံပြင်လေးတပုဒ်
(ငါ)ခုချိန်မှာ ပြန်နားထောင်ချင်မိတာအမှန်ပါ
လူငယ်လူရွယ်ဖြစ်ပေါ်တက်တဲ့
နှလုံးသားရေးရာမှာ ဗျုဟာမခင်းနိုင်ဘဲ
အရှုံးလက်မဲ့နဲ့  ကျွေးကျွန်ဘ၀ကို
(ငါ)ရောက်ရှိလာခဲ့တယ်....
ဆူးလေမှတ်တိုင်အလွန် ညတွေမှာ
ပုတီးစိတ်ပြီး တရားထိုင်မယ်ဆို
(ငါ့)စိတ်တွေယောက်ယက်ခက်စွာနဲ့  မိုးသားနတ်မင်းကြီးကို
မှတ်ကျောက်တိုင်ခင်းမှာ .....(အမှန်ပါ)
ဝါးနေတဲ့ကွမ်းတယာ....
( 92 )ဖာလာ ထုံး ကွမ်းသီးရောထားပေမယ့်
ဝါးနေတဲ့ ပါးစပ်ထဲမှာ ပေါက်ကျန်စေတာ
ထုံးအရသာတခု ကြောင့် (ငါ) နှစ်ခြိုက်မိနေတာလေ.....
တခါတလေဆို
ခပ်နွမ်းနွမ်းအင်္ကျီလေးထဲက " ဘ၀ " ဆိုတာလေးကို
ဖက္တြယ္လို ့ တနလာၤေထာင့္မွာ
ဆုတောင်းနေမိတာ (ငါ)မသိပါလား....
ဇာတ်ဆရာအလိုကျ က နေတဲ့
ပြဇာတ်တပုဒ်မှာ လူကြမ်းမင်းသားလုပ်ဖို့ အတွက်
ဖတ်လိုက်ရတဲ့ ဇာတ်ကြမ်းစာအုပ်တွေဖတ်ရလွန်းလို့ 
ဖ၀ါးနူနူမှာ သွေးချေလေးတွေဥရပြီပေါ့....
ဘာမှန်းမသိသေးတဲ့ အရွယ်တုန်းက
ဝတ်ခဲ့ရတဲ့ အင်္ကျီဖြူလေး
ခုချိန်မှာ လိုချင်တပ်မက်မိတာ (ငါ)မှားလား
(ငါ)သင်ခဲ့ရတဲ့ သချာင်္ပု စ္ဆာတိုင်းမှာ
အဖြေဆိုတာ ထွက်လာပေမယ့်
" ဘ၀ " ဆိုတဲ့ ပု စ္ဆာတပုဒ်မှာ အဖြေက (မှန်)လား (မှား)လားဆိုတာ
ငါမသိနိုင်ခဲ့ဘူး.......
ပါးပြင်ထက်မှာ စီးကရက်နံ့ တွေစွဲကျန်နေတဲ့
ပါးပြင်ကိုမှ နှစ်ခြိုက်မိသူ (အပြစ်)လို့ မဆိုနိုင်ဘူး
ဟိုးအဝေးမှာကြည့်စမ်း.....
သစ်ရွက်လေးတွေ လေထဲမှာဝဲလို့ .....
ကောင်းကင်ပေါ်က ဌက်လေးတွေလဲအိပ်တန်းပြန်လို့ 
လောကကြီးက သာယာလိုက်တာဗျာ....
နာရီလက်တံအဟောင်းတွေ ခုန်ဆွခုန်ဆွဖြစ်နေကြပြီ
တယောအိုတလက်နဲ့  သံသရာရထားကြီးကို
စီးနှင်းရင်းနဲ့  ကျောပြင်ထက်က
ပြက္ခဒိန်နေ့ ရက်တွေ အသက်ဝင်လာပြီပေါ့....
အိတ်ထဲမှာ ပိုလျှံနေတဲ့
မြူတွေ (ငါ့)အတွက်ချစ်သောမွေးဖွားခြင်းတွေကို
သယ်ဆောင်နိုင်ပါတယ်....................။


ဇေယျာ

ပြိတ္တာဘုံမှ ကျွန်မ



မြင့်မိုရ်တောင်ဦး မကကျူးသား"
အစချီလို့ သင်ခဲ့ဘူးတယ် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်
အစွန်းရောက် အလျှော့မပေးချင်သော လူသားနှစ်ဦး
မာနပြိုင်ပွဲမှာ ဓါးစာခံဖြစ်သွားတဲ့"ငါ"

ပူနေဆဲ ပါးနှစ်ဘက် အရာကျန်နေသေးတယ်
ငါရခဲ့တဲ့ အမွေမို့ မေ့လို့မရဘူး။
မကြားဝံ့ မနာသာ စကားစုထက်ထက်တွေက
ငါ့ဘဝရဲ့ ငြိမ့်ညောင်းဆုံး ချော့မြူသံတဲ့!!!!!

"ဆွေမျိုး"ဆိုတာလာမပြောနဲ့
ငါဦး(အုန်း)စားတယ်
အပင်လိမ်တွေများတဲ့ ပညတ်ချက်များ
မှတ်ထား "ငါ"ဆိုတာတကိုယ်တည်းသမား

အဆုံးမမြင်တဲ့ လမ်းကိုလျှောက်နေရင်း
နောက်ဆုံးဂိတ်ပေါက် လက်မှတ်ဖျောက်လိုက်ပြီ
ပြန်လှည့်ဖို့လမ်းမရှိတော့ဘူး

ဇွတ်ဆက်တိုးမယ် ငါ့အိမ်မက်လမ်း
မကူညီချင်နေပါ ကျေးဇူးပြု၍ မနှောင့်ယှက်ပါနဲ့
သာသာနာနာထိုးနေတဲ့ လေတိုးသံတွေ
ဟိုဘက်ကဝင် ဒီဘက်ကပြန်ထွက်သွားတယ်
ဆိုးပေလို့ထင်ရင် တောင်းပန်ပါတယ်

သံယောဇဉ်လဲ အမျှင်မတန်းတော့ဘူး
မုဒိတာလဲ မပွားနိုင်တော့ဘူး
ဥပေက္ခာနဲ့ သွားရတော့မယ်
ငါ့အတွက် ကျောက်စရစ်နဲ့လမ်း

လူရှေ့မှာ အားနဲ့ပြုံး
နောက်ကွယ်မှာ ရုန်းလို့မရတဲ့ အပြင်းစားအမုန်းတွေကြောင့်
ကိုယ့်ကိုကိုယ် သတိထားမိတယ်
သြော် ပြိတ္တာဘုံရောက်နေပါရော့လား

ကလောင်ထမ်းလို့ ဖွင့်ချမိတယ်
ငါမှားတယ်လို့ လုံးဝမထင်ဘူး
နောက်ဘဝဆိုတာရှိခဲ့ရင်
ချစ်ခြင်းတရားမှ ပေါက်ဖွားရပါလို၏။



(backy)

Sunday, February 14, 2010

သတိုးသား(လက်ထပ်ရန်မဟုတ်)




လွင်နေတဲ့အကြည့်အသိနောက်မှာပါလာတာက ညီမျှခြင်းအဘိဓာန်
တကယ်တော့....
ငါဟာ တာယာပါ
နီစွေတဲ့ ဖ၀ါးဖြူဖြူနဲ့ ရင်ခြင်းမအပ်သင့်သူပေါ့.....


ကပ်ငြိနေတဲ့ ရင်ထဲကဒဏ်ရာ
သွက်သွက်ခါအောင်နာဖူးလို့
ဂုဏ်ဒြပ်ဆိုတာ မခွဲပါဘူး လိုအပ်နေတာ ကြင်နာခြင်းစစ်စစ်
အဘိဓမ္မာတရားဆိုတာ ဘောင်ထဲက စာ...


မလိုအပ်ပါဘူး သာယာအောင်ပြောတတ်ဖို့
ကတ္တီပါလမ်းခင်းလို့ လူမြင်အောင် နုပြစရာ ငါ့အကန့်မှာ မပါပါဘူး
ထောင့်ဖြတ်တွေများတယ် တီးတိုးတောင့်တနေကြတဲ့ ရိုမန်းတစ်
ဖြစ်နိုင်ရင် စိတ်ကူးယဉ်သူများနဲ့ဝေးရာကို ခေါ်သွားချင်တယ်
ငါချစ်တာ ဖိုးသခွားလေးကိုပါ...........

ကန့်လန့်တိုက်ပါတ်လျှောက်လာတဲ့ ငါ့ရဲ့လမ်း
ကြီးကျယ်သောခန်းမဆောင်ကို ဦးတည်မထားဘူး
မင်းသာယာတဲ့လမ်းကို ဆူးရှင်းပေးယုံသက်သက်.....

အားမနာနဲ့ချစ်သူ ငါနားလည်တယ်
ပြောင်းလဲခြင်းနိယာမ
တကယ်ဆိုငါဟာ ကန္တာရက ညောင်ညိုပင်
မင်းအပြုံးလေးမြဲနေမယ်ဆို ဟောဒိရင်က
ပေးဆပ်မှုနဲ့ ရှင်သန်ချင်ဆဲ...............

သေချာပါတယ် စကားလုံးမလိုဘူး
ရင်ဘတ်ထဲက ကလီစာကိုနားလည်တယ်
တကယ်ဆိုနင်ဟာ ငါ့ရဲ့သတို့သား....................


(backy)

Friday, February 5, 2010

ချစ် သူ

မင်း သ ဘော နဲ့ မင်းတံ ခါး မ ခေါက် ဘဲ


ငါ့ ဘ ၀ ထဲ ကို

အ တင်း ၀င် ရောက် ခဲ့ ပြီး မှ

စည်း ဖောက် ထွက် ပြေး ဟို အ ဝေး ကို


ဖြူ စင် တဲ့ နှ လုံး သား

ဒဏ် ရာ များ စွာ နှင့် ထိတ် လန့် သွေး ပျက်ေ အး စ က် ခဲ့ ဖူး တ ယ်


>>> ချစ် သူ <<<

နှုတ် မ ဆက် ဘဲ

ရုတ် တ ရက် ထွက် ခွာရက် များ စွာ ကြာ ပြီး မှ


ပိတ် ထား တဲ့ တံ ခါး တွန်း ဖွင့် ဖို့ ကြိုး စား တ ကယ် ဆို တ ရား သ လား ဟင်


ဒဏ် ရာ များ နှင့် နှ လုံး သား

အ တေး အ မှတ် မထား ခဲ့ ပေ မယ့်


ခံ စား မှု အ သစ် နှင့်

အ ကြင် နာ အ စစ် ( ရင် မှာ )

ထပ် မ ဖြစ် နိုင် တော့ လို့ ရင် နာ စွာ နှင့် ငြင်း


ဒီ တစ် သက် လုံး `` ဟင့် အင်း ´´ ပဲ ကွယ်

ချစ်နန်း


ပြခန်းမတင်ဖြစ်ခဲ့သော နှလုံးသား တခု ရဲ့ လွမ်းချင်း



အမှတ်မထင် ဆုံခဲ့ရတဲ့ချစ်သူ

မင်းရဲ့ အကြည့်တချက်နဲ့အတူ

ချိုသာ အေးမြတဲ့ အသံချိုချိုလေးရယ်

စူးရှနက်ရှိုင်း ခဲ့တဲ့ စကားလုံးတွေကြောင့်

မခိုင့်တခိုင် ဖြစ်နေတဲ့ ငါ့နှလုံးသားက

ရင်ခုန်သံတချက်မှာ ယိုင်နွဲ့ လို့ပါခဲ့ပေါ့။။။။



ခဏတာ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာ

မင်းရဲ့ ယုယကြင်နာမှု့ တွေကြောင့်

ရစ်မှုးစွာ ဒီနှလုံးသားက

တိတ်တခိုး ချစ်ခဲ့ရသူပါကွယ်။။။။



သံယောဇဉ် အခြေမခိုင်သူမို့

အပေါ်ယံ စကားချို တွေနဲ့တော့

ဒဏ်ရာတွေ မပေးခဲ့ပါနဲ့လား။။။။



ဒါပေမယ့်............

မင်းပေးခဲ့တဲ့ ရင်ခုန်သံ လှုပ်ခက်ခြင်းတွေဟာ

ငါ့အတွက် အမှတ်တရ မို့

ရင်တခုလုံးကွဲကျေသွားပါစေ

မင်းအတွက်ရင်ခုန်ခြင်းတွေ အတွက်

မြတ်နိုးစွာထာဝရ

သိမ်းဆည်း ထာလိုက်ပါတော့မယ်

အဝေးတနေရာမှ..................ချစ်သူရယ်



လတ် ...... ၅-၂-၁၀