လွင်နေတဲ့အကြည့်အသိနောက်မှာပါလာတာက ညီမျှခြင်းအဘိဓာန်
တကယ်တော့....
ငါဟာ တာယာပါ
နီစွေတဲ့ ဖ၀ါးဖြူဖြူနဲ့ ရင်ခြင်းမအပ်သင့်သူပေါ့.....
ကပ်ငြိနေတဲ့ ရင်ထဲကဒဏ်ရာ
သွက်သွက်ခါအောင်နာဖူးလို့
ဂုဏ်ဒြပ်ဆိုတာ မခွဲပါဘူး လိုအပ်နေတာ ကြင်နာခြင်းစစ်စစ်
အဘိဓမ္မာတရားဆိုတာ ဘောင်ထဲက စာ...
မလိုအပ်ပါဘူး သာယာအောင်ပြောတတ်ဖို့
ကတ္တီပါလမ်းခင်းလို့ လူမြင်အောင် နုပြစရာ ငါ့အကန့်မှာ မပါပါဘူး
ထောင့်ဖြတ်တွေများတယ် တီးတိုးတောင့်တနေကြတဲ့ ရိုမန်းတစ်
ဖြစ်နိုင်ရင် စိတ်ကူးယဉ်သူများနဲ့ဝေးရာကို ခေါ်သွားချင်တယ်
ငါချစ်တာ ဖိုးသခွားလေးကိုပါ...........
ကန့်လန့်တိုက်ပါတ်လျှောက်လာတဲ့ ငါ့ရဲ့လမ်း
ကြီးကျယ်သောခန်းမဆောင်ကို ဦးတည်မထားဘူး
မင်းသာယာတဲ့လမ်းကို ဆူးရှင်းပေးယုံသက်သက်.....
အားမနာနဲ့ချစ်သူ ငါနားလည်တယ်
ပြောင်းလဲခြင်းနိယာမ
တကယ်ဆိုငါဟာ ကန္တာရက ညောင်ညိုပင်
မင်းအပြုံးလေးမြဲနေမယ်ဆို ဟောဒိရင်က
ပေးဆပ်မှုနဲ့ ရှင်သန်ချင်ဆဲ...............
သေချာပါတယ် စကားလုံးမလိုဘူး
ရင်ဘတ်ထဲက ကလီစာကိုနားလည်တယ်
တကယ်ဆိုနင်ဟာ ငါ့ရဲ့သတို့သား....................
(backy)
No comments:
Post a Comment