Saturday, November 14, 2009

ငါဘာလုပ်ရမလည်း

လောကဇာတ်ခုံပေါ်မှာ
က..ရင်းနဲ့ တွေ့
တွေ့ ပြီးတော့ ဆက်က
မမောနိုင် ကျတဲ့
လောကဇာတ်လိုက်တွေပါလား
ငိုခန်း ဆိုရင်တော့ ဝအောင်ငိုနော်
ဒါမှ အကယ်ဒမီ ရမှာ
ကြမ်းဆိုရင်တော့ရမ်းပစ်လိုက်
လုံးဝ မကြောက်နဲ့
လွမ်းဆိုရင်တော့
ငါးသုံးက ကဗျာ ဆရာတွေ ငိုအောင်သာလွမ်းလိုက်
ချစ်ဆိုရင်တော့သူငယ်ချင်းရေ
မလွတ်စေနဲ့နော်တခါတည်း.............နော်
က ပြီးရင် မောလာမယ်
မောပြီးရင်နားမယ်
နားပြီးရင်ပြန်ကမယ်
အင်း.......ဒီလိုနဲ့လည်ပတ်နေမှာဘဲလား
စဉ်းစားရင်းနဲ့လောကမှာ
က ရမှာ စိတ်ကုန်လာတယ်
ဝူးးးးးးးးငါဘာလုပ်ရမလည်း..........။

လုပ်စရာကတော့တခုတော့ရှိတယ်
စိတ်ထဲမှာရည်မှန်းချက်တခုထား
ပြီးတော့ဖြစ်အောင်လုပ်...ရောက်အောင်သွား
အချိန်နဲ့အလုပ်လုပ်...သစ္စာနဲ့စောင့်ထိန်း
ယုံကြည်မှု့ကိုအလေးနက်အထား
နာလည်ပေးထားတာကိုအလွဲသုံးစားမလုပ်မိပါစေနဲ့

အော်ခုမှအဖြေတွေ့တယ်...ငါလုပ်ရမှာတွေအများကြီးပါလား...............။

ထာဝရ မင်းအတွက်

မင်းမျက်နှာလေးကိုကြည့် ပြီး
ခံစားလိုက်တာ
အားလုံးမေ့ သွားတယ်....ချစ်သူ
ဘယ်အတွက်ကြောင့် ........
အသဲနင့်အောင်ချစ်သွားရတာလည်း
ခွင့်လွှတ်ခြင်းတွေအားလုံးပေးခဲ့တဲ့ချစ်သူ
နားလည်မှု့ တွေလည်းအကုန်ပေးခဲ့တယ်
တဘဝလုံးအတွက်လည်း
သစ္စာ တရားနဲ့ချစ်မယ်တဲ့
တို့အတွက်.......
မင်းအဲ့လောက်ကောင်းတာတွေပေးပြီးချစ်ခဲ့တာ
ဘာတွေပြန်ပေးရမယ်ဆိုတာ
မသိတော့လောက်အောင်ဝမ်းသာမိခဲ့တယ်
လောကမှာပေးဆပ်ခြင်းနဲ့
ချစ်တက်တဲ့သူရှိသေးတယ်ဆိုတာ
မင်းကို စံ ထားမယ်....
အနစ်နာခံခြင်းရဲ့  ဆုလာဒ် အဖြစ်
ဘုရားသခင်က......
မင်းကိုတို့အတွက် ဖန်ဆင်ပေးခဲ့တယ်ဆိုရင်
တို့ကလည်း မင်းအတွက်....
ထာဝရ ပန်းတပွင့်
ဖြစ်စေရမယ်လို့ ကတိပေးပါတယ်......ချစ်သူ

ပန်းလေးတပွင့်
အနမ်းလေးစွင့်
အလှမ်းလေးလွင့်လို့
စွေ့စွေ့ လေးပွေ့
ထွေးထွေးလေးရင်မှာပိုက်
နှလုံးသားနားမှာသိပ်လို့
ထာဝရသိမ်းထားမယ်
ယုယမြတ်နိုး
အကြင်နာတိုးလို့
ဝေဒနာမိုး မရှိအောင်
အမြဲတမ်းသွေ့ခြောက်စေမယ်
အကြင်နာ အနမ်းတွေနဲ့ပေါ့

လတ်

တဘဝလုံးရဲ့ သူရဲကောင်းလေး

စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းခဲ့ရတဲ့
ငါ့ဘ၀အမှောင်ကမ္ဘာလေးထဲမှာ
ပျော်စရာဆိုတာ ဘယ်မှာလဲ...
အကြင်နာမေတ္တာဆိုတာ ဘာလဲ....
သံယောဇဉ်နဲ့ အချစ်ကို သေချာမသိခဲ့တဲ့...ငါ
ချစ်တယ်ဆိုတဲ့ စကားဟာ ဘယ်သူ့အတွက်လဲလို့ သေချာမစဉ်းစားမိခဲ့တဲ့...ငါ
အရာအားလုံးကို ၀ိုးတိုးဝါးတားနဲ့ နားလည်မှုမရှိသေးခဲ့တဲ့...ငါ
ငါ....ဆိုတာ ဘယ်သူလဲ...
ငါ့အချစ်တွေ က ဘယ်သူအတွက်လဲ...
ပုစ္ဆာ တစ်ပုဒ်ကို အဖြေထုတ်ခဲ့တာ နှစ်ပေါင်း ၂၀ကျော်ခဲ့ပြီပေါ့.....
အခုတော့.............
သေချာဝေဖန်ပိုင်းခြားပြနိုင်တဲ့...ကျမဘဝရဲ့ ပိုင်ရှင်လေး...
အချစ်မီးအိမ်ငယ်လေးကို ကြင်နာယုယစွာပိုက်ထွေးလာခဲ့ပြီ...
အရာရာ မသေချာမရေရာ စမ်းတ၀ါးဝါးနဲ့လျှောက်လှမ်းခဲ့တဲ့...ငါ ဟာ
ဒီတစ်ခါတော့.......
ကံကောင်းခြင်းများစွာက ငါ့ကို ပိုင်စိုးခဲ့ပြီ...
တဒင်္ဂဆိုတဲ့ အချိန်တို တခဏတာလေးမှာ
ဖူးစာရေးနတ်ကများ ငါ့ဘက်ကို မြှားဦးလှည့် လာခဲ့လေသလား......
ငါ့ဘ၀ကို အမှောင်ခွင်းအလင်းပေးခဲ့တဲ့....သူ
ပျောက်ဆုံးနေတဲ့လမ်းလေးကို လမ်းပြကြယ်လေးတစ်ပွင့်အဖြစ် ဖန်ဆင်းဝင်ရောက်ပေးခဲ့တဲ့....သူ
ကမ်းစပ်ကိုရှာမတွေ့နိုင်ခဲ့တဲ့ ဇနက္က ....ကယ်တင်ရှင် မေခလာ အဖြစ်ဝင်ရောက်အစားထိုးပေးခဲ့တဲ့....သူ
အချစ်လပ်နေတဲ့ ငါ့ဘ၀ထဲကို .....အချစ်လက်နဲ့ကမ်းလင့်ကြိုခဲ့တဲ့....သူ
ငါ့ရဲ့ရင်ထဲကို အကြင်နာ မေတ္တာတွေ ယူဆောင်ပေးခဲ့တဲ့ မင်းကို
အတည်းကျန်ဆန် မှုတွေဝေးကွာသွားစေတဲ့အတွက်
မင်းကို တင်စားမှုလေးတစ်ခုနဲ့
ငါ့ရင်ထဲမှာ ကျောက်စာတစ်ခုအဖြစ် ကမ္ဗည်းထိုး မှတ်တမ်းပြုပါရစေလား
ကျမဘဝရဲ့ သူရဲကောင်းလေး....ရယ်

ထာဝရနွယ်နံသာလတ်

ရင်မှာထာဝရ
အစဉ်သာပြရရင်
ရယ်စရာဟာသတွေနဲ့
ပြောတတ်တာလည်း
ထာဝရ ပါဘဲ ။

ထာဝရ.....ရေ
ငိုကျမယ်ဆိုရင်တော့
မပြောခင်က
ငိုတတ်နေတာ
မတိတ်တတ်တော့
နွယ်ကချော့ပေါ့ ။

ပျင်းတယ်လွမ်းမယ်
ဆိုရင်တော့လေ
နံသာကမစရသေး
သူအရင်လွမ်းမောလိုက်တာ
ကျန်သူတွေဘာမှမပြော
လက်မှိုင်ပါချရပါရောလား ။

အချစ်အကြောင်း
ဆွေးနွေးပြန်တော့
လာထားဆိုပြီး
သူကဘဲချစ်လိုက်တာ
နွယ်တို့နံသာတို့ရေ
လတ်တို့အတွက်
မကျန်တော့ဘူးနော်
လုပ်ကြပါအုံး ။

ဒီအရာတွေအားလုံးကို
ပိုင်ဆိုင်ထားတာကတော့
စိတ်ပျော့ပိုးလေးဆိုတဲ့
လတ်ရဲ့ ချစ်သူ..ထာဝရ ။

ဟယ်..အမိုက်စားလေးဆိုပြီး
မျက်စိအစာကြွေးတတ်တာက
ထာဝရ............
မခံနိုင်လို့လိုက်ရစ်တာက
နွယ်.............
မလှုက်တလှုပ်နဲ့အုံ့ပုန်းလို
လုပ်နေတာက
နံသာ................
သူတို့လေးတွေကို
ခွင့်လွတ်ပြီးချစ်နေတာက
လတ်............
အင်းလောကကြီးမှာ
ဘာများလိုအုန်းမှာလည်း
ဒီလေးယောက်လည်းပေါင်းရော
.............................ကုန်ရောတဲ့


အဝေးတနေရာမှ.....လတ်....

အားမာန်

အပျော်ရွှင်ဆုံးနေ့တွေဆိုတာ
အစဉ်ထာဝရရှိမနေနိုင်ပါ
ပြုံးပျော်နေတဲ့ရက်တွေရှိသလို
မျက်ရည်ကျနေတဲ့နေ့တွေလည်းရှိပါတယ် ။

လူဘဝမှာနေထိုင်တဲ့အခိုက်အတန့်
ဒုက္ခဆိုတာကြုံရစမြဲမို့
ဇွဲ ဆိုတဲ့ခွန်အားနဲ့ကျူံးထလိုက်ရင်
ဟိုး.....ရှေ့ မှာအောင်မြင်ခြင်းဆိုတာရှိတယ် ။

ရင်ဆိုင်ပါခွန်အား
မာန်မလျော့ဘဲနဲ့
ရှေ့ ဆက်လျှောက်မယ့်
လမ်းကြမ်းနေပါစေ
အရောက်လှမ်းမယ့်

* မခိုင်တဲ့ ငြမ်းစောစောပြိုမှာဘဲ * တဲ့

နွယ်ပြောခဲ့တဲ့စကားတခွန်း
လတ်ရင်မှာစွဲနေခဲ့တာ
ယနေ့ထက်တိုင်ကျင့်သုံးလျှက်ပါ ။

စိတ်ချပါနွယ်.............
ဘယ်တော့မှမပြိုစေရပါဘူး
ထာဝရတသက်လုံးခိုင်မြဲစွာနဲ့
ပန်းတိုင်ကိုအရောက်လှမ်းမယ့်သူဆိုတာ
ယုံကြည်ပေးပါနွယ်သခင်လေးရာ ။


နွယ်ရှင်ရဲ့ စကားလက်ဆောင်အတွက်
အမှတ်တရ

လတ်

တု နှိုင်း မ မှီ သော အ ဖေ

* အဖေသည်

* ဘဝ၏ စွမ်းအင်

* အသက်၏ အမြစ်

* နှလုံးသား၏ လှေကား

* လူသားများ၏ အရိပ်


ပဲ့ကိုင်မယ့်သူ လှေငယ်လေးကို

ကမ်းစပ်တစ်ဘက်ထိုအရပ်သို့

ပို့ဆောင်ပေးတာ အဖေပါ ။


သမီးလည်းကြိုးစား အဖေကဲ့သို့

မေတ္တာတရား စေတနာပွားကာ

လူလောကအလယ် မျက်နှာပန်းလှ

သားသမီးတို့ ထွန်းတောက်ကြယ်လို

တင့်တင့်တယ်တယ် နေနိုင်ခဲ့သည်

သို့သော် အဖေ့ခြေရာ လိုက်မမှီခဲ့ပါ

.......အဘယ်ကြောင့်ဆိုသော်.....

အဖေသည် အဖေဖြစ်နေခဲ့၍ ။


အဖေ တချက်လောက်လေးငဲ့ကြည့်ပေးပါ

သမီး အရမ်းလွမ်းနေတယ်.......

အဖေဖဖဖဖဖဖဖဖ


အဖေ့ရဲ့ ချစ်သမီး လတ် ( စံပယ် )

၂၁-၆-၂၀၀၉ ( တနင်္ဂနွေ )

လှည့်စားသူသို့

လေအဝှေ့တချက်မှာ
ဖြေသိမ့်စရာမရှိခဲ့ပါ
ခပ်လှုပ်လှုပ်ရွက်ခြောက်လေးက
မြေမှာခကြွေကာကျရပြီပေါ့..။

ဖွင့်ဟပြောလာ
စကားတခွန်းမှာ
ရင်ထဲမှမလာခဲ့တော့
လက်ခံမိသူကရှုးရတာပေါ့..။

နင်ပေးခဲ့တဲ့ကတိစကားတွေ
အခုများတော့ဘယ်နားရောက်နေ
ငါဘဝကိုတခါသေခဲ့ရင်းက
နင်နဲ့ကျတော့နှစ်ခါသေခဲ့ရပြီပေါ့..။

ဘယ်အငြိုးနဲ့ရိုက်ခိုက်လာ
ဒီဘဝသာကျေစေပါ
ထက်ဆင့်ခဲ့တဲ့ဒဏ်ရာများ
နင်ကျေနပ်ပေးပါလား..။

အနီးဆုံးမှာရှိနေလည်း
ဝေးဆုံးရောက်နေသလိုဘဲ
ရင်ခုန်သံရိုင်းရဲ့ တောက်ပမှု့တွေ
ခုတော့ဘယ်ဆီများရောက်နေ..။

တောင်းပန်ပါတယ်အချစ်တွေရယ်
ကြောက်လှပါပြီကွယ်
လိမ်ညာလှည့်စားအချစ်တွေများ
ဝေးဝေးသွားပါလား........။


လတ်

နောင်ဆုံးချိန်

ငါ့အတွက် ကံကြမ္မာ တံတားက
စဖောက်ထဲက မခိုင်ခဲ့တော့
အကြိမ်ကြိမ် ကျိုးခဲ့ရတာပေါ့

ချစ်သူကို ချစ်ခဲ့ရတဲ့အချစ်
နှလုံးသွေးထွက် မရပ်အောင်ဖြစ်ခဲ့တော့
ဆရာဝန်တောင်လက်မှိုင် ချခဲ့ရတာပေါ့

ခုတော့....ငါ့တယောက်ထဲရဲ့  ကမ္ဘာ မှာ

ကောင်းကင်ကိုမော့ကြည့် တော့
အှုံ့  မှိုင်း မဲ မှောင် လို့ ပေါ့
ငါ့အတွက် ဆည်းဆာဆိုတာမရှိခဲ့

မြေပြင် ကို ငုံ့ကြည့် ပြန်တော့
ပူလွန်းလို့ ပက်ကြားအက်တွေနဲ့
ငါ့အတွက်တလင်း ဆိုတာမရှိ

ရေပြင်ကို လှမ်းကြည့် လိုက်တော့
အဏ္ဏဝါ မုန်တိုင်းက ဝါးမျိုမယ်တကဲကဲ
ငါ့အသက်ကသူ့လက်ထဲ လွတ်လမ်းရယ်မရှိ

အရာအားလုံးနတ္ထိ ဘဝနဲ့ငါ
ပြန်လမ်းရယ် မရှိလေတော့
သေလမ်းကိုသာမျှော်နေရော့လေ
ကျန်နေတဲ့ လက်ကျန်ရက်လေး
အပျော်ဆိုတာ မစဉ်းစားဘဲ
သူ့ အတွက်သာ ပေးဆပ်လိုက်ပါ

နတ္ထိ ဗလာ ရင်မှာပိုက်
ရှိတာ အကုန် ပေးလိုက်
ငါ့ရင်ထဲကလက်ကျန်အချစ်
မင်းအတွက် အကုန်ဖြစ်စေ
ကမ္ဘာကုန်သည် အထိပေါ့..
....နော်...ချစ်သူ....

လတ်

အသဲကွဲ အလွမ်း

အိမ် မက် တွေ လား
မ ဟုတ် ခဲ့ ပါ ဘူး

ရင် ဒဏ် ရာ လှိုင်း တ ချက်
စောင့် တက် လို့ သွား ခဲ့ တာ
ဘယ် သူ သိ နိုင် မှာ လည်း

ရင် ထဲ က အ ချစ် တွေ
မ ခံ စား ခဲ့ ရ ဘူး တဲ့
မ မြင် တက် သူ တွေ အ တွက်
မြင် မိ အောင် လည်း မ ပြ တော့ ပါ

လှိုင်း ဒဏ် ပြင်း တဲ့
အ သဲ ကွဲ ကမ်း ခြေ လေး မှာ
လူ မ သိ အောင် တ ယောက် ထဲ
အ လွမ်း တွေ နဲ့ မျှော ပါ တော့ မယ်

ဗ လာ ကျင်း တဲ့ နင့် နှ လုံး သား မှာ
ငါ မ ရှိ တဲ့ အ တူ လှည့် မ ကြည့် ပါ နဲ့

ချ ရေး လို့ မ ရ တဲ့ စ ကား တွေ
ငါ့ ရင် မှာ ပြည့် ကျပ် နေ တော့
ငါ့ ကို ဝ အောင် ငို ခွင့် တော့ ပြု ပါ

နင့် လို အင် တွေ အ တွက်
ငါ့ နှ လုံး သား ကို အ စိမ်း ချုပ် လိုက် ပါ တော့

နင် ရယ် နိုင် ဖို့ အ တွက်
ငါ့ ဆန္ဒ တွေ ရေ မှာ မျှော လိုက် ပါ ပြီ

သ ခင် ဝေး တဲ့ ငါ့ ရင် မှာ ပေါ့
ပေး ဆပ် ဖို့ သာ ရှင် သန် ပြီး
အ သဲ ကွဲ ရင်း နဲ့ တ ဘ ဝ လုံး လွမ်း နေ ပါ့ မယ်

လတ်

`နောက်ဆုံး မျှော်လင့်ခွင့်´


ချစ်သူရယ်.....
မင်းကို ချစ်မိတဲ့ငါ....
မင်းရှေ့မှာ....ဒူးထောက်
အရှုံးပေးနေတာတောင်မှ....
မင်းက ....ရက်စက်တဲ့စွဲချက်တွေနဲ့....
ငါ့ နှလုံးသားကို နာကျင်အောင် ထိုးနှက်ခဲ့တယ်......။


``သတိမရပါနဲ့........´´တဲ့
ပြောရက်လိုက်တာ....ချစ်သူရယ်....
သတိရဖို့တောင် ငါ့မှာ အခွင့်မရှိတော့ဘူးလားကွယ်.......။။


ဘယ်သူမှမသိအောင် နာကျင်ငိုကြွေး......
ငါ့နှလုံးသားမျက်ရည်တွေနဲ့......
အိပ်ပျက်ညတွေကို တိုင်တည်ပြီး........
ဒီကဗျာကို ရေးဖွဲ့ခဲ့တာပါ.....ချစ်သူ.....။။။


ချစ်သူရေ.......မင်းကျေနပ်မယ်ဆိုရင်....
အရာရာကို ငါပေးဆပ်ချင်ပါတယ်.....။။။။


မျှော်လင့်ခွင့် မရှိတော့မှန်း...သိနေပေမယ့်.....
နားလည်မှုတွေ ပေးမယ့်နေ့ကို......
နောက်ဆုံး မျှော်လင့်ချက် ငွေ့ငွေ့နဲ့

ငါ......ရူးမိုက်စွာ စောင့်မျှော်နေဆဲပါ.......ချစ်သူ.....

ကျေနပ်ခွင့်ပြုပါ

ချစ်သူ.........
မင်းပျော်မယ်ဆိုရင်ပေါ့

ကောင်းကင်တွေအုံ့ဆိုင်းလို့ တိမ်ညိုတွေမှိုင်းလျက်ပေါ့
လေပြေတွေ လှိုင်းထန်နေလို့ ကြယ်စင်တွေ အဝေးသို့လွင့်စင်လျက်ပေါ့
လမင်းကြီးလည်းပျောက်ကွယ်နေလို့ လောကကြီးတစ်ခုလုံးမည်းမှောင်လျက်ပေါ့

ချစ်သူ.............
မင်းတစ်ယောက်သာ ပျော်ရွှင်ကြည်နူးမယ်ဆိုရင်
အုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးရယ်၊ညိုမှိုင်းနေတဲ့ တိမ်စိုင်တွေရယ်
လှိုင်းထန်နေတဲ့ လေပြေတွေရယ်၊လွင့်စင်သွားတဲ့ ကြယ်စင်တွေရယ်
ပျောက်ကွယ်သွားတဲ့ လမင်းကြီးရယ်၊ မည်းမှောင်နေတဲ့ လောကကြီးတစ်ခုလုံးကို
အလျဉ်းမရှိ ရွှင်းအိတောက်ပလာအောင် ငါဖန်ဆင်းပေးပါရစေသား.....

ဒါကိုမှ မင်းမပျော်နိုင်သေးရင်
ကိုယ် ဆိုတဲ့ ငါတစ်ယောက် မင်းရှေ့မှာ ဒူးထောက်လို့
ကောက်ကွေ့ချင်းမရှိတဲ့ ငါ့ရဲ့  ရင်ခုန်သံ မြစ်တစ်စင်း
ချစ်ခြင်းများစွာနဲ့ မြစ်ဖျားခံတဲ့ မာယာကင်းတဲ့ ချစ်ခြင်းမေတ္တာ
အပြစ်ရှာလို့ မရအောင် ခပ်ခွာခွာကနေပဲချစ်နေပါဆိုရင်လည်း
မင်းရဲ့ ဆန္ဒ မင်းရဲ့ ဘ၀ကို ထာဝရပျော်ရွှင်စေဘို့
ငါ့ရဲ့နှလုံးသွေးနဲ့ ရေးတဲ့ ဒီကဗျာလေးတစ်ပုဒ်နဲ့ ကျေနပ်ခွင့်ပြုပါတော့ ...

လတ်

အိပ် မက်

ည ည မက် တဲ့ အိပ် မက် ထဲ မှာ

တ ဒုန်း ဒုန်း ခုန် ရင် အ စုံ ကို

အ ဖြေ ရှာ ကြည့် သေ ချာ သိ သည်

အိပ် မက် နဲ့ ပြင် တ ထပ် တည်း ဖြစ် ချင်

အော်......ခု တော့ ဖြင့် ငါ အိပ် မက် မက် နေ တာ ပါ လား


အိပ် မက် ဆိုး များ မက် ခဲ့ ရ တဲ့ ငါ့ ရင်

အိပ် မက် ထဲ က သူ ရယ် ရင် ခုန် နေ ချင် သေး လို့ ပါ

ထပ် မက် ခွင့် လေး စိတ် ရှုး အ တွေး နဲ့

စောင့် မျှော် နေ မိ တယ် သူ

အ မြဲ တမ်း လေး ဘဲ ရင် ခုန် သံ တွေ

မ ရပ် စ တမ်း ကြား နေ ပါ ရ စေ နော်


အိပ် မက် ဆိုး ကို ချေ ဖျက် လွမ်း ရက် ကျော် လွန် အောင်

စွမ်း ဆောင် နိုင် တာ လား အိပ် မက် ထဲ က သူ ရယ်

ည စဉ် ည တိုင်း မက် ခွင့် သာ ရ မယ် ဆို ရင်

အိပ် မက် က မ နိုး ထ ပါ ရ စေ နဲ့ ထာ ဝ ရ မက် ပါ ရ စေ

တ ဘ ဝ စာ မ အိပ် ဘဲ လည်း

မက် ခွင့် ရှိ မယ် ဆို ရင် လေ

မက် ချင် ပါ သေး တယ် သူ ရယ်


အိပ်မက်ထဲမှ............လတ်......

လွမ်းတယ် ကလေး ရယ်

သတိယ တယ်လို့ ပြောခြင်းထက်
အသည်းတနေရာမှာ
အမြဲတစေ ရှိနေတယ် ဆိုရင်
ပိုမှန် ပါ့မယ် ကလေး
ကလေး နေကောင်းလားလည်း မေးချင်တယ်
ဘယ်သူကို မေးရမှန်း လည်း မသိဘူးကွယ်
သတိယလို့ လွမ်းမျက်ရည် ကျတာလည်း အခါခါ
ကလေးလာမလားလို့ ငါးသုံးကနေ
နှစ်ဆယ့်လေးနာရီ စောင့်ခဲ့တာလည်း
ကြာပါပြီ
(ချစ်မေ) ကို မချစ်တော့ ဘူးလားဟင်
လမ်းကြုံ တဲ့သူများ ရှိရင်ပြောပေးကျပါ
(ချစ်မေ)ရဲ့ အိမ်မက်ထဲမှာ
ကလေးရဲ့ ပုံရိပ်တွေ မြင်နေရတယ်လို့
လွမ်းတယ် ကလေးရယ်
အမြန်လာပါတော့နော်
အဝေးတနေရာမှ
ကလေးသိပါစေ

လတ်

ထာဝရ....ချစ်သမီးအတွက်

“ စကားစမြီ ”

မင်းဟာနှင်းဆီပွင့်တွေနဲ့ ပြည့်ရွှဲနေတဲ့

ဆောင်းဦးပေါက်ကောင်းကင်ဖြစ်တယ်

ငါ့ဝမ်းနည်းမှုတွေဟာ ပင်လယ်လို ထကြွနေဆဲ ။

ပြီးတော့ ငါ့ရဲ့နှုပ်ခမ်းပေါ်မှာ

အဲ့ဒါတွေ စီးလျှံထွက်သွားတဲ့အခါ

ရွှံစေးပျော့တွေလို လောင်ကျွမ်း

အမှတ်ရစရာ ဆားတွေကို ချန်ထားရစ်ခဲ့တယ် ။

မှုးမှုး မေ့မေ့ငါ့ရင်ဘတ်ပေါ်မှာ

မင်းရဲ့လက်ချောင်းတွေ

လမ်းမှားမျက်စိလည်နေတယ် ။

အချည်းအနှီးသာ ၊ အို ……. ဖြစ်ရလေ ……. ငါ့ရင်ဘတ်ဟာ

မိန်းမတယောက်ရဲ့ သွားတွေ လက်သည်းတွေနဲ့

ဖျက်ဆီးခြင်းခံရတဲ့

ဘာမှမရှိတဲ့ ( သားကောင်ကင်းမဲ့တဲ့ )

ထောင်ခြောက်သာ ဖြစ်ရရုံမက

ငါ့အသည်းနှလုံးကို ရှာဖွေမနေပါနဲ့တော့

အဲ့ဒါကို သားရဲက စားသုံးသွားခဲ့ပါပြီ ။

ငါ့အသည်းနှလုံးဟာ သူတို့ကြီးစိုးတဲ့

တောင်ကြားထဲမှာ

ဝံပုလွေတွေ တိုက်ခိုက်ဖျက်ဆီးခြင်း ခံရတဲ့အိမ်တော်လို

မွှေးရနံ့တွေ ပျံ့နေတဲ့ မင်းရဲ့လည်မျိုထဲက

ထွက်ကျလာတယ် ။

အလှတရား ၊ ၀ိညဉ်တို့ရဲ့ ကြီးစွာသော

သန်စွမ်းတဲ့ အန္တရာယ်

မင်းအလိုဆန္ဒအတိုင်းပါပဲ

စားသောက်ပွဲလိုတောက်ပတဲ့

အလျှံငြီးငြီး မင်းမျက်လုံးတွေနဲ့

ချစ်တောက်လောင်ကျွမ်း

သေးမျှင်တဲ့ အသွေးအသားမြွှာတွေကိုတော့

သားရဲတိရစ္ဆာန်တွေအတွက် စွန့်လိုက်ပါ ။



အနှိုင်း

လွတ်ကင်းခွင့်

အမိမြေ နဲ့ ဝေးနယ်ခြားလေးတခုမှာ
အမှတ်တရဖြစ်စေတဲ့နေ့စွဲလေးတစွဲမှာပေါ့...။

သတင်းကျွတ်
လပြည့်ညကောင်းကင်မှာ
မီးပုံပျံတွေမြင်မှ
ဘယ်တုန်းကမှမှိုင်းမဝဘူးတဲ့
ငါ့နှလုံးသာကိုလည်းသတိတရနဲ့...။

အလှည့်တကွေ့မှာပြေးထွက်ခဲ့တဲ့မင်း
ဒီရင်ကိုဘယ်တော့မှပြန်မရောက်နိုင်ခဲ့တော့...။

အချစ်...အချစ်...ဆိုလား
အလွမ်း..အလွမ်း.....ဆိုလား
ခံစားရ.........ဒဏ်ရာ
ရင်ကွဲရ........ဝေဒနာ
ပူလောင်မှု့ တွေနဲ့ကြားဖူးနေခဲ့တယ်..။


ဒီတော့..ငါနှလုံးသားတော့လမ်းဘေးရောက်မခံနိုင်ဘူး
အရှုံးထဲကအမြတ်နဲ့နိုးထလို့ပြန်လည်ရှင်သန်စေမယ်...။

မင်းခွဲလို့ ကွဲကြေခဲ့ပေမယ့်
နွမ်းခြွေရာကပန်း...လေအလာကိုစောင့်ရင်း
လန်းနေနိုင်ပါသေးတယ်

အသည်းကြွေ နုနု
ကွဲကြေလို့သွေးခြေဥနေလည်း
နှလုံးသွေးမရပ်သရွေ့
မင်းကိုဘဝဆက်တိုင်မုန်းနေနိုင်သေးတယ်
ဆိုတာယုံ.............

တိုင်ချက်ဖွင့်လိုက်ချင်တာက.........

ဟဲလို....ဟလို..
၃၁ ဘုံမင်းများရှင်.............
အသည်းတွေစားပြီး
အရင်အတိုင်း.....
ထိုင်မြည်းနေတာသူပါဘဲ
နောက်လူတွေဘေးကင်းစေဖို့
ကယ်မသနားတော်မူပါ...



လတ်
၁၅-၆-၂၀၀၉ (တနလာၤ)

ပေးအပ်ရဲသော ငါ့မေတ္တာ/ငါ့အချစ်/ငါ့မာန

ဝါကျင့်ကျင့်
သစ်ရွက်ခြောက်တွေ အတားအဆီးမရှိ
ခုန်ချနေကြပါလား!!!
ဟိုတချိန်
မင်းနဲ့ အတူထိုင်ခဲ့တဲ့ ခုံတန်းလေးလဲ
ဆွေးမြေ့အိုဟောင်းခြင်းတွေနဲ့ 
ပြည့်နှက်နေပြီ.......
ဝေး
ဝေး
ဝေး
သွားတဲ့ငါတို့ နှစ်ယောက်
ဝေးသထက်ဝေးဖို့  အကြောင်းဖန်လာတော့
ဝေးပေးရမှာပေါ့
နွေညရဲ့ 
ခြောက်လန့် မှုတွေက
ငါ့စိတ်တွေကို တိုက်စားဖဲ့ခြွေနေပြီ
မိကြာ....
အိပ်မက်က နိုးထလာချင်ပေမယ့်
ငါကိုယ်တိုင် အိပ်မက်ထဲမှာ
မနိုးထနိုင်ဘဲ ပျော်မွေ့ နေတာ
ဘာလုပ်နိုင်ဦးမှာလဲကွာ.........
တီးကွက်မညီတဲ့
သီချင်းတပုဒ်ကို အာသံပြဲပြဲအော်ဟစ်ပေမယ့်
ငါဒီသီချင်းကို
မအော်ဟစ်နိုင်ခဲ့ဘူး
ဘာလို့ ဆိုတော့.....
ငါဟာ.....
လောကကြီးကို မျက်စိနဲ့ ကြည့်ပေမယ့်
ငါ့စိတ်...
ကျဉ်းကျဉ်းလေးနဲ့  ဝေဖန်ခဲ့မိတယ်
နောက်ထပ်ရှိဦးမယ်ဆိုရင်
ငါလေ
မင်းနဲ့ ပြန်ဆုံနိုင်မယ့်ရက်ကို
ရေတွက်ရင်း
နွေညရဲ့ ဥသြဌက်တွေနဲ့ အတူ
အကောင်းဆုံးသော
လွမ်းချင်းတပုဒ်သီဆိုရင်းနဲ့ 
ငါ့
နှလုံးသားကို မြေကြီးထဲမှာ
မြှုပ်နှံထားလိုက်ပါတော့မယ်
ချစ်သူ....



နှုတ် ဆက် တေး

ငို ရှိုက် ခဲ့ တဲ့ တေး သံ

ဒီ ရင် မှာ ပဲ့ တင် ရိုက် ခဲ့ ပေ မယ့် လဲ

ဘယ် သူ ကြား နိုင် ပါ့

ခံ စား ချက် အ ထပ် ထပ်

ဒီ ရင် မှာ ဖွင့် ပြ နေ ခဲ့ ပေ မယ့် လဲ နော်

ဘယ် သူ နား ထောင် ချင် ပါ့

အ ထပ် ထပ် အ ခွဲ ခံ နေ ရ တဲ့

ဒီ နှ လုံး သား မျက် နှာ ပြင်

ဘယ် တော့ မှ အ ကောင်း မ ဖြင့် နိုင် တော့

တ စ စီ ကွဲ ကြွေ သွား တာ ပဲ

ကောင်း ပါ လိမ့် မယ် ၇ှင်

ယု ယ စွာ မြတ် နိုး ခဲ့ တဲ့ ဒီ ရင် မှာ

စိုး ထိတ် စွာ မျှော် လင့်  နေ တဲ့ နေ့ က

တိုး ဝှေ့ ကာ ရောက် လာ ခဲ့ လေ တော့

နှုတ် ဆက် ကာ ဟိုး အ ဝေး ကို ဖြင့်

ငါ ထွက် သွား ပါ တော့ မယ်

နေ ရစ် ခဲ့ ကျ ပါ တော့ နော်

အား လုံး ကို နှုတ် ဆက် ခဲ့ ပါ တယ်


အ ဝေး တ နေ ရာ မှ.....လတ်

ရိုက်ချက်ခပ်ပြင်းပြင်း

ပြော ခဲ့ ကျ ပါ အုံး
စကား လေး တ ခွန်းလောက် ။
အားပေး လိုက် ပါ အုံး
အကြည့် တ ချက် လောက် ။

ကံကြမ္မာရယ်
ငါ ကျ မှ ဘာ လို့ ဖန် လာ ရ တာ လည်း
မ ရှောင် သာ လွှဲ ဖယ် ချင် နေ လည်း
မ ရ တဲ့ ဘ ဝ
တည့် တည့်  သာ ရင် ဆိုင် တိုး ရ တော့
ငါ့ ရင် သာ မော ရ တော့ တာ ပေါ့ ။

ရေ နစ် သူ ဝါး ကူ ထိုး တဲ့
မှန် လိုက် တာ ရှုံး နေ ပါ တယ် ဆို မှ
အ မုန်း တွေ ထပ် ပေး ချင် ကျ တယ်
စွတ် စွဲ ခြင်း တွေ အ ထပ် ထပ်နဲ့ ပေါ့ .။

သေမိန့် ကို စောင့် နေတဲ့ ငါ
ဘာ ခွန် အား မှ မ ရှိ တော့ တဲ့ ဘ ဝ
တုန့် ပြန် မှု့ တွေ ကုန် ခမ်း ချိန် မှာ မှ
စော် ကား ခြင်း တွေ ခံ လိုက် ရ ပြန် ပြီလေ ။

ဘယ် သူ လည်း ငါ မ သိ ခဲ့ ဘူး
ဘာ ကြောင့် လည်း ငါမသိ ဘူး
ဘယ် က လည်း ငါ မ သိ ခဲ့ ဘူး
ဘာ လို့ လည်း ငါ မ သိ ခဲ့ ဘူး
ငါ့ ကို ပြော သွား တာ တ ခု တော့ သိ တယ်

*သူ နဲ့ မ ပါတ် သက် ပါ နဲ့ တဲ့*

အထူးသတင်းတရပ်

ဒီနေ့နံနက် ကိုးနာရီ ခန့်က......ရင်တခုလုံးကို
နာဂစ် မုန်တိုင်းကြီး တိုက်ခိုက် သွားပါတယ်
ရာနှုန်း ပြည့် တိုက်ခိုက် ခဲ့တဲ့ အတွက် ......
တယောက် ဆေးရုံ ရောက်သွားခဲ့ ပါတယ် .
'ဒီလိုဖြစ်ရပ် မျိုး နောက်မကြုံ စေရန်အတွက်
လူ သားအားလုံးနာလည်းမှု့  လေးတွေ ရှိကျပါလို့


ဝေးတနေရာမှ.........လတ်..............

ဆုံးဖြတ်ချက်

မင်းရဲ့ ....အားပေးစကားသံတချက်
ငါ့....အတွက် ဆေးတခွက်ဖြစ်စေ ။

မင်းရဲ့ ....အလှမ်းဝေးတဲ့ အနမ်းတချက်
ငါ့....အတွက် အေ့းမြတဲ့စမ်းရည်တစက် ။

ငါ့... ရဲ့  မျက်ရည်တစက်ကျခြင်းဟာ
မင်း...အတွက်အဆိပ်တခွက်သောက်လိုက်ရသလို ။

ငါ့....ရဲ့  အိပ် မ ပျော် တဲ့ ရက် တွေ က
မင်း....အတွက်အလုပ်ပျက်တဲ့နေ့တွေပေါ့ ။

ငါ့...ရဲ့ နေ့ဆိုတဲ့ အားလပ်ချိန် တွေမှာ
မင်း...အတွက် ညရဲ့ အိပ်ပျက်ချိန်တွေပေါ့ ။

မင်း...ရဲ့  သတိယ လွမ်းမော နေချိန် မှာ
ငါ့....အတွက် အိမ့်မက်တွေနဲ့ အိပ်စက်ချိန်ပေါ့ ။

မင်း...ရဲ့ မျှော် လင့် နေ ချိန် တွေ မှာ
ငါ့...အတွက် ပျော်ဖြစ် နေ မယ်ဆို ရင်....

လော က ကြီး မှာ
မတရား သူက ငါလား
အလကား လူ အဖြစ်
အသက် ရှင်နေလည်း
ဘာမှ
တန်ဖိုး မရှိ တော့
ပြန်ဖို့
သာ
ဆုံး
ဖြတ်
လိုက်
ပါ
တော့
........................လား......................

လတ်

ဘယ်တော့မှမခွဲဘူး.....ယုံ...

နင်က....မိုးကုတ်စက်ဝန်း
ငါ က.....ရေပြင်ကျယ်
အဝေး တနေရာ က
အမြင် တွေ ဖြန့် လိုက်တော့
မိုးနဲ့ ရေ ထိစပ် နေတာပေါ့
ဘယ်လောက်ပင်ဝေးကွာနေ
ထိစပ်မှု့ ရှိနေခြင်း ဆိုတဲ့
နိ ယာ မ တခုကိုရလိုက်တယ်လေ
ငါ့အတွက်ကတော့
မမြင် နိုင်တဲ့ အားတွေပေါ့ ။

နင်...နဲ့....ငါ လည်း
မိုး....နဲ့....ရေ လို
ထိ စပ် နေ တယ် လေ
မမြင် နိုင် တဲ့ ကြိုး
ရင်မှာရှိ ကျတာမို့
ဘယ်အချိန် ကြည့်ကြည့်
ထိ စပ် မှု့  ရဲ့ 
နိ ယာ မ အ တိုင်း
ဘယ်တော့ မှ ဝေးမသွား ဘူးနော်

ကမ္ဘာတည်သရွေ့ ချစ်သူရယ်...

တမ်း ချင်း

ပြာ လဲ့ လဲ့ ကောင်းကင်ကြီး နဲ့ အတူ
အလှ ခြင်း ပြိုင် နေတဲ့
ပင်လယ် ပြင်ကြီး ကို ငေးမော လို့
လွမ်း မောခဲ့ ရပါတယ် ချစ်သူ.........။

ဇင်ယော် တွေမြင်ပြန် တော့လည်း
ချစ်သူ ကို တမ်းတ မိပြန် တယ်.......။

လှိုင်း လုံးတွေ ရိုက်ခတ်လာ တော့
ယိမ်း နွဲ့ နေ တဲ့ ကိုယ်
ခို စ ရာ ရင်ခွင်တခု
အလျင် အမြန် ရှာကြည့် လိုက်တော့
ချစ်သူကဝေးတနေရာမှာ
တွေးကာလေတမ်းတခြင်းဖြင့်
အပျော် တဝက်......လွမ်း တဝက် မို့
ဖုန်းလေး ဆက်ကာ လွမ်းချင်း တွေထပ်
တမ်းချင်း တွေ ရင်မှာ ပိုက် ပါလို့
ပင်လယ် ပြင်ကြီးကို တိုင်တည် လိုက်တာက
လှိုင်းရိပ် တက်ရာ ခေါ်ဆောင် လို့
ချစ်သူ ဆီ အရောက် ပို့ပေးပါတော့လို့.......နော်

လတ်

လွတ်ကျ သွားသော ကြွေရုပ် လေး

ချစ်သူကအဖြူရောင်စာရွက်တွေချုပ်
သမိုင်းတင်လို့ မော်ကွန်းထိုးချင်တယ်
ငါက
ညဉ့်ငှက်တွေကြည့်
အကြမ်းပန်ကန်တွေ အရည်ဖျော်မော့ရင်
ကြီးပြင်းလာ
တေလေတွေမှာ
ဖိနပ်မ၀တ်တာ လွတ်လပ်ချင်လို့ပါ

သူနဲ့ကျွန်မ သိပ်ချစ်ခဲ့ကျတဲ့ ချစ်သူတွေလေ......ရင်ဘက်ခြင်းညှိ.....နှလုံးသားခြင်းထိလို့......

ဘာပေတံနဲ့မှ...တိုင်းစရာ မရှိအောင်....ချစ်ခဲ့ကျတာပါ.....သူကိုကျွန်မချစ်သလို.................

သူကလည်းကျွန်မကိုချစ်တယ်....ဘယ်လောက်ဘဲချစ်ခဲ့ကျပါစေ.....ပြသနာတင်းတင်းလေး

လေးတွေရဲ့အစက......ရင်ထဲကမပွင့်လင်းတဲ့....မာနလေးတွေကြောင့်ပေါ့............

ကိန်းဂဏာန်းတွေကိုတွက်
လူ့သမိုင်းတိုးတက်မှုအတွက်
ငါ့ဆီမှာ သော့ချက်တွေမရှိဘူး
မိုးဖွဲတွေရွာချိန်
လမ်းဘေးကအုတ်ခုံနား
ပန်းခြောက်တွေနဲ့ ဆော့ကစားပါရစေ။

ချစ်သူရယ်နင်တီးခတ်တဲ့ ကီးနဲ့တော့မညှီနဲ့ပေါ့
ငါက အရောင်ထွက်မဲ့ သလင်းကျောက်မျက်မှ မဟုတ်တာ
တို့တွေရဲ့ ဆုံမှတ်တွေဟာ
မောဟိုက်စွာနဲ့ စဉ်းစားစရာမလိုပါဘူး
ဟောဟိုက အင်ဖက်နက်တီ မျဉ်းဖြောင့်တွေပါ

အချစ်ကိုကြွေရုပ်တရုပ်လိုသဘောထား.......ရှိုးကစ်(စ်) ပေါ် အလှတင်ထားယုံနဲ့....မလုံလောက်ဘူးဆိုတာ

သူမသိခဲ့ဘူးလေ......ကျွန်မရဲ့နုလှတဲ့ နှလုံးသားတစုံကို...........အချိန်အတိုင်းတာတခုမှာ.......အေးဆက်

မာကျောစေခဲ့တယ်........ကျွန်မရဲ့အထိမ်းအမှတ်တိုင်းကို.........အလေးအနက်မထားမေ့ချင်ယောင်ဆောင်

နေခဲ့တာတွေများလာတော့........စိတ်ရဲ့ပေါက်ကွဲမှု့တွေနဲ့.......သူ့ရဲ့အချစ်ကဘာလည်းလို့မေးကြည့်တော့

သူပြောခဲ့တာက......ကျွန်မကိုစိတ်ချမ်းသာဖို့ပါတဲ့....အဖြေတလွဲနဲ့ကျေနပ်ခဲ့ရတဲ့သူက......ကျွန်မပါ.............

ဒေါက်ဖိနပ်လေးစီးရင်း
ခြေသည်းနီလေးဆိုးရင်း
နင့်ဟမ်းဘတ်အိတ်ထဲက
ထုတ်ထုတ်ကြည့်စမ်းပါ
သူတို့လွတ်လပ်စွာပြုံးရီတက်သလား

ငါ့ခန္ဓာက နှလုံးသားက
ဖုတ် .....ဆိုမြေပေါ်ပြုတ်ကျ
လှုပ်စိ..လှုပ်စိ... အီစိမ့်နေတာ

ဒီအကြောင်းကို ဆက်မရေးနဲ့
ဆက်ပြောနဲ့ ဆိုရင်တောင်
ငါဆိုတဲ့ကောင်က
ငူငူငေါင်ငေါင် အတေွးတွေ
ဆူပွက်နေမဲ့ကောင်

ဖြစ်နိုင်ပါ့မလား....နှစ်ယောက်လုံးခံစားနေရတာ.......စိတ်ချမ်းသာတယ်လို့....သူဘာတွေဖြစ်ချင်တာလည်း

ကျွန်မမသိခဲ့သလို....ကျွန်မဘာတွေဖြစ်ချင်နေတာလည်း....သူမမေးခဲ့ပါဘူး....သူစိတ်တိုင်းကျ

သူ့စိတ်အလိုကျ.....နေ နေတာပါ....ရင်ထဲကခံစားချက်တွေ....ဖွင့်ဟလို့ညှိကျတယ်ဆိုတာ....

မရှိခဲ့ပါဘူး.....သူကျွန်မကိုပေးခဲ့တာ.....အေးစက်မာကြောနေတဲ့အချစ်တခုတည်းပါ.........

ပေးခဲ့တဲ့အချစ်ကလည်း.......သုံးခွင့်မရတဲ့ အလှပြရုံသက်သက်....ရှိုးကစ်(စ်)တင်ကြွေရုပ်လေး

တခုစာအချစ်လေးပါ......နွေးထွေးမှုမပါဗလာရင်ခွင်နဲ့ပေါ့.....ချစ်သူရယ်..............

ဧကရီရာယ် . . .
ပလ္လင်တော်နဲ့ ဖုန်သုတ်ဝတ်
လမ်းပေါ်ကကျောက်ခဲလေးက
အလှပြရှိုးကစ်နဲ့
တွဲဖက်မထားသင့်ပါဘူး
နှစ်တစ်ရာ စစ်အေးတိုက်ပွဲဝင်ဖို့
ယခုရက်ပိုင်းနဲ့တင်
ငါ့အသွေးတွေအေးခဲနေပြီ
နေညိုချိန်ကိုကြည့်လိုက်တော့
မွန်းလွှဲနှစ်နာရီ သုံးဆယ့်ငါး


သူ....ကျွန်မအတွက်ပါဆိုပြီး......လှည့်ထွက်သွားခဲ့တယ်....ကျွန်မကိုဖြေရှင်းခွင့်....နှုတ်ဆက်ခွင့်

တောင်မပေးခဲ့ဘူးလေ........သူပေးခဲ့တဲ့အဖြေက.......အခြေမတူလို့မညှိဘူးတဲ့....ကျေနပ်ပါတယ်

ရင်နာနာနဲ့ပေါ့.....ကျွန်မရင်ထဲဘာဖြစ်နေလည်း....သူမမေးခဲ့ဘူး......ကျွန်မကလည်းသူစိတ်ချမ်း

သာမယ်ဆိုရင်.....သူဘာလုပ်လုပ်....ဘယ်လိုဘဲဆုံးဖြတ်ပါစေ...........ကျေနပ်တယ်လေ.......

တခုတော့တောင်းဆိုချင်တယ်....ဆက်ချစ်ခွင့်လေးတော့ပေးပါလို့နော်........

ငါပတ်နေကျနာရီ ခပ်နွမ်းနွမ်းလေးရာယ်
နင့်ရဲ့သံဃောဇဉ် အမျှင်တန်းလေးရာယ်
လူတွေ့မခံရဲတဲ့ အိပ်ကပ်ထဲ က
နင့်အတွက်အိမ်မက်တွေရာယ် ...
နင်ခဏတာနွေးဖို့
အဲ့ဧည့်ခန်းက မီးလင်းဖိုလေးမှာ
အမှတ်တရ သဂြိုလ်ပါရစေနော်
ငါပြန်တော့မယ် ဧကရီ
စိမ်းလဲ့ရွှန်းမြတဲ့ မျက်ဝန်းတစ်ချက်
ငါ့ဘယ်ဘက်ပါးဆောင်ထဲ ထည့်ယူသွားတယ်

အချိန်တွေကြာလို့ ဘယ်လိုပင်ဝေးနေပါစေ.......သူကိုချစ်တဲ့အချစ်တွေ............ရှင်သန်နေစဲပါချစ်သူရယ်

သူ့ရဲ့ ဥပက္ခာ ပြုမှု့တွေကို စိတ်မနာနိုင်ခဲ့ဘူး.....အဝေးကိုထွက်မသွားပါနဲ့လား...နောက်ပြန်

လှည့်မယ့်ခြေလှမ်းတွေနဲ့ ပြန်လာခဲ့ပါနော်...ကျွန်မဆုံးဖြတ်ချက်တခုတော့ရှိတယ်.....သူကို

ပြောပြချင်တယ်.....သူပေးခဲ့တဲ့အလှပြအချစ်လေး လွတ်ကျသွားလို့ ကျကွဲသွားပြီလို့လေ

အဲ့လို....ကွဲအက်သွားတဲ့အရုပ်လေးလို.....ကျွန်မရဲ့မလှတော့တဲ့အချစ်တွေ...သူပြန်လက်ခံ

ပါ့မလား.......ကျွန်မနှလုံးသားတွေ အက်ကွဲခဲ့ရပါပြီလေ.......ကျွန်မသူကိုသိပ်ချစ်တယ်......

သူမသိတာလား.....မသိချင်ယောင်ဆောင်နေတာလား....ဒီတခါသူနဲ့တွေ့ရင်စကားတခွန်း

တော့ရင်ဖွင့်လိုက်ချင်ပါရဲ့လေ............


မနက်ဖြန်ဆို အဲ့ဒီခက်ဆက်ဆက် အပြောတွေ
ငါ့ကိုယ်ငါ ကျဲပက်
လူမရှိတဲ့ ပလက်ဖောင်းညတွေမှာ
မျက်ရည်တွေရွှဲလျှက်
ကောင်းကင်သက်စေ့
ငါ့နေ့ရက်တွေ
မိုးစက်တွေ ရွှဲလျှက်နေမှာ .......


နောက်ဆုံးစကားလေးတခွန်းပေါ့ချစ်သူရယ်.............ကျေးဇူးပြု၍ နားထောင်ပေးပါနော်...........

ရင်ထဲကအချစ်တွေကျကွဲမခံနိုင်တော့လို့........လှည့်ထွက်သွားမယ်ဆိုရင်လည်း.....ကျွန်မရဲ့

လက်ကိုတွဲပြီး ဆွဲထွက်သွားပါလို့.....လွတ်မချခဲ့ပါနဲ့......ကျကွဲသွားမှာဆိုးလို့ပါ..............


လတ်