Saturday, November 14, 2009

ပေးအပ်ရဲသော ငါ့မေတ္တာ/ငါ့အချစ်/ငါ့မာန

ဝါကျင့်ကျင့်
သစ်ရွက်ခြောက်တွေ အတားအဆီးမရှိ
ခုန်ချနေကြပါလား!!!
ဟိုတချိန်
မင်းနဲ့ အတူထိုင်ခဲ့တဲ့ ခုံတန်းလေးလဲ
ဆွေးမြေ့အိုဟောင်းခြင်းတွေနဲ့ 
ပြည့်နှက်နေပြီ.......
ဝေး
ဝေး
ဝေး
သွားတဲ့ငါတို့ နှစ်ယောက်
ဝေးသထက်ဝေးဖို့  အကြောင်းဖန်လာတော့
ဝေးပေးရမှာပေါ့
နွေညရဲ့ 
ခြောက်လန့် မှုတွေက
ငါ့စိတ်တွေကို တိုက်စားဖဲ့ခြွေနေပြီ
မိကြာ....
အိပ်မက်က နိုးထလာချင်ပေမယ့်
ငါကိုယ်တိုင် အိပ်မက်ထဲမှာ
မနိုးထနိုင်ဘဲ ပျော်မွေ့ နေတာ
ဘာလုပ်နိုင်ဦးမှာလဲကွာ.........
တီးကွက်မညီတဲ့
သီချင်းတပုဒ်ကို အာသံပြဲပြဲအော်ဟစ်ပေမယ့်
ငါဒီသီချင်းကို
မအော်ဟစ်နိုင်ခဲ့ဘူး
ဘာလို့ ဆိုတော့.....
ငါဟာ.....
လောကကြီးကို မျက်စိနဲ့ ကြည့်ပေမယ့်
ငါ့စိတ်...
ကျဉ်းကျဉ်းလေးနဲ့  ဝေဖန်ခဲ့မိတယ်
နောက်ထပ်ရှိဦးမယ်ဆိုရင်
ငါလေ
မင်းနဲ့ ပြန်ဆုံနိုင်မယ့်ရက်ကို
ရေတွက်ရင်း
နွေညရဲ့ ဥသြဌက်တွေနဲ့ အတူ
အကောင်းဆုံးသော
လွမ်းချင်းတပုဒ်သီဆိုရင်းနဲ့ 
ငါ့
နှလုံးသားကို မြေကြီးထဲမှာ
မြှုပ်နှံထားလိုက်ပါတော့မယ်
ချစ်သူ....



No comments:

Post a Comment