Saturday, November 14, 2009

“ စကားစမြီ ”

မင်းဟာနှင်းဆီပွင့်တွေနဲ့ ပြည့်ရွှဲနေတဲ့

ဆောင်းဦးပေါက်ကောင်းကင်ဖြစ်တယ်

ငါ့ဝမ်းနည်းမှုတွေဟာ ပင်လယ်လို ထကြွနေဆဲ ။

ပြီးတော့ ငါ့ရဲ့နှုပ်ခမ်းပေါ်မှာ

အဲ့ဒါတွေ စီးလျှံထွက်သွားတဲ့အခါ

ရွှံစေးပျော့တွေလို လောင်ကျွမ်း

အမှတ်ရစရာ ဆားတွေကို ချန်ထားရစ်ခဲ့တယ် ။

မှုးမှုး မေ့မေ့ငါ့ရင်ဘတ်ပေါ်မှာ

မင်းရဲ့လက်ချောင်းတွေ

လမ်းမှားမျက်စိလည်နေတယ် ။

အချည်းအနှီးသာ ၊ အို ……. ဖြစ်ရလေ ……. ငါ့ရင်ဘတ်ဟာ

မိန်းမတယောက်ရဲ့ သွားတွေ လက်သည်းတွေနဲ့

ဖျက်ဆီးခြင်းခံရတဲ့

ဘာမှမရှိတဲ့ ( သားကောင်ကင်းမဲ့တဲ့ )

ထောင်ခြောက်သာ ဖြစ်ရရုံမက

ငါ့အသည်းနှလုံးကို ရှာဖွေမနေပါနဲ့တော့

အဲ့ဒါကို သားရဲက စားသုံးသွားခဲ့ပါပြီ ။

ငါ့အသည်းနှလုံးဟာ သူတို့ကြီးစိုးတဲ့

တောင်ကြားထဲမှာ

ဝံပုလွေတွေ တိုက်ခိုက်ဖျက်ဆီးခြင်း ခံရတဲ့အိမ်တော်လို

မွှေးရနံ့တွေ ပျံ့နေတဲ့ မင်းရဲ့လည်မျိုထဲက

ထွက်ကျလာတယ် ။

အလှတရား ၊ ၀ိညဉ်တို့ရဲ့ ကြီးစွာသော

သန်စွမ်းတဲ့ အန္တရာယ်

မင်းအလိုဆန္ဒအတိုင်းပါပဲ

စားသောက်ပွဲလိုတောက်ပတဲ့

အလျှံငြီးငြီး မင်းမျက်လုံးတွေနဲ့

ချစ်တောက်လောင်ကျွမ်း

သေးမျှင်တဲ့ အသွေးအသားမြွှာတွေကိုတော့

သားရဲတိရစ္ဆာန်တွေအတွက် စွန့်လိုက်ပါ ။



အနှိုင်း

No comments:

Post a Comment