Saturday, November 14, 2009

တု နှိုင်း မ မှီ သော အ ဖေ

* အဖေသည်

* ဘဝ၏ စွမ်းအင်

* အသက်၏ အမြစ်

* နှလုံးသား၏ လှေကား

* လူသားများ၏ အရိပ်


ပဲ့ကိုင်မယ့်သူ လှေငယ်လေးကို

ကမ်းစပ်တစ်ဘက်ထိုအရပ်သို့

ပို့ဆောင်ပေးတာ အဖေပါ ။


သမီးလည်းကြိုးစား အဖေကဲ့သို့

မေတ္တာတရား စေတနာပွားကာ

လူလောကအလယ် မျက်နှာပန်းလှ

သားသမီးတို့ ထွန်းတောက်ကြယ်လို

တင့်တင့်တယ်တယ် နေနိုင်ခဲ့သည်

သို့သော် အဖေ့ခြေရာ လိုက်မမှီခဲ့ပါ

.......အဘယ်ကြောင့်ဆိုသော်.....

အဖေသည် အဖေဖြစ်နေခဲ့၍ ။


အဖေ တချက်လောက်လေးငဲ့ကြည့်ပေးပါ

သမီး အရမ်းလွမ်းနေတယ်.......

အဖေဖဖဖဖဖဖဖဖ


အဖေ့ရဲ့ ချစ်သမီး လတ် ( စံပယ် )

၂၁-၆-၂၀၀၉ ( တနင်္ဂနွေ )

No comments:

Post a Comment