♣♣♣ မြေကမ္ဘာကြီးရဲ့အပေါ်
ကောင်းကင်တစ်ခုတည်းအောက်
ရှင်သန်ခွင့်တူညီနေသရွေ့
မဝေးဘူးဆိုပေမယ့်လည်း....
♣♣♣ ချစ်ခြင်းတွေ ရှင်သန်နေရင်
တို့နှစ်ယောက်ရဲ့ကြား
ဘယ်လိုအရာမျိုးနဲ့မှ
ကာဆီးမထားဘူးဆိုပေမယ့်လည်း...
♣♣♣ အနားမှာအတူရှိမနေတာကလွဲရင်
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊
ပြည့်စုံခြင်း၊ လိုအပ်ခြင်း
အားလုံးကို ထပ်တူဆိုပေမယ့်လည်း....
♣♣♣ စံပယ်ရေ
မောင်ရင်ထဲက အလွမ်းတွေကို...
စာနာနားလည်ဖို့ အခွင့်ရှိမယ်ဆိုရင်
တစ်မိုးအောက် မှာ နေခွင့်ပြုပါနော်...။
စံပယ် ရဲ့ မောင်