Monday, March 29, 2010

မေ



♥♥♥ နွမ်းလို့ ရယ်ခွေ
ချမ်းလို့ ရယ်မပြေ
ဟိုတစ်နယ်သည်အဝေးထိကို
နှောင်းခင်ရယ်လာမချော့နိုင်တော့
မောင်...အလွမ်းပင်လယ်ကို
ဖြတ်ကျော်ရဦးမှာပေါ့....မေ....။

♥♥♥ အခွင့်ရယ် မမျှော်သာ
နှစ်တွေအတော်ကြာအောင်
ခွဲခွာနေရမဲ့ရှေ့ရေး
မောင်မတွေးရဲဘူး မေ....။

♥♥♥ ဆောင်းဝင်္ကပါ တစ်ပတ်အကြော့
အချမ်းကမ္ဘာမှာ မောင်နေရတော့
အလွမ်းသံသရာရယ် ရှည်ပေါ့...မေ...။

♥♥♥ တကယ်တော့မျက်ရည်ဆိုတာ
အသံမထွက်တဲ့ ကြေကွဲမှုတစ်ခုပါ
သိပ်ချစ်လို့ ခွဲခွာရတဲ့ အဖြစ်ကိုငါမလိုချင်ဘူး
အတိတ်အကြောင်းတွေကိုမေ့ပြီး
အနာဂတ်ဘ၀မှာ ပျော်ပျော်နေရအောင်လား...မေ.......။


စံပယ် ရဲ့ မောင်

No comments:

Post a Comment