ပါးပြင်နုနု
ချွေးတွေစုလည်း....
မျက်ရည်ဥတို့ မဖုံးကြေး.....။
သနပ်ခါး မွှေးမြ
နေရောင်ကျလည်း....
နှုတ်ခမ်လှလှ မမဲ့ ကြေး.....။
လက်ဖ၀ါးနုနု
သွေးကြည်ဥလည်း....
လောကဓံကို မမှုကြေး.....။
ဖြေဖ၀ါးလှလှ
ဆူးတွေ ခ လည်း....
မျက်ရည် စ တို့ မကျကြေး....။
ဘ၀ အရေး
နွေးထွေးစရာ အကြင်နာနှင့်
ဖွေရှာအားမာန်
လောက ဒဏ်ကို
ခုခံရင်ဆိုင် တုယှဉ်ပြိုင်လျက်
နိုင်နိုင် ရှုံးရှုံး အတူပြုံးမယ်
မုန်းတယ်လို့လည်း မပြောကြေးနော်.....။
စံပယ် ရဲ့ မောင်
No comments:
Post a Comment