ရင်ခွင်တစ်ခုလုံး ဗြောင်ဆန်သွားအောင် ခံစားခဲ့ရတဲ့
ဘ၀အစစ်တစ်ခုထဲမှာ
အသိညဏ်အားလုံးကို နှစ်မြှုပ်ထားရင်း
ဘ၀သစ်တစ်ခုကိုအရေခြုံလို့
ခြေအစုံမှာ ရပ်နိုင်ဘို့ကြိုးစား
ရိုးသားခြင်း သင်္ကေတတွေကို ၀ိုးတ၀ါးဖြစ်တဲ့အခါ
မှတ်မိနိုင်စွမ်းမရှိခဲ့တဲ့ ငါ့အိပ်မက်ဟောင်းတွေက
လမ်းထထလျှောက်ပြီး
ကိုယ်ထင်ပြကြတယ်....။
ကိုယ့်ကိုကိုယ်မယုံရဲလို့
နောက်ကြောင်းပြန်လှည့်ကြေး ဆိုပြီး
အတောင်းဘဲပေးဖြစ်ခဲ့ တဲ့ ဂတိတွေကြား
လူနဲ့ လူ မှန်လိုကြည့်ကြ
အပြုံး သင်ခန်းစာတွေက
နှုတ်ခမ်းပါးတွေပေါ်မှာ
သကာရည်တွေ ယစ်မူးပေကျံ နေရပြန်တယ်....။
မြေလွှာပြတ်ရွှေ့ မှု မရှိဘဲ လှုပ်ခက်ခဲ့တဲ့ ငလျင်
ဗဟိုပြုရာမဲ့ အင်းအားပြင်းမုန်းတိုင်းတစ်ခု
ရဲမာန်ဝင့် နေတဲ့ ကမ်းပါးမဲ့ မြစ်တစ်စင်း
အမြုတေဥခွံထဲ
ငါဆိုတာလည်း
နွံတောထဲကကြာတစ်ပွင့်....။
ပိတ်ကားပြင်ထက်က
ဘ၀တု ဇာတ်ရုပ်မှာ နစ်မျောခံစား
အပိုချိန်မထားခဲ့ တဲ့ မျက်ရည်
ရင်နစ်စရာ ကိုယ့်ဘဝ
အကျဉ်းထဲ အကျပ်ထဲရောက်မှ
ငါ့ဒုက္ခ မျက်ရည်စက်တို့ ခမ်းခြောက်နေရပေါ့....။
ငါနဲ့ ငါသာ အကြုံးဝင်တဲ့
စကေးကိုက်မဟုတ်တဲ့ ငါ့ အမှန်တရားမှာ
ကိုယ့်ပုံရိပ်နဲ့ ကို ယုံကြည်မှုလွဲမှား
အလယ်ကြားက ကြည့်မှန်တစ်ချပ်
ပြဒါးကို အကြောင်းပြ
ခဏခဏ
ရိုက်ခွဲခံရရှာတယ်..............။
.........ဘဝ...........၉ - ၃ - ၁၀
No comments:
Post a Comment