မင်းမှာလဲ အတိက်ရှိသလို ငါ့မှာလဲ အတိက်နဲ့ပဲလေ...
လူဆိုတာ အတိက်မှာ ရပ်နေလို့မှ မရတာ
အနာဂတ်ဆီကို သွားတဲ့အခါမှာသာ
မင်းအနာဂတ်နဲ့ ငါ့အနာဂတ် တူညီနေဖို့ လိုတာပါကွာ
မင်းထိရှခဲ့တဲ့ ဒဏ်ရာတွေအတွက်
ငါ့စကားခွန်းရေတွေနဲ့ အနီးကပ်ပြုစုမယ်
ငါ့ကျဆုံးခဲ့တဲ့ မှတ်တိုင်တွေအတွက်
မင်း အရှေ့က လမ်းကူပြမယ်...
မင်းနဲ့ငါကြားမှာ
လေဟာနယ်တွေရှိမယ်...
ဒီဂျစ်တယ် ကိန်းဂဏန်းတွေ ရှိမယ်...
အသုံးချ နည်းပညာပစ္စည်းတွေနဲ့ များပြားလှတဲ့ မိုင်တွေ ရှိမယ်...
ကြိုးမဲ့ကိရိယာတွေက ဖြတ်သန်းလာတဲ့
မင်း အသံအက်ရှရှတွေရယ်...
စာလုံးလေးတွေထဲမှာ မျောပါလာတဲ့
မင်း အပြုံးပွင့်တွေရယ်...
အနားမှာ ရှိမနေပေမယ့်..
မင်း ရင်ခွင်မှာ ငါ ခိုဝင်တယ်...
အနားမှာ ရှိမနေပေမယ့်..
ငါ့ပုခုံးထက်မှာ မင်း မှီတွယ်တယ်..
ချစ်သူရယ်...
ယုံကြည်မှုအုတ်မြစ်ပေါ်မှာ
နားလည်မှုကို ကြားခံပြီးတော့
တွဲထားတဲ့ တို့နှစ်ယောက် လက်တွေ နွေးနေစေမယ် နော်။
စံပယ် ရဲ့ မောင်
No comments:
Post a Comment