Thursday, December 31, 2009

* အချစ် ရိုးတံပေါ်မှ သစ္စာ ပန်းပွင့် *

တကယ်ဆို
ကိုယ်ဟာ အိမ်ဝေး စိတ္တဇ လေလွင့် ငှက်ကလေး
မင်းနဲ့တွေ့မှ
မေ့မရအောင် လွမ်းတက်တာ
အဲ့ဒီ အလွမ်းတွေ ပေါ့
ဒို့ ယုံကြည်တဲ့ အချစ်အိမ်လေးဆီကို
ထမ်းပိုး သယ်ဆောင် နေတာလေ...................

ကယ်ပါ ပဲ
လန့်နိုးမှာလဲစိုး တိတ်တိတ် ခိုးပြီး
မင်းနဲ့တူ
ချစ်အိမ်မက် ကလေးထဲမှာ
ချစ်တေးလေးတွေ သီဆိုနေရင်းနဲ့
အချိန် နာရီ လက်တံတွေ အကန့်အသက်မဲ့
အဆုံး မရပ် ဘဲလဲ
ရှိစေချင်သေးတယ်လေ...............

တကယ်ပါ
မင်းနဲ့ကိုယ် ဟာ
ဝေဒနာတွေ ကိုလည်း မျှဝေခံစား ခဲ့ကြ
ဖြစ်သမျှ အကြောင်းအရာ တွေကိုလည်း
အေးအတူပူအမျှ ရင်ဆိုင်နိုင် ခဲ့ကျတယ်လေ
ချစ်ခွန်းဖွဲ့ စကားတွေကို
ချစ်တေးတွေ သီလို့
ကြယ်စုံ ည တွေမှာ
ဒို့ မမောစတမ်း ပြောခဲ့ကြတယ်လေ.............


တကယ်ပါပဲ
မင်းနဲ့ကိုယ်ဟာ
ယုံယုံကြည်ကြည် ထပ်တူကျခဲ့ကြ
ဘဝတခုကို ပေါင်းဖို့ အချိန်တွေ စိုက်ပျိုး
သစ္စာ တရား ကိုမိုး
အချစ်ကို ကိုးလို့
မေတ္တာ လမ်းပေါ်မှာ
အချစ်နဲ့ ပေးဆပ်ရင်ဆိုင် ခဲ့ကြတယ်လေ..........


တကယ်ပါပဲ
ကိုယ် က
ရိုးတံ ပြိုင်းပြိုင်း နဲ့
နွေသစ်ကိုင်းလေး ဖြစ်တဲ့အခါ
မင်း က
ပန်းနုရောင် ပွင့်ဖတ်ကလေးတွေနဲ့
နွေ နေကို အံတုရင်း ပွင့်ပြ
တောင်ပေါ် ချယ်ရီ ပင်တွေ က
ဒို့ နှစ်ဦး သစ္စာ တရားရဲ့ သက်သေတွေလေ............


တကယ်ပါပဲ...ချစ်သူ
တနေ့ အနီးဆုံး လူသား နှစ်ဦး အဖြစ်နဲ့
တသက်လုံး လက်တွဲ သွားဖို့
အချိန်တွေကို စောင့်စားရင်း
ယုံကြည်ခြင်း နဲ့အတူ
သစ္စာ တရားကို လက်ကိုင်ထားလို့
ဒို့ နှစ်ဦး ဆက်ချစ်သွားကျမယ်နော်............


လတ်............၃၀ - ၁၂ - ၀၉...........


a` de lote tg chit ya the.mp3a` de lote tg chit ya the.mp3

Friday, December 25, 2009

သေခန်းပြတ် * ချစ်သူ*

မင်းက အမုန်းတရား တွေ ရင်မှာပိုက်
ငါ က အရှုံး သမား ဘဝနဲ့
ဒီ မှာတင် ရပ်နေလို့
ဒီဘဝ ဒီမျှ နဲ့
ဘာမှဖြစ်လာမှာ မဟုတ်တော့
တခန်း ရပ် ပြဇာတ် အဖြစ်
ကန့်လန့်ကာချ ရုံခါပြလိုက် မယ်
ဇာတ်လမ်းလည်းဆုံး အပြီးလည်း မုန်းပေါ့

ရက်စက်ခဲ့တဲ့မင်း ငါ့အသည်းတွေ
တဆစ်ဆစ် နာလို့ရယ်
မင်းထက် ရက်စက်သူတောင်
မင်းလောက် ရက်စက်တက်မယ် မထင်ခဲ့ဘူး
ခယ တောင်းပန်နေလည်း
အရေး မလုပ်ခဲ့တဲ့ မင်း
ခုချိန် က စလို့
နာကျဉ်း ခြင်း အုတ်တံတိုင်းတွေ
ငါ့နှလုံးသား မှာ ကာရံလိုက်တော့မယ်
နားလည်မှု့ မပါတဲ့ အချစ်ဆိုတာ မှန်သမျှ
လက်ခံခြင်း ဆိုတဲ့......
လက်မှတ် မပေးတော့ဘူး
ဒီမှာတင် အပြီး ဆုံးတိုင် ဖြတ်ခဲ့ပြီ နော်
သေခန်းပြတ် ပဲ ချစ်သူ..........


လတ်.....၂၁..၁၂..၀၉...

အရိပ် ငွေ့

မြောက်ပြန် လေတွေ ဆူဝေတဲ့ နေ့က
ထာဝရ သော့ခတ်ထားတဲ့
ရင်ခွင် တံခါး ကို ဆွဲဖွင့် မိလိုက်တယ်

နှလုံးသား တခုလုံး ဟာလာဟင်းလင်း
ရင်ခုန် နှုန်းတွေက ခုန်တော့မလိုလို
ရင်ခုန်သံ တွေဘဲ ရပ်တန့်တော့မလိုလို
ဘယ်ဆီများလည်း...........
မပြောမဆို
တမြေ့မြေ့ ဆွေးရိပ် တိမ်တွေ

ခုချိန်သာဆို.....
တေလေတယောက်
ဘယ်ဆီမှာ ဖြေရာဖျောက် မသိပေမယ့်
မြေဝပ်ငှက် ကလေး ကတော့
ငါ့နှလုံးသား မျက်ခင်းပြင် ထဲမှာ...

ဘဝဟောင်းရဲ့
ရေပြင်အောက် အမှောင်ထုမှာ
အချစ်ကြိုး မဖြတ်ရသေးတဲ့ နွယ်ရှင်တွေ
လန့်နိုးရစ်ပတ်နေကြ.......

ငါ့နားစည်ထဲမှာ
နင့်ရဲ့ခေါ်သံ သဲ့သဲ့ ကြားရတယ်
အစုတ်ပလုပ် မလေးရေတဲ့
ငါယောင်ပြီ ထထူမိတယ်
ကောင်စုတ် တဲ့ သတိတရပေါ့

အဲ့လိုနဲ့
လေထဲ မင်းနာမည်
ငါရေးခဲ့တယ်...(.....)


လတ် (၂၄-၁၂-၀၉ )

Tuesday, December 15, 2009

*...* ထံသို့ လွမ်းစာ

ချစ်တဲ့......................
သူငယ်ချင်းလေး.......*....* ရေ
အတိတ် ပဝေသဏီ က
အရိပ်တွေ ထင်ကျန် ရစ်စေခဲ့
တနေ့ မှ မေ့မရခဲ့ပါ
မနေ့က လိုပါပဲ ထင်...........
မင်းဟန်ပန် မှုယာတွေက
မျက်ဝါးထင် မြင်နေရသလိုပင်
အတွေးထဲ စွဲနေရစ်ပေါ့......
မင်းအပြုံး မင်းစကားလုံးတွေက
နက်ရှိုင်းဆုံး နှလုံးတနေရာမှ
ယနေ့တိုင် ကြားနေဆဲပင်
စွဲထင်ရစ် သံယောဇဉ်တွေက
ငါ့အလွန်တွေများလား...........
ဝေဝါးလို့ စဉ်းစားနေချိန်မှာ
မင်းကတော့ ငါ့ကို
ရှိတယ်လို့ပင် မထင်
ရောက်နေရာ အရပ်မှာ
ပျော်သလို နေတက်တဲ့ မင်း..........
မာနိုင်တဲ့ မင်းအသည်း
ကျောက်ခဲနဲ့ မှားလာသလား
အချိန်တိုင်း သတိမရရင်နေပါ
တိုက်ဆိုင်မှု့ လေးရှိခဲ့ရင်
ဖျက်ကနဲ တချက်လောက်
သတိယ ပေးပါလို့
အဝေးတနေရာ က
မင်းရဲ့ သူငယ်ချင်းမလေး
လတ်


လတ် (၁၆-၁၂-၀၉)

ပေးဆပ်ခြင်း * ချစ် *

မင်းမုန်းမယ် ဆိုရင်လည်း
အပြုံး မပျက် အမုန်းတွေ ပွေ့ဖက်လို့
အသက်ထက်ဆုံးထိ
ရင်ကွဲ ခံလို့....
လက်ခံလိုက်ပါ့ မယ်
မင်းထားခဲ့လို့ ဒဏ်ရာများစွားနဲ့
ကျန်နေခဲ့မယ်ဆိုရင်လည်း
တွယ်တာခဲ့ရတဲ့ သံယောဇဉ် တွေနဲ့
ကွယ်ရာကနေပြီး....
ထာဝရချစ်နေပါ့မယ်

သံယောဇဉ် အခြေပဲ့နဲ့
အနေခက် နေရတဲ့ဘဝ
ဘဝ ပဲ့ကိုင်ရှင် က
စေလိုရာ စေ...
နှလုံးသား ကိုလိုရာ သုံး
တစစီ ဖဲ့ခြွေ ပြီးမှ
ဂဏန်း ခြေဖြုတ် ဘဝနဲ့
မင်းသွားလိုရာ..သွားနိုင်ပြီ ဆိုလည်း
အဲ့ဘဝလေး နဲ့ပဲ
ကျေနပ်ပြီး အဝေးကို ဖယ်မခွာ
အသက်ပါ ပေးလို့
မင်းအနားမှာဘဲ
ပေးဆပ်ခြင်းတွေနဲ့
စောင့်စားနေချင်သူပါ......ရှင်ရယ်


လတ် (၁၅-၁၂-၀၉)

ကျေနပ်ပါတယ်

မောင်ရယ်........
အသစ်တွေ့လို့
အချစ်ကိုမေ့တာလား
မချစ်ချင်လို့
အပြစ်မြင်တာလား..........

ဒီရင်မှာ နွမ်းလျ တမ်းတရပါတယ်
ဘယ်ဘဝ က အကြောင်းဖန်လာ
ကံ မကောင်းပြန်တာက ကျွန်မ
အဖန် တလဲလဲ ကွဲ ခဲ့တဲ့
တစစီ ဒီအသည်း တွေက
မြေပေါ်ကို ကျပြန်တော့လည်း
နင်းမယ့်သူက ထပ်တလဲလဲနဲ့ပေါ့......

လေနှင်ရာ လူးလွန့် ပြန်တော့
မုန်တိုင်း ရယ်က ထန်လာ
ဝေဒနာ လှိုင်းဒဏ်တွေ ကြောင့်
ဒီရင်မှာ မလန်းတော့ပါဘူး........
မွန်းကျပ် မှု့ တွေ ရင်မှာပြည့်လို့
အလွမ်းပင်လယ်မှာ
ထပ်နစ်ခဲ့ ရင်လည်း.........

ချစ်သူပေးမယ့်
ဝေဒနာလက်ဆောင်တွေအတွက်
ကျေနပ်နေပါတယ်....* မောင် * ရယ်

လတ် ( 11-12-09 )

Thursday, December 3, 2009

မီးစာ

ခပ်တိုးတိုး တိုက်ခတ်လာတဲ့
လေပြေကြားမှာ
မင်း....ရယ်သံခပ်သဲ့သဲ့လေးကြားမိတယ်
ကွာဟမှုဆိုတဲ့
တံတိုင်းကြားမှာ အဖြူရောင်ပိတ်ကားချပြပြီး
မီးမောင်းထိုးဖို့ 
ကြိုးစားနေမိပြီ.....
မိုးစက်ပွင့်လေးတွေ ကျလာမိတိုင်း
ငါ့...ရင်ထဲက
နွမ်းဖတ်နေတဲ့ အနက်ရောင်ပန်းပွင့်လေး
နှိုးထရှင်သန်လာတော့တယ်
ကောင်းကင်ထက်မှာ
ခါးကိုင်းအောင် ကုန်းနေရရှာတဲ့
လခြမ်းငယ်လေးရယ်
မင်းအတွက်....
ပျော်ရွှင်စေဖို့  ကြယ်တလုံးကြွေကျတိုင်း
ငါဆုတောင်းနေခဲ့မိပြီ.......
မင်း...နင်းလျှောက်မယ့်
လမ်းတိုင်းမှာ ငါ့...ရင်ဘတ်ကို
တံတားထိုးခဲ့ပေးမယ်
ဝါကျင့်ကျင့်နေမင်းကြီးက အနောက်ဘက်တောင်တန်းတွေထဲ
ပုန်းခိုသွားပေမယ့်
မင်းအတွက်....
လမ်းစမပျောက်အောင် ငါ့..ခန္ဓာကိုယ်ကို
မီးရှို့ လို့ 
ငါ..အရည်ပျော်ကျတဲ့အထိ
မင်း..အနားမှာ ဖယောင်းတိုင်တစ်တိုင်ရဲ့ 
မီးစာလေးအဖြစ်တော့...
ငါ့ကို....
နေခွင့်ပြုပါ....။

ကဗျာတွေနဲ့ကျေနပ်ချင်သူ

အလွှာအထပ်မတူတဲ့ ပုဝါကမ်းတဲ့လက်ကို
ခါထွက်ခဲ့ပြီလား............
စာမတွက်တတ်လို့ ဆရာလပ်နေတဲ့ ငါ့ဘ၀ထဲကို
ကဗျာစပ်တတ်အောင်ထိ သင်ပေးခဲ့ဘူးတဲ့မင်းက
အခုတော့ ငါ့ဘ၀က ၀လုံးကနေ သုံညဘ၀ကိုရောက်ရတော့မယ်....
တော်ပါပြီ လောကကြီးရယ်.....
မင်းသင်ပေးတဲ့ ကဗျာတွေနဲ့
ငါတစ်ယောက်တည်း ကမ္ဘာပတ်ပြီးကဗျာစပ်ခွင့်ပြုပါတော့.....

ရည်ရွယ်သူ..သို့...

အမှတ်တမဲ့ ..................
ဘ၀လမ်းခရီးတစ်ကွေ့တစ်နေရာ
မသေချာမရေရာတဲ့ လမ်းတစ်ခုကို
လျှောက်လှမ်းနေတယ်ပေါ့
အမှတ်တရ .......................
ဖြစ်စေဘို့ အကြောင်းအရာလေးတစ်ခု.....
ဘယ်ဆီကလာ ဘယ်ဆီကိုပြန်ရမယ်ဆိုတာကို
မသိ ရတဲ့ လူသားတစ်ဦးရဲ့ဘ၀မှာ....
ဇော် ..ဆိုတဲ့လူသားတစ်ဦးကတော့................
အမှတ်တမဲ့မှ အမှတ်တရ
မင်းကိုတွေ့ခွင့်ရခဲ့ပြီ.....

တွယ်တာမြတ်နိုး
တိတ်တခိုးနဲ့
ရစ်မိုး တွယ်ယှက်
ဖြည်ရန်ခက်သည့်
ရစ်ပတ်နှောင်ကြိုး
သံယောဇဉ်ကြိုးကို
တိုးတိုးတိတ်တိတ်
ချစ်ခွင့်ပြုပေးပါ ......

မြတ်နိုးတွယ်တာ
အကြင်နာနှင့်
ရင်မှာနှောင်ကြိုး
ချစ်နွယ်ကြိုးကို
ဖျက်ချိုးမလွယ်
ရစ်ပတ်တွယ်ပြီ
ရည်ရွယ်သူတယောက်
သိပါစေ...........

*ကဗျာ*

P=Peace and Love
O=Only for You
E=Established in My Heart
M= May I show you My Love with this P.O.E.M

ကဗျာ ဆိုတဲ့စာသားလေးနဲ့
POEM လေးကို ပေါက်တတ်ကရဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်..
.အမှားပါရင် ခွင့်လွှတ်ပေးစေလိုပါတယ်....

ငါ့ရင်ထဲမှာ
မင်းတစ်ယောက်တည်းအတွက်
ငြိမ်းချမ်းရေးနဲ့ အချစ်တွေ
တည်ထောင်ခဲ့မိပြီ ဆိုတာကို
ဒီကဗျာလေးနဲ့အတူ
ငါ့ရဲ့အချစ်တွေကို ဖော်ပြပါရစေလား

* ငါမဟုတ်တဲ့ ငါ *

ဒီမျက်နှာ ဒီအသံ ဒီစကားတွေ က
ငါ့မျက်နှာ ငါ့အသံ ငါ့စကားတွေ လား
ငါသာအမှန်တကယ် ငါ ဖြစ်ခဲ့မယ်ဆိုရင်
ငါ အခု ဘယ်ကလာလို့ ဘယ်ကိုသွားရမလဲ.....
ငါ့ကို သူငယ်ချင်းတွေက ဇော် ဆိုပြီးတော့သိကြတယ်
တကယ်တော့ ငါ ဟာ သံသရာစက်ဝန်းထဲက ကျင်လည်နေတဲ့
သံသရာ ခရီးသည်တစ်ဦးပါ..........
တစ်နေ့မှာ အခုလိုမျိုးရောက်လာသလို ငါပြန်သွားရအုံးမယ်......
ငါရောက်လာတုန်း အခိုက်မှာ သူငယ်ချင်းတွေ နဲ့ ခင်မင်ခွင့်ရတယ်.....
အခုငါတို့ ဆုံခွင့်ရသလို......
တစ်နေ့နေ့မှာပြန်ခွဲခွါရအုံးမယ်နော်.......
တစ်ခုတော့မှာလိုက်ချင်ပါတယ်...
ရောက်တဲ့အရပ်မှာပျော်အောင်နေပြီး
ကိုယ့်အတွက်ကျန် အောင်လုပ်ဆောင်ပါ.....
သူတစ်ပါးကို တိုက်တွန်းပါ.....
ဒီဘ၀ထက်နောင်ဘ၀က အရေးကြီးတယ်....
သံသရာ ခရီးသည်ဘ၀မှ ကင်းဝေးကြပါစေ
မိတ်ဆွေအပေါင်းတို့........
ငါမဟုတ်တဲ့ ငါ
နင်မဟုတ်တဲ့နင်
ရုပ် နဲ့ နာမ်ဆိုတဲ့ ပညာတ်ထားတဲ့ အလွှာ ၂ ခုကို ခွာထုတ်ကာ ပြရမယ်ဆိုရင်
ယောကျာင်္းမဟုတ် မိန်းမ မဟုတ်၊ နင်မဟုတ် ငါ မဟုတ်......
ခရီးလည်နေတဲ့ ခရီးသည်တွေပါလားဆိုတဲ့အတွေး
မိတ်ဆွေတို့ အမြဲတွေးရင်း .................
ပြန်လည်ဆုံဆည်းကြပါစို့လား.............

* မင်းပျော်မယ်ဆိုရင်*

ကောင်းကင်တွေအုံ့ဆိုင်းလို့
တိမ်ညိုတွေမှိုင်းလျက်ပေါ့
လေပြေတွေ လှိုင်းထန်နေလို့
ကြယ်စင်တွေ အဝေးသို့လွင့်စင်လျက်ပေါ့
လမင်းကြီးလည်းပျောက်ကွယ်နေလို့
လောကကြီးတစ်ခုလုံးမည်းမှောင်လျက်ပေါ့

ချစ်သူ.............
မင်းတစ်ယောက်သာ ပျော်ရွှင်ကြည်နူးမယ်ဆိုရင်
အုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးရယ်
၊ညိုမှိုင်းနေတဲ့ တိမ်စိုင်တွေရယ်
လှိုင်းထန်နေတဲ့ လေပြေတွေရယ်၊
လွင့်စင်သွားတဲ့ ကြယ်စင်တွေရယ်
ပျောက်ကွယ်သွားတဲ့ လမင်းကြီးရယ်၊
မည်းမှောင်နေတဲ့ လောကကြီးတစ်ခုလုံးကို
အလျဉ်းမရှိ ရွှင်းအိတောက်ပလာအောင်
ငါဖန်ဆင်းပေးပါရစေသား.....

ဒါကိုမှ မင်းမပျော်နိုင်သေးရင်
ဇော် ဆိုတဲ့ ငါတစ်ယောက်
မင်းရှေ့မှာ ဒူးထောက်လို့
ကောက်ကွေ့ချင်းမရှိတဲ့
ငါ့ရဲ့  ရင်ခုန်သံ မြစ်တစ်စင်း
ချစ်ခြင်းများစွာနဲ့ မြစ်ဖျားခံတဲ့
မာယာကင်းတဲ့ ချစ်ခြင်းမေတ္တာ
အပြစ်ရှာလို့ မရအောင်
ခပ်ခွာခွာကနေပဲချစ်နေပါဆိုရင်လည်း
မင်းရဲ့ ဆန္ဒ မင်းရဲ့ ဘ၀ကို
ထာဝရပျော်ရွှင်စေဘို့
ငါ့ရဲ့နှလုံးသွေးနဲ့ ရေးတဲ့
ဒီကဗျာလေးတစ်ပုဒ်နဲ့ ကျေနပ်ခွင့်ပြုပါတော့ ...

*ရင်ဆိုင်ခွန်အား*

စိတ်ဓာတ်မကျဘူး ဇွဲမလျော့ဘူး
အငိုဆိုတာမရှိစေရဘူး
မနက်ဖြန်ဆိုတဲ့နေ့တိုင်းမှာ
ငါ့အတွက်မျှော်လင့်ချက်ဆိုတာရှိတယ်
မျှော်လင့်ချက်ဆိုတာ
မြှားတစင်းရဲ့ပစ်မှတ်ပါ
တနေ့ထိအောင်ပစ်နိုင်ရမယ်
အဲ့ဒီနေ့ဟာ..........
တို့နှစ်ဦးဘဝရဲ့ အပျော်ရွှင်ဆုံးနေ့......

မကျရှုံးစေရဘူး ငါ့စိတ်ဓာတ်တွေ
ဘယ်သောအခါမှ..........
မယုတ်လျော့စေရဘူး ငါ့ ရဲ့  ဇွဲ
ဘယ်သောအခါမှ........
မနက်ဖြန်ဆိုတဲ့ မနက်ဖြန်xxxမရှိစေရဘူး
ဘယ်သောအခါမှ......
ဒါပေမယ့်xxxxxxxxxxxx
မနက်ဖြန်ရဲ့မနက်ဖြန်တိုင်းကတော့ ငါ့အတွက်
ရှင်သန်စေရမယ်xxx
အစဉ်အမြဲ.....

မျှော်လင့်ချက်ဆိုတဲ့ပစ်မှတ်
ထိအောင်ပစ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့တွေ့တော့
မင်းဟာငါ့ရဲ့ ရင်ဆိုင်ခွန်အားလေးပေါ့.....

တဒင်္ဂအလွမ်း မညစ်နွမ်းတဲ့စိတ်နဲ့
တလှမ်းချင်းလှမ်းပြီးလျှောက်မယ်.....
မရောက်ဘယ်ခါရှိနိုင်အံ့ ......
ဘ၀ပန်းတိုင် ဆွတ်ခူးနိုင်ရန်
မခိုင်အင်အား မရှိငြားဟု
အားမာန်ကာတင်း ရောင်ခြည်လင်းတိုင်
ဆူးခင်းလမ်းတွေ့ မရှောင်ကွေ့ပဲ
တစ်ကွေ့ကွေ့တော့ ရောက်နိုင်လော့.........

စံပယ်တပွင့်၏ ဒဏ်ရာ

ဆောင်းရာသီရဲ့ နံနက်ခင်းတခုမှာပေါ့ စံပယ်လမ်းလျောက် ထွက်လာတဲ့လမ်းလေးမှာ
သူ စောင့်နေခဲ့တယ် သူ့လက်ထဲမှာ ဆောင်းနဲ့အပြိုင် သင်းပျံမွှေးကြိုင် နေတဲ့စံပယ်
တွေနဲ့ပေါ့ စံပယ်အနားရောက်လာတော့ သူက *စံပယ်အတွက်စံပယ်ပန်းလက်ဆောင်ပါ*
တဲ့ ဒီနှစ်ဆောင်းလောက်လှပတာမရှိတော့ပါဘူး သူ စံပယ်ကိုနေ့တိုင်း စံပယ်ပန်းလေး
တွေပေးခဲ့တယ် လေ စံပယ်ပန်းနဲ့အတူ တနေ့မှာ *ချစ်တယ်* ဆိုတဲ့စကားလေးပါ ထပ်ဆင့်
ပေးပြန်တယ် စံပယ်ရင်ခုန်မိပါတယ် ၊ မျှော်လင့်မိပါတယ် စံပယ်ပန်းရယ် သူ့ရဲ့အချစ်ရယ်
ထာဝရတည်တံ့ဖို့ပေါ့ စံပယ်စိတ်ကူးလေးတွေနဲ့ ပျော်နေမိခဲ့တယ် ဒီလိုနဲ့ တဆောင်း
ကုန်သွားပြန်ပြီပေါ့ ဆောင်းပျောက်လို့ နွေအရောက် စံပယ်လည်းတုံး မောင်လည်းမုန်းပေါ့..
ခုတော့သူက ခရေချစ်တဲ့ကောင်မလေးနဲ့လေ .. ရက်စက်လိုက်တာလို့တော့ မပြောတော့ပါဘူး
ချစ်ကံခေသူတွေဟာ ဘယ်တော့မှ အချစ်ရေးမှာ နလန်မထူဘူးဆိုတာ သိထားပါတယ်လေ...
အဲ့ဒီနေ့ကစပြီး စံပယ်ဟာ ခရေကိုမုန်းခဲ့တာ ဒီနေ့ထိတိုင်အောင်ပါဘဲ ဘယ်သူကိုမှတော့
အပြစ်မပြောတော့ပါဘူး ရင်ထဲက ဒဏ်ရာလေးဘဲ ကုစားရင်ကျေနပ် နေလိုက်ပါတော့မယ်...


စံပယ် တပွင့် ခြွေနင်း ရက်လည်း
အငြိုး မပါ ဖြူစင် မေတ္တာ
ပေးသနား လှည့်ပါ
မငြင်း ရက်ပါ ထာဝရ အချစ်များ
ချစ်ဦးသူသာ တဘဝလုံး
ပေးခဲ့တာပါ
တဆောင်း ကုန်လို့ နွေအကူမှာ
စံပယ် လည်းတုံး မောင်လည်း မုန်းပေါ့
ခုတော့ သူ့အချစ်
ခရေ တဖြစ် လဲ
အသစ် ဖြစ်ပွား
အချစ် များနဲ့ပေါ့
စံပယ် မှာသာ ရင်တွင်း ဒဏ်ရာ
ဖြေရာ နထ္ထိ
ဆေးမရှိ
စံပယ်ကို သနားလို့တဲ့
ဆောင်းတွေ တောင်ငိုချလိုက်တာ
နှင်းတွေ နဲ့ ဖွေးရော


လတ် (၂၉-၁၁-၀၉)