မြောက်ပြန် လေတွေ ဆူဝေတဲ့ နေ့က
ထာဝရ သော့ခတ်ထားတဲ့
ရင်ခွင် တံခါး ကို ဆွဲဖွင့် မိလိုက်တယ်
နှလုံးသား တခုလုံး ဟာလာဟင်းလင်း
ရင်ခုန် နှုန်းတွေက ခုန်တော့မလိုလို
ရင်ခုန်သံ တွေဘဲ ရပ်တန့်တော့မလိုလို
ဘယ်ဆီများလည်း...........
မပြောမဆို
တမြေ့မြေ့ ဆွေးရိပ် တိမ်တွေ
ခုချိန်သာဆို.....
တေလေတယောက်
ဘယ်ဆီမှာ ဖြေရာဖျောက် မသိပေမယ့်
မြေဝပ်ငှက် ကလေး ကတော့
ငါ့နှလုံးသား မျက်ခင်းပြင် ထဲမှာ...
ဘဝဟောင်းရဲ့
ရေပြင်အောက် အမှောင်ထုမှာ
အချစ်ကြိုး မဖြတ်ရသေးတဲ့ နွယ်ရှင်တွေ
လန့်နိုးရစ်ပတ်နေကြ.......
ငါ့နားစည်ထဲမှာ
နင့်ရဲ့ခေါ်သံ သဲ့သဲ့ ကြားရတယ်
အစုတ်ပလုပ် မလေးရေတဲ့
ငါယောင်ပြီ ထထူမိတယ်
ကောင်စုတ် တဲ့ သတိတရပေါ့
အဲ့လိုနဲ့
လေထဲ မင်းနာမည်
ငါရေးခဲ့တယ်...(.....)
လတ် (၂၄-၁၂-၀၉ )
ထာဝရ သော့ခတ်ထားတဲ့
ရင်ခွင် တံခါး ကို ဆွဲဖွင့် မိလိုက်တယ်
နှလုံးသား တခုလုံး ဟာလာဟင်းလင်း
ရင်ခုန် နှုန်းတွေက ခုန်တော့မလိုလို
ရင်ခုန်သံ တွေဘဲ ရပ်တန့်တော့မလိုလို
ဘယ်ဆီများလည်း...........
မပြောမဆို
တမြေ့မြေ့ ဆွေးရိပ် တိမ်တွေ
ခုချိန်သာဆို.....
တေလေတယောက်
ဘယ်ဆီမှာ ဖြေရာဖျောက် မသိပေမယ့်
မြေဝပ်ငှက် ကလေး ကတော့
ငါ့နှလုံးသား မျက်ခင်းပြင် ထဲမှာ...
ဘဝဟောင်းရဲ့
ရေပြင်အောက် အမှောင်ထုမှာ
အချစ်ကြိုး မဖြတ်ရသေးတဲ့ နွယ်ရှင်တွေ
လန့်နိုးရစ်ပတ်နေကြ.......
ငါ့နားစည်ထဲမှာ
နင့်ရဲ့ခေါ်သံ သဲ့သဲ့ ကြားရတယ်
အစုတ်ပလုပ် မလေးရေတဲ့
ငါယောင်ပြီ ထထူမိတယ်
ကောင်စုတ် တဲ့ သတိတရပေါ့
အဲ့လိုနဲ့
လေထဲ မင်းနာမည်
ငါရေးခဲ့တယ်...(.....)
လတ် (၂၄-၁၂-၀၉ )
No comments:
Post a Comment