ခပ်တိုးတိုး တိုက်ခတ်လာတဲ့
လေပြေကြားမှာ
မင်း....ရယ်သံခပ်သဲ့သဲ့လေးကြားမိတယ်
ကွာဟမှုဆိုတဲ့
တံတိုင်းကြားမှာ အဖြူရောင်ပိတ်ကားချပြပြီး
မီးမောင်းထိုးဖို့ 
ကြိုးစားနေမိပြီ.....
မိုးစက်ပွင့်လေးတွေ ကျလာမိတိုင်း
ငါ့...ရင်ထဲက
နွမ်းဖတ်နေတဲ့ အနက်ရောင်ပန်းပွင့်လေး
နှိုးထရှင်သန်လာတော့တယ်
ကောင်းကင်ထက်မှာ
ခါးကိုင်းအောင် ကုန်းနေရရှာတဲ့
လခြမ်းငယ်လေးရယ်
မင်းအတွက်....
ပျော်ရွှင်စေဖို့  ကြယ်တလုံးကြွေကျတိုင်း
ငါဆုတောင်းနေခဲ့မိပြီ.......
မင်း...နင်းလျှောက်မယ့်
လမ်းတိုင်းမှာ ငါ့...ရင်ဘတ်ကို
တံတားထိုးခဲ့ပေးမယ်
ဝါကျင့်ကျင့်နေမင်းကြီးက အနောက်ဘက်တောင်တန်းတွေထဲ
ပုန်းခိုသွားပေမယ့်
မင်းအတွက်....
လမ်းစမပျောက်အောင် ငါ့..ခန္ဓာကိုယ်ကို
မီးရှို့ လို့ 
ငါ..အရည်ပျော်ကျတဲ့အထိ
မင်း..အနားမှာ ဖယောင်းတိုင်တစ်တိုင်ရဲ့ 
မီးစာလေးအဖြစ်တော့...
ငါ့ကို....
နေခွင့်ပြုပါ....။
လေပြေကြားမှာ
မင်း....ရယ်သံခပ်သဲ့သဲ့လေးကြားမိတယ်
ကွာဟမှုဆိုတဲ့
တံတိုင်းကြားမှာ အဖြူရောင်ပိတ်ကားချပြပြီး
မီးမောင်းထိုးဖို့ 
ကြိုးစားနေမိပြီ.....
မိုးစက်ပွင့်လေးတွေ ကျလာမိတိုင်း
ငါ့...ရင်ထဲက
နွမ်းဖတ်နေတဲ့ အနက်ရောင်ပန်းပွင့်လေး
နှိုးထရှင်သန်လာတော့တယ်
ကောင်းကင်ထက်မှာ
ခါးကိုင်းအောင် ကုန်းနေရရှာတဲ့
လခြမ်းငယ်လေးရယ်
မင်းအတွက်....
ပျော်ရွှင်စေဖို့  ကြယ်တလုံးကြွေကျတိုင်း
ငါဆုတောင်းနေခဲ့မိပြီ.......
မင်း...နင်းလျှောက်မယ့်
လမ်းတိုင်းမှာ ငါ့...ရင်ဘတ်ကို
တံတားထိုးခဲ့ပေးမယ်
ဝါကျင့်ကျင့်နေမင်းကြီးက အနောက်ဘက်တောင်တန်းတွေထဲ
ပုန်းခိုသွားပေမယ့်
မင်းအတွက်....
လမ်းစမပျောက်အောင် ငါ့..ခန္ဓာကိုယ်ကို
မီးရှို့ လို့ 
ငါ..အရည်ပျော်ကျတဲ့အထိ
မင်း..အနားမှာ ဖယောင်းတိုင်တစ်တိုင်ရဲ့ 
မီးစာလေးအဖြစ်တော့...
ငါ့ကို....
နေခွင့်ပြုပါ....။
No comments:
Post a Comment