Friday, December 25, 2009

သေခန်းပြတ် * ချစ်သူ*

မင်းက အမုန်းတရား တွေ ရင်မှာပိုက်
ငါ က အရှုံး သမား ဘဝနဲ့
ဒီ မှာတင် ရပ်နေလို့
ဒီဘဝ ဒီမျှ နဲ့
ဘာမှဖြစ်လာမှာ မဟုတ်တော့
တခန်း ရပ် ပြဇာတ် အဖြစ်
ကန့်လန့်ကာချ ရုံခါပြလိုက် မယ်
ဇာတ်လမ်းလည်းဆုံး အပြီးလည်း မုန်းပေါ့

ရက်စက်ခဲ့တဲ့မင်း ငါ့အသည်းတွေ
တဆစ်ဆစ် နာလို့ရယ်
မင်းထက် ရက်စက်သူတောင်
မင်းလောက် ရက်စက်တက်မယ် မထင်ခဲ့ဘူး
ခယ တောင်းပန်နေလည်း
အရေး မလုပ်ခဲ့တဲ့ မင်း
ခုချိန် က စလို့
နာကျဉ်း ခြင်း အုတ်တံတိုင်းတွေ
ငါ့နှလုံးသား မှာ ကာရံလိုက်တော့မယ်
နားလည်မှု့ မပါတဲ့ အချစ်ဆိုတာ မှန်သမျှ
လက်ခံခြင်း ဆိုတဲ့......
လက်မှတ် မပေးတော့ဘူး
ဒီမှာတင် အပြီး ဆုံးတိုင် ဖြတ်ခဲ့ပြီ နော်
သေခန်းပြတ် ပဲ ချစ်သူ..........


လတ်.....၂၁..၁၂..၀၉...

No comments:

Post a Comment