Thursday, December 3, 2009

* မင်းပျော်မယ်ဆိုရင်*

ကောင်းကင်တွေအုံ့ဆိုင်းလို့
တိမ်ညိုတွေမှိုင်းလျက်ပေါ့
လေပြေတွေ လှိုင်းထန်နေလို့
ကြယ်စင်တွေ အဝေးသို့လွင့်စင်လျက်ပေါ့
လမင်းကြီးလည်းပျောက်ကွယ်နေလို့
လောကကြီးတစ်ခုလုံးမည်းမှောင်လျက်ပေါ့

ချစ်သူ.............
မင်းတစ်ယောက်သာ ပျော်ရွှင်ကြည်နူးမယ်ဆိုရင်
အုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးရယ်
၊ညိုမှိုင်းနေတဲ့ တိမ်စိုင်တွေရယ်
လှိုင်းထန်နေတဲ့ လေပြေတွေရယ်၊
လွင့်စင်သွားတဲ့ ကြယ်စင်တွေရယ်
ပျောက်ကွယ်သွားတဲ့ လမင်းကြီးရယ်၊
မည်းမှောင်နေတဲ့ လောကကြီးတစ်ခုလုံးကို
အလျဉ်းမရှိ ရွှင်းအိတောက်ပလာအောင်
ငါဖန်ဆင်းပေးပါရစေသား.....

ဒါကိုမှ မင်းမပျော်နိုင်သေးရင်
ဇော် ဆိုတဲ့ ငါတစ်ယောက်
မင်းရှေ့မှာ ဒူးထောက်လို့
ကောက်ကွေ့ချင်းမရှိတဲ့
ငါ့ရဲ့  ရင်ခုန်သံ မြစ်တစ်စင်း
ချစ်ခြင်းများစွာနဲ့ မြစ်ဖျားခံတဲ့
မာယာကင်းတဲ့ ချစ်ခြင်းမေတ္တာ
အပြစ်ရှာလို့ မရအောင်
ခပ်ခွာခွာကနေပဲချစ်နေပါဆိုရင်လည်း
မင်းရဲ့ ဆန္ဒ မင်းရဲ့ ဘ၀ကို
ထာဝရပျော်ရွှင်စေဘို့
ငါ့ရဲ့နှလုံးသွေးနဲ့ ရေးတဲ့
ဒီကဗျာလေးတစ်ပုဒ်နဲ့ ကျေနပ်ခွင့်ပြုပါတော့ ...

No comments:

Post a Comment