Thursday, December 31, 2009

* အချစ် ရိုးတံပေါ်မှ သစ္စာ ပန်းပွင့် *

တကယ်ဆို
ကိုယ်ဟာ အိမ်ဝေး စိတ္တဇ လေလွင့် ငှက်ကလေး
မင်းနဲ့တွေ့မှ
မေ့မရအောင် လွမ်းတက်တာ
အဲ့ဒီ အလွမ်းတွေ ပေါ့
ဒို့ ယုံကြည်တဲ့ အချစ်အိမ်လေးဆီကို
ထမ်းပိုး သယ်ဆောင် နေတာလေ...................

ကယ်ပါ ပဲ
လန့်နိုးမှာလဲစိုး တိတ်တိတ် ခိုးပြီး
မင်းနဲ့တူ
ချစ်အိမ်မက် ကလေးထဲမှာ
ချစ်တေးလေးတွေ သီဆိုနေရင်းနဲ့
အချိန် နာရီ လက်တံတွေ အကန့်အသက်မဲ့
အဆုံး မရပ် ဘဲလဲ
ရှိစေချင်သေးတယ်လေ...............

တကယ်ပါ
မင်းနဲ့ကိုယ် ဟာ
ဝေဒနာတွေ ကိုလည်း မျှဝေခံစား ခဲ့ကြ
ဖြစ်သမျှ အကြောင်းအရာ တွေကိုလည်း
အေးအတူပူအမျှ ရင်ဆိုင်နိုင် ခဲ့ကျတယ်လေ
ချစ်ခွန်းဖွဲ့ စကားတွေကို
ချစ်တေးတွေ သီလို့
ကြယ်စုံ ည တွေမှာ
ဒို့ မမောစတမ်း ပြောခဲ့ကြတယ်လေ.............


တကယ်ပါပဲ
မင်းနဲ့ကိုယ်ဟာ
ယုံယုံကြည်ကြည် ထပ်တူကျခဲ့ကြ
ဘဝတခုကို ပေါင်းဖို့ အချိန်တွေ စိုက်ပျိုး
သစ္စာ တရား ကိုမိုး
အချစ်ကို ကိုးလို့
မေတ္တာ လမ်းပေါ်မှာ
အချစ်နဲ့ ပေးဆပ်ရင်ဆိုင် ခဲ့ကြတယ်လေ..........


တကယ်ပါပဲ
ကိုယ် က
ရိုးတံ ပြိုင်းပြိုင်း နဲ့
နွေသစ်ကိုင်းလေး ဖြစ်တဲ့အခါ
မင်း က
ပန်းနုရောင် ပွင့်ဖတ်ကလေးတွေနဲ့
နွေ နေကို အံတုရင်း ပွင့်ပြ
တောင်ပေါ် ချယ်ရီ ပင်တွေ က
ဒို့ နှစ်ဦး သစ္စာ တရားရဲ့ သက်သေတွေလေ............


တကယ်ပါပဲ...ချစ်သူ
တနေ့ အနီးဆုံး လူသား နှစ်ဦး အဖြစ်နဲ့
တသက်လုံး လက်တွဲ သွားဖို့
အချိန်တွေကို စောင့်စားရင်း
ယုံကြည်ခြင်း နဲ့အတူ
သစ္စာ တရားကို လက်ကိုင်ထားလို့
ဒို့ နှစ်ဦး ဆက်ချစ်သွားကျမယ်နော်............


လတ်............၃၀ - ၁၂ - ၀၉...........


a` de lote tg chit ya the.mp3a` de lote tg chit ya the.mp3

No comments:

Post a Comment