Friday, April 30, 2010

မိဘကျေးဇူး မြင်းမိုရ်ဦးကို အထူးကျေအောင် ဆပ်ကြပါ



မိဘတို့၏ကျေးဇူးတရားကို ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ် တောင်နှင့် ဥပမာကပ် ဂုဏ်နှိုင်းအပ်လည်း ဤမျှမြင့်ဆို ထိုမြင်းမိုရ်မှာ နွားချိုခန့်သာရှိတော့ သည်ဟု ဗုဒ္ဓမြတ်ဘုရား ဟောကြားခဲ့၏။ မိဘများသည် ဗြဟ္မာအလား စိတ်ထားပိုင်ရှင်များ လည်းဖြစ်ကြသည်။။ ကိုယ်ဝန်တည်ရာ ရှိလာသောအခါ ရောဂါကင်းပါစေ၊ အင်္ဂါခြေလက် ပြည့်စုံပါစေဟု သန္ဓေသားအား မေတ္တာပို့၏။ မွေးဖွားလာလို့ ငိုသံကြားကလည်း ကရုဏာ တရား ဖြစ်ပွားကြ၏။ သားသမီးများ လမ်းလျှောက်ပြေးလွှား ကစားကြ၍ ထိုထိုအတတ် မွန်မြတ်သည့်ပုံ တွေ့ကြုံပြန်တော့ မုဒိတာတရား ဖြစ်ပွားကြ၏။ ကိုယ့်ခြေကိုယ့်လက် မားမား ရပ်၍ အိမ်ယာခွဲကာ စီးပွားရှာနိုင်လို့ မိဘအကူ မယူရဘဲ နေသည့်အခါကျပြန်တော့လည်း သားသမီးတို့အပေါ်၌ ဥပေက္ခာတရား ပွားများကြသည့် မိဘတို့၏ ကျေးဇူးမှာကား လွန်စွာ များပြား ကြီးမားလှပါသည်။


စံပယ် ရဲ့ မောင်


Thursday, April 29, 2010

အမေ့သား



တောင်ကြီးဖ၀ါးအောက်ဆိုတဲ့စကားကြားဖူးမှာပါအမေ
တောင်ကြီးဖ၀ါးအောင်ဆိုပေမယ့် တောင်သိပ်ကြီးလို့
ဖ၀ါးပေါက်ရှေ့ဆက်မလျှောက်နိုင်လို့ လမ်းဘေးထိုင်နား အရှုံးပေး
လိုက်ရတဲ့သူတွေ ဒုနဲ့ဒေရှိပါသေးတယ်အမေ
လှိုင်းကြီးလှေအောက် စကားကြာဖူးမှာပါအမေ
လှိုင်းကြီးလှေအောက်ဆိုပေမယ့် လှိုင်းသိပ်ကြီးလို့ လှေမှောက်
ရေအောက်ရောက်ပြီး အသက်ပျောက်ရသူတွေ အသင်္ချေ ရှိပါသေးတယ်အမေ
လှိုင်းမကြီးရင်လည်း လှေလှော်ရင်တက်ကျိုး ကံကြမ္မာ ဂယက်ဆိုးမှာတ၀ဲလည်လည်
ဒုက္ခရောက်ရသူတွေ အများအပြားရှိပါသေးတယ်အမေ
ဒါပေမဲ့ အမေရယ် အမေ့ရင်ဖွား အမေ့သားကတော့ အမေပေးတဲ့ အားအင်တွေနဲ့
ဘယ်လိုအခက်အခဲတွေ ပဲ လာပါစေ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို
အရောက်သွားမှာပါမေ.......။
(အားပေးလိုက်တဲ့ မိခင် သွေးများထဲသို့စီးဝင်
အောင်ပွဲများလည်းရရှိမယ်မေမေရယ်)
အဲ့သီချင်းစာသားလေးကို အရမ်းကြိုက်တယ်.....

စံပယ် ရဲ့ မောင်

Wednesday, April 28, 2010

ကမ်းစပ်နဲ့ ရေလှိုင်း


ဒီတစ်ခါတော့ ဆရာအတ္တကျော်ရေးထားတဲ့

"ကမ်းစပ်နဲ့ ရေလှိုင်း "ဆိုတဲ့စာစုလေးကိုတင်လိုက်ပါတယ်
ပုဇွန်တွေမျက်စိလည်၊လမ်းမှားပြီး ကမ်းစပ်ကကျောက်ဆောင်
ကျောက်သားတွေပေါ်ကို ရောက်သွားရင် ရေထဲကို
မပြန်တက်ကြတော့ဘူးဆိုပဲ။
ဟုတ်လောက်တယ်လေ။ပုဇွန်ဆို
ဘယ်ပုဇွန်ပဲဖြစ်ဖြစ် ခြေထောက်မှမပါတာကိုး။
ဒါပေမယ့်သူတို့ ကိုယ်မှာက ငါးတွေလိုပဲရေကူးနိုင်တဲ့
အမြီးလည်းပါတယ်။ကိုယ်ကလည်းကွေးလို့ ဆန့် လို့ 
လှုပ်လို့ ရှားလို့ လည်းရနေတာပဲ။ဒါပေမယ့်သူတို့ ဟာ
အကြောင်းတစ်ခုခုကြောင့် ကမ်းပေါ်ရောက်သွားရင်
ရေထဲကိုပြန်မသွားတတ်ကြတော့ဘူး။သူတို့ တတ်တာက
ရေလှိုင်းကသူတို့ ဆီရောက်လာပြီး ရေထဲ
ပြန်ဆွဲအချကိုငံ့လင့်နေတာဆိုပဲ။
ရေလှိုင်းရောက်မလာဘူးဆိုရင်လည်းရောက်နေတဲ့နေရာမှာပဲ
ပေပြီးနေရင်းသေသွားကြသတဲ့။အမှန်တော့ နည်းနည်းပါးပါးလေးလောက်
အားထုတ်မယ်ဆိုရင် လှိုင်းအရောက်ကိုစောင့်နေစရာမလိုဘူး၊
လှိုင်းဆီကိုရောက်ကိုရောက်သွားလောက်ပါတယ်။
တစ်ခါတစ်လေများဆို လှိုင်းရေကသူတို့ နဲ့ 
ဘယ်လောက်မှမဝေးဘူး၊နှစ်ပေ၊သုံးပေလောက်ကလေးပဲရှိတာ။
ဒါလည်းသူတို့ ကတော့ မလှုပ်ဘူးခင်ဗျ။လှိုင်းတက်အလာကိုပဲ
အသေစောင့်တတ်ကြသတဲ့။
လောကမှာလည်း "ပုဇွန်လိုလူစားတွေ" အများသား။
လူတွေဟာတွေတွေဝေဝေနဲ့ အချိန်ဆွဲပြီးနေနေကြတယ်။
အားလေး၊ခွန်လေးစိုက်ထုတ်လုပ်ကိုင်ကြမယ့်အစား
ရတနာပုံကြီးက ကိုယ့်ဆီကို အလိုလိုဆိုက်လာနိုးနဲ့ 
မျှော်ကိုးနေတတ်ကြပုံကိုပြောပါတယ်။
အမှတ်မထင်ဖတ်လိုက်ရတဲ့ စာပိုဒ်ကလေးတစ်ပိုဒ်ပါပဲ။
"အပိုင်းအစများ"(Bits & Pieces) ဆိုတဲ့စာအုပ်ထဲမှာပါတယ်။
ရေးသူက Orison Swett Marden တဲ့။အဲသည့်စာပိုဒ်လေးကို
ဖတ်ပြီးစဉ်းစားမိသွားရတယ်။
ကံကိုယုံပြီးဆူးပုံနင်းတတ်သူများဟာလှိုင်းအရောက်ကို
ကျောက်ဆောင်ကျောက်ခဲခေါ်၊နေပူကျဲတောက်တောက်အောက်မှာ
ငုတ်တုတ်ကြီးစောင့်နေဖြစ်တတ်တယ်။
အသင်တို့ လည်းဘယ်လိုလူမျိုးလဲဆိုတာကို
တွေးတောစဉ်းစားနိုင်ကြပါစေဗျာ...
အပြည့်အစုံမတင်ပေးလိုက်တာတောင်းပန်ပါတယ်ဗျာ

စံပယ် ရဲ့ မောင်

Tuesday, April 27, 2010

ထာဝရထက်စံပယ်ကိုမောင်ပိုချစ်တယ်



(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။

(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊ လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ် လဲလျောင်းစေတယ်။

(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။

(၄) စံပယ်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့် မောင်ကံကောင်းခဲ့တယ်။ ဘုရားသခင်က မောင့်အတွက်စံပယ့်ကို စွန့်ကျဲခဲ့တယ်။ ရိုးရိုးရှင်းရှင်းစကားကို မောင်အားမနာတမ်းပြောချင်တယ် "စံပယ်ကိုချစ်တယ်"...

(၅) စံပယ့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ စံပယ့်ကိုလွမ်းတဲ့အလွမ်းက မောင့်ကိုပျော်စေတယ်၊ စံပယ့်ကိုဖက်ထားရတာ မောင့်အတွက် မှီခိုမှုတစ်မျိုးပေါ့။ စံပယ့်ကိုနမ်းတော့ ကြည်နူးရတယ်။ စံပယ်ဟာ အမြဲတမ်း မောင်ရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...

(၆) အရင်က စံပယ်နဲ့မောင်မသိခဲ့လို့ "အချစ်"နဲ့ မောင်လမ်းလွဲခဲ့ရတယ်။ ခုတော့ မောင့်ဘဝထဲ စံပယ်အပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ မောင့်နေ့ရက်နဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် မောင့်အနာဂတ်ကို စံပယ်တာဝန်ယူပေးပါ။

(၇) ထာဝရထက် စံပယ့်ကိုမောင် တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် စံပယ့်ကိုမောင် လွမ်းတယ်။ စံပယ့်ဘေးမှာ မောင်မရှိပေမယ့် မောင့်အလွမ်းထဲမှာ စံပယ်အမြဲရှိတယ်။ မောင့်နှလုံးသားထဲမှာ စံပယ်နေရာအပြည့်ယူထားတယ်။

(၈) မောင့်ဘဝထဲ စံပယ်ရောက်မလာခင် မောင်ဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့ လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ စံပယ်ဟာမောင့်ရဲ့ ဓူဝံကြယ်ပါ။ စံပယ့်နှလုံးသားမှာ ခိုလှုံနိုင်ဖို့ မောင့်ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။

(၉) မောင်တို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။ နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ စံပယ် မောင့်ရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?

(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ စံပယ်မေးလာခဲ့ရင် ပျော်ရွှင်ခြင်းက လေထဲမှာလို့ စံပယ်ကိုမောင် တိုးတိုးလေးပြောပြမယ်။ စံပယ်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ စံပယ့်ကိုမောင်ပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။


စံပယ် ရဲ့ မောင် (27.4.2010)

Sunday, April 25, 2010

မောင်!...စံပယ်ကိုဘယ်လောက်ချစ်လဲဟင်...



အခုအချိန် မောင်ဘယ်လောက်လွမ်းနေတယ်ဆိုတာ စံပယ်သိမှာ မဟုတ်ဘူး...

အချစ်တွေ အလွမ်းတွေ လုံးဝစိတ်မ၀င်စားဘူးလို့ ပြောခဲ့တဲ့မောင်......

အခုတော့စံပယ်ချစ်တာထက် မောင်ပိုချစ်နေမယ်...စံပယ်လွမ်းတာထက် မောင်သေလောက်အောင် ပိုလွမ်းနေတယ်...မောင်မျှော်လင့်နေပါတယ်...မောင်တို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာမိသားစုဘ၀လေးဖြစ်လာမယ့် တစ်နေ့ကိုပေါ့...ဖြစ်လာမယ်လို့ ယုံကြည်နေခွင့်ရှိတယ်...ယုံကြည်နေမယ်...

ပေးဆပ်ခဲ့တဲ့ အချစ်တွေကြောင့်လည်း အကျိုးတစ်စုံတစ်ရာ ရယူချင်တဲ့ စိတ် မောင့်မှာ မရှိပါဘူး..
အချိန်တိုင်း စံပယ့်နားမှာ နေ့ရက်တိုင်း စံပယ့်ဘေးမှာ ဖြတ်သန်းနေရတဲ့ ဘ၀ကို မောင်လိုလိုလားလား ခံယူထားတာပါ...စံပယ် ဘယ်လို အခက်အခဲတွေရှိရှိ ရင်ဆိုင် ဖြေရှင်းပါ... မောင့်ဘ၀ကို နင်းချေသွားမယ်ဆိုလည်း မောင်ကျနပ်နေမယ်.....

အရင်တုန်းက ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာလုပ်တက်တဲ့ `မောင်` အရမ်းတော်တဲ့ `စံပယ် `နဲ့ တွေ့ပြီးနောက်မှာ သူများတွေ သြချလောက်အောင်မောင်လိမ်မာခဲ့တယ်...စံပယ် ပေးခဲ့တဲ့ သတ္တိတွေပါ...ပြန်တွေးကြည့်ရင် ရှုပ်ခဲ့ ပွေခဲ့တာဘာမှမရှိခဲ့ပါဘူး စံပယ် နဲ့ မတွေ့ရှိခင်က တဇောက်ကမ်းလုပ်တက်တဲ့အကျင့်လေးတစ်ခုထဲပါ...

အခု စံပယ်သာ မောင့်ဘ၀ စံပယ်သာ မောင့်အိမ်မက် စံပယ်သာ မောင့်ပဲ့ကိုင်ရှင် မောင်ဘ၀ရဲ့ သခင်ပါ...
စံပယ် စေလိုရာစေ ထားလိုရာထား မောင့်ပျော်ရွှင်မှုပါ....

ရင်ခုန်သံတွေရဲ့ ထိန်းချုပ်ခြင်းအောက်မှာ ရုန်းမထွက်နိုင်လောက်အောင် မောင့်နတ်သမီး ဖမ်းစားခဲ့တယ်...
ပုံရိပ်တွေမှာလည်း စံပယ့် မျက်နှာသာ မြင်ယောင် အမှောင်ကျနေတဲ့ မောင့်ကို ကယ်တင်ပေးခဲ့တာ စံပယ်ပေါ့...

နောင်လာမယ့် နေ့သစ်တွေအတွက်လည်းမောင်တို့နှစ်ယောက်ဘ၀လေးကို မောင်ကြိုးစား တည်ဆောက်မယ်...
စံပယ် နဲ့ မောင် နှစ်ယောက် သီးသန့် ကမ္ဘာလေးကို မောင် ရင်ခုန်ခြင်းများစွာနဲ့ စောင့်မျှော်နေပါရစေ...............။

စံပယ် ရဲ့ မောင်

(ကျွန်တော်ကိုသူကဘယ်လောက်ချစ်လဲတဲ့? ကျွန်တော်ကဒီကဗျာလေးနဲ့ဖြေလိုက်တာပါ...။)


Saturday, April 24, 2010

အဖေ


* ဖေချစ်တို့ ဖေခင်တို့ ဆိုတာ ရှိတော့ ရှိတယ် ရှားတယ်ဆိုတာမျိုးလိုပါ ။

* အလုပ်မှာ တစ်နေကုန်နေရတော့ အဖေ့ကို နေ့စဉ် ရင်ခွင်ပိုက် နို့ချိုတိုက်ခဲ့တဲ့ အမေ့လောက်တော့ ချစ်အားမပိုတာ ဓမ္မတာ ဖြစ်နိုင်ပါတယ် ။

* အဖေဆိုတာလည်း သားသမီးကို ချစ်လျက်နဲ့ ကြောက်အောင် နေပြရတဲ့ ဖန်တီးရှင်မဟုတ်ပါလား ။

* ဒါပေမဲ့ အဖေသာ ရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား ၊ မင်းသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့ ။

* အဖေက ချမ်းသာကြွယ်ဝပြန်တော့လဲ သူဌေးသားသမီးတွေ ဖြစ်ပြန်တာပဲ မဟုတ်လား ။

* အဖေက ကုသိုလ်ရဖို့ ၊ ပညာရဖို့ ၊ ငွေရဖို့ မိသားစုတာဝန်ကျေဖို့ အလုပ်လုပ်နေတာပါ ။

* ဆူးမွေ့ယာလဲ မအိပ်ခဲ့ ၊ ပန်းမွေ့ယာလဲ မစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ ကြွက်သားတွေပေါ်မှာ သာယာဖူလုံမှုများနဲ့ လွမ်းခြုံနေနွေးထွေးစေပါတယ် ....။

* ဖောက်ပြန်မှုကင်းမဲ့စွာနဲ့ နှစ်ကိုယ်ပေါင်းတစ်စိတ် နှစ်ယောက်ပေါင်းတစ်ဘ၀ဇြစ်အောင် မေတ္တာတွေ အစဉ်အပိုင်ပေးပြီး အမေ့အတွက်နားလည်မှုအရှိဆုံးဟာ အဖေရယ်ပါ ..။

* အိမ်နီးချင်းဆိုတာ ကလေးချင်းကြောင့် မိန်းမချင်းကြောင့် ခြံမြေတွေကြောင့် စကားများတတ်တယ်ဆိုတဲ့ အဖေ့စကား မိသားစုတိုင်း အလွန်မှတ်သားလိုက်နာသင့်တဲ့ အချက်တွေပါ ..။

* သောက်တယ်ဆိုတာ " အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေကြောင့် မပျက်စီးစေရဘူး " ဆိုတာ အဖေ့နီတိ ( လမ်းညွန်) ပါ ...။

* အဖေဟာ အလှချစ် ဓနအချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာ အိမ်ထောင်ရေးကို တည်ထောင်ထားသူပါ ...။

* ဒါကြောင့် အဖေ့မိသားစုဟာ ငွေမချမ်းပေမယ့် စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ ထိပ်ဆုံးကပါ ...။

*ကြွေးဟောင်းလဲဆပ် ကြွေးသစ်ထပ် နှစ်ရပ်တာဝန် ကျေပွန်ခဲ့တဲ့ အဖေ ...။

* သားသမီးဆန်းသမျှ နွမ်းလှတဲ့ အ၀တ်လေးတွေနဲ့ တင့်တယ်နေတဲ့ အဖေ ...။

* သားသမီးကို ပခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီး စတိုင်ကျကျ ပွဲပြခဲ့ဘူးတဲ့ အဖေ ...။

* သားသမီးအတွက်ဆို အသာမစံ အနာသာခံ သက်သက်ဟာ အဖေလို မိဘတွေမှလွဲလို့ အခြားမရှိ..။

* ရေချိုးတော့ချမ်း အဖေ့ပုဆိုးကြမ်းလေးနဲ့ နွေးထွေးခဲ့ဘူးတယ် ...။

* အဖေက ကောင်းစေချင်လို့ ဆုံးမသမျှ အသားနာစေခဲ့ပေမဲ့ ဘ၀မနာစေရပါဘူး ...။

* ခုတော့ အဖေ့မှာ ခေတ်ဆန်ပညာတတ်သားသမီးတွေကြား ရှေးရိုးအဘိုးကြီးဖြစ်ခဲ့ရပါပြီ ...။

* ရွေပုံ ငွေပုံဘေးမှာ မြေးကိုထိန်း ပေးတာယူ ကျွေးတာစား လှိုင်သောအပြုံးစကားများနဲ့ နှောလို့ အားနာနေတာလား ---------အားငယ်နေတာလား ------အဖေရယ် .....။

* အဖေ.....ရေ ခေါ်လို့ ထူးမည့်သူမရှိတဲ့ တစ်နေ့မှာ အဖေ့ပုံရိပ်တွေက လှိုင်သောအပြုံးစကားများနဲ့ စောင့်ရှောက်ပေးနေအုန်းမှာပါ ....။

* ဒီလောကကြီးထဲမှာ အဖေနဲ့ တူတဲ့ အဖေမျိုးတွေ တဖြုတ်ဖြုတ်ကြွေလွင့်သွားကြရင်တောင် များများကြီး ရှိရှိလာနိုင်ပါစေလို့ ဆုတောင်းလျှက် ..............................................................။


စံပယ် ရဲ့ မောင်

Tuesday, April 20, 2010

အမေစကား


အတူနေစဉ်အချိန်တွေမှာ
အမေ့စကားတန်ဖိုးမဲ့စွာ
ခွဲခွာရမှသတိရ
အမေစကားအဖိုးတန်လှ....။
အမေနဲ့ နေ့စဉ်အချိန်တွေကို
သတိရရင်းလွမ်းစိတ်ပို
အခုချိန်ခါမှာကျွန်တော်တမ်းတ
မေနဲ့အဝေးသို့ ရောက်တော့မှ....။
အောင်မြင်မှုအမှန်ရရှိမှာ
အမေ့စကားနားထောင်ပါ
ဘ၀တစ်သက်တာ
ကျင့်သုံးသွား
အမေစကားမြေ၀ယ်မခြား......။


စံပယ် ရဲ့ မောင်



Sunday, April 18, 2010

ငါသည်တစ်ခေတ်


မွေးရပ်ဌာနေ ၊ အမိမြေမှ
ထွက်ခွာဝေးရောက် ၊ ပြည်ပရောက်မှ
နိုင်ငံ့တန်ဖိုး ၊ အမျိုးမျိုး ကို
သိမြင်ခံစား ၊ နားလည်မိလည်း
တိုင်းပြည်အကျိုး ၊ င့ါလူမျိုးတွက်
ပေးအပ်တာဝန် ၊ ကျေပွန်စေရေး
သုံးရန်ဥာဥ့်ဝယ် ၊ ဥာဥ့်တစ်ရန်သာ
အိပ်စက်နားယူ ၊ သင်ယူနေ၍
ပေးမျှ Lecture ၊ မလွတ်စေရ
အားမာန်အပြည့် ၊ တတ်ကြွစိတ်နှင့်
လူငယ်ပီပီ ၊ ဖြတ်လတ်မြန်ဆန်
ဖြတ်ထိုးဥာဏ်နှင့် ၊ သင်ယူစာပေ
ကြိုးစားနေ၍ ၊ သို့ပေသတည်း
ငါ့နိုင်ငံတော် ၊ ငါ့လူမျိုးအတွက်
" ငါသည် တစ်နေ့......."
" ငါသည် တစ်ချိန်........"
" ငါသည် တစ်ခေတ်......"
ဖြစ်စေသော်......။


သွေးဇာဏီ

မောင့်မူပိုင်ရှင်


တစ်ဘ၀လုံးအတွက်
အချစ်တွေအကုန်ပေးလို့
ရင်တစ်ခုလုံးကြေမွအောင်
ချစ်ရပါတယ်ချစ်သူ.......။
အတူမနေရလို့
တစ်ယောက်နဲ့တစ်ယောက်
အချစ်တွေပိုပြီး
ရန်တွေဖြစ်ကြ
ပြန်ချစ်လိုက်ကြနဲ့
အချိန်တွေကိုဖြတ်သန်းခဲ့ကြတယ်........။
နှလုံးသားရဲ့ ပိုင်ရှင်
အနာဂတ် ရဲ့ သခင်
မောင့်ဘ၀ရဲ့ ထာဝရ
မူပိုင်ရှင်ပေါ့.......။
တစ်သက်လုံး
မခွဲအတူ
အမြဲယှဉ်တွဲလို့
နောင်ဘ၀ဆက်တိုင်းပေါင်းကြဖို့
ဆုတောင်းကြမယ်
မောင့်မူပိုင်ရှင်ရယ်................။

စံပယ် ရဲ့ မောင်

Tuesday, April 13, 2010

For U



ကိုယ်ရှင်းပြနိုင်တာထက်

အဲဒီ ဂရုစိုက်တယ် အဲဒီ ခံစားမှုဟာ

ကိုယ့်အဖို့ ပိုအဖိုးတန်

ပိုပြီး အထူးဖြစ်ပါတယ်..

ဒါပေမဲ့ အဲဒါကို ပြောပြဖို့  ကြိုးစားခွင့်ပြုပါ..

ဂရုစိုက်တယ်လို့  ပြောဆိုတဲ့အခါမှာ နားလည်ဖို့ အတွက်

တတ်နိုင်သမျှ အရာရာကို လုပ်မယ်လို့ အဓိပ္ပာယ် ရတယ်..

ကိုယ်ဘယ်တော့မှ မင့် ကို ထိခိုက်အောင် မလုပ်ဘူး ဆိုတာပါပဲ..

မင်းကိုယ့်ကို ယုံကြည်နိုင်ပါတယ်လို့ ဆိုလိုပါတယ်..


ဘာမှားနေသလဲဆိုတာ မင်းကို ပြောပြနိုင်ပါတယ်လို့ 

အဓိပ္ပာယ် ရတယ်..

ကိုယ်ပြုပြင်နိုင်သလောက် ပြုပြင်ပေးမယ်

မင်းကိုယ့်ကို ကြားစေချင်တဲ့အခါမှာ

နားထောင်ပါ့မယ်..

မင်းရဲ့  အခက်ခဲဆုံးအချိန်မှာတောင်မှ

မင်းလုပ်ရမှာက

ပြောပြဖို့ ပါ..

မင့်လက်နဲ့  ကိုယ့်လက်ဟာ

ဘယ်တော့မှ ဝေးကွာကြမှာ မဟုတ်ပါလို့  ဆိုလိုရဲ့ …

အဓိပ္ပာယ်က မင်း ကိုယ့်ကို စကားပြောတဲ့ အခါ

အပြုံးနဲ့ ပြောသည်ဖြစ်စေ

မျက်ရည်နဲ့ ပြောသည်ဖြစ်စေ

နှလုံးသားနဲ့  နားထောင်မှာပါ..။

စံပယ် ရဲ့ မောင်

Monday, April 12, 2010

မျက်ဖြေလကာင်္



သူတည်းတစ်ယောက် ကောင်းမှုရောက်မူ

သူတစ်ယောက်မှာ ပျက်လင့်ကာသာ

ဓမ္မတာတည်း ။

ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ

မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ်

စည်းစိမ်မကွာ ၊ မင်းချမ်းသာကား

သမုဒ္ဒရာ ၊ ရေမျက်နှာထက်

ခဏတက်သည့် ရေပွက်ပမာ

တစ်သက်လျာတည်း ။

ကြင်နာသနား ၊ ငါ့အားမသတ်

ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ

လူတကာတို့ ၊ ခန္ဓာခိုင်ကြည်

အတည်မမြဲ ၊ ဖောက်လွှဲတတ်သည့်

အချွတ်စသာ ၊ သတ္တ၀ါတည်း ။

ရှိခိုးကော်ရော် ပူဇော်အကျွန်

ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက်

သံသရာစက်၌ ၊ ကြိုက်လတ်တွန်မူ

တုံ့မယူလို ၊ ကြည်ညိုစိတ်သန်

သခင်မွန်ကို ၊ ချန်ဘိစင်စစ်

အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏

သွေးသည် အနိစ္စာ၊

ငါ့ခန္ဓာတည်း ။


အနန္တသူရိယအမတ်ကြီးရဲ့တစ်ပုဒ်တည်းနဲ့မြန်မာကဗျာသမိုင်းမှာ
ရာဇ၀င်တွင်ခဲ့ရတဲ့ရတုပါ...။


Saturday, April 10, 2010

ဖြစ်ချင်တဲ့ ဆန္ဒ



လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ် (တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
အတူနေချင်တယ် (လိုက်လျောရင်)
နမ်းချင်တယ် (ဖြူစင်စွာ)
ထိုင်ကြည့်ချင်တယ် ( 24 နာရီ)
ချော့သိပ်ချင်တယ် (ညတိုင်း)
သီချင်းဆိုပြချင်တယ် (အိပ်ခါနီး)
မျှော်လင့်ချင်တယ် (ရင်ခုန်စွာ)
အရမ်းပြန်ချစ်ပါ (အလိုလားဆုံး)
အရမ်းဂရုစိုက်ပါ (အမြဲ)
မမုန်းဘူး (ဘယ်တော့မှ)
လက်ကလေးကိုင်ချင်တယ် (ခွင့်ပြုရင်)
အဆင်မပြေဘူး (မင်းမရှိတဲ့အချိန်)
မခွဲနိုင်ဘူး (ယုံ)
ထပ်ကာထပ်ကာပြောချင်တယ် ( I Love You )................။


Friday, April 2, 2010

အချစ်…. စောင့်မျှော်ခြင်း



လူ့ဘ၀မှာ ဘယ်လောက်နေရမယ်ဆိုတာ သင်သိနိုင်လား
ရေစက်ဘယ်ချိန်ထိရှိတယ်ဆိုတာ သင်သိနိုင်လား
ဒါပေမဲ့ အချစ်က တစ်ဘ၀လုံးရှိသွားမယ် လက်တွဲဖော်အဖြစ်။
တစ်ဘ၀လုံးမှာ ဒီအချစ်တစ်ခုကိုရှာဖွေမယ် မြတ်နိုးမယ် တွယ်တာမယ်
အချစ်စစ်မှန်ရင် မတောင်းတပဲဆုံတွေ့လိုက်ရတာပါပဲ။
စောင့်မျှော်ခြင်းနဲ့ပေးဆပ်ခြင်းရှိမယ်။ တစ်ဘ၀လုံးကို ပေးဆပ်နေရပါစေ။

နှလုံးသားတိုင်းမှာ အချစ်ဆိုတဲ့ အခန်းငယ်လေးရှိတယ်။ အခန်းငယ်လေးက ကိုယ်ချစ်တဲ့သူရဲ့ မြတ်နိုးမှု လိုလားမှု လက်တွဲမှု ထာဝရတွေကို မျှော်လင့်နေတာပါ။
လူတိုင်းမှာ တွေ့ဆုံသင့်တဲ့ အချစ်ကိုယ်စီရှိပါတယ်။ မလွဲခဲ့ရင်ပေါ့။
ဒီအချစ်စစ်တစ်ခုအတွက် အခန်းငယ်ရဲ့ တံခါးကို ပိတ်မိမယ် ဖွင့်မိမယ်။ ဘယ်သူများကိုယ့်တံခါးကို ဖွင့်မလဲဆိုတာကို မျှော်လင့်နေကြတယ်။

အချစ်က ၀ိုင်အရက်ဖြစ်သွားရင်
ဝိုင်တစ်ခွက်ကို သောက်နေရသလို လွမ်းဆွေးဆွေးလေးဖြစ်နေမယ်။ ဘာကို တောင်းတမိနေမှန်းမသိဘူးဖြစ်နေမယ်။
အချစ်ဟာ အရက်နဲ့ တူရင် မေ့ရခက်မယ်။
အချစ်က ကော်ဖီတစ်ခွက်ဖြစ်ရင်
ခါးခါးလေးနဲ့ အရသာရှိမယ် သောက်ပြီးရင် ချိုမြိန်နေမယ်။ ဒီလို ကော်ဖီတစ်ခွက်ဟာ စွဲလန်းစေမှာပါ။

အချစ်ဟာ ရေနွေးကြမ်းတစ်ခွက်ဖြစ်ရင်
သောက်ရတာအရသာမရှိပေမဲ့ ပေါ့ပါးမယ်။ ဒါပေမဲ့ စောင့်မျှော်ခြင်းနဲ့ ပေးဆပ်နေရမယ် ဆိုပြီး ဖြစ်လာမယ်။ ရေနွေးကြမ်းနဲ့ တူရင်တော့ ရိုးရိုးလေးနဲ့ ခိုင်မြဲနေမယ်။

အချစ်ဟာ ကျယ်ပြန့်လှတဲ့ ပင်လယ်နဲ့ တူရင်
လူ့လောကကို အလှဆင်တဲ့ ခရုခွံလေးနဲ့တူမယ်။ ပင်လယ်နဲ့ တူရင် အချစ် သံယောဇဉ် နာကျင်မှု ယူကျူံးမရမှုတွေရှိနေတယ်။

အချစ်က ထူးဆန်းလျှို့ဝှက်တဲ့ နန်းတော်ဖြစ်နေမယ်ဆိုရင်
လူသူမသိတဲ့ ပုံပြင်လေးတွေရှိနေမယ်။ နန်းတော်ထဲကို အမြဲတမ်းတွေးဆ မှန်းမျှော်နေမယ်။ အချစ်တိုင်းမှာ လှပမှုရှိသလို ငြီးငွေ့မှုလဲရှိနေမယ်။
မူးရစ်စေတဲ့ အချစ်လား တစ်ဘ၀လုံး နာကျည်းမှုနဲ့ ဆက်လျှောက်နေရတဲ့ အချစ်လား။
အချစ်က ပျော်ရွှင်စေနိုင်သလို ၀မ်းနည်းမှုလဲပေးနေပါတယ်။

အချိန်တွေက တရွေ့ရွေ့သွားနေပါတယ်။ ဒါပေမဲ့ အချစ်ကတော့ မကုန်ပါဘူး။ စောင့်မျှော်တာလဲ စောင့်မျှော်ဆဲပါ။ အချစ်ဆိုတာ ကုန်သွားနိုင်တဲ့အရာမဟုတ်ပါဘူး။
အရင်ဘ၀ကသာ မမျှော်လင့်ခဲ့ရင် ဒီဘ၀မှာထပ်ဆုံနိုင်မှာလား။
သင်ပိုင်ဆိုင်နိုင်တဲ့ အချစ်ဆိုတာ သင်ပေးဆပ်ရမဲ့ သင်ချစ်သူရဲ့စောင့်မျှော်ခြင်းပါပဲ။

လွမ်းရမှာသိတယ်။ မလွမ်းအောင် သင်ပေးဆပ်လား။
မိုးလောက်မြင့် ပင်လယ်လောက်ကျယ်တဲ့ သစ္စာစကားတွေမလိုဘူး။
မျှော်လင့်နေတယ်ဆိုတာ အဆုံးသတ်မရှိတဲ့ စောင့်စားမှုပါ။
ဒီလိုမှ အချစ် ဆိုတာ စစ်မှာပါ။

အချစ်ကပေးတဲ့နာကျင်မှုတွေ ဒဏ်ရာတွေကိုငါရထားတယ်။ ခါးသီးတဲ့ အဖြစ်တွေ ချိုမြိန်တဲ့ အဖြစ်တွေလဲ ရှိတယ်။ ဒီအချစ်အတွက် မျှော်လင့်မှုက ပြတ်သားနေသေးတယ်။ ဒီအချစ်အတွက် ရင်ခုန်မှုကလဲ ကြားနေရသေးတယ်။ နှလုံးသားထဲက အခန်းငယ်လေးမှာ နွေးထွေးတဲ့ မီးအိမ်လေးကို ထွန်းထားတယ်။ ပြတင်းပေါက်လေးကို ဖွင့်ပြီး ကောင်းကင်က ကြယ်လတွေကို အတူတူကြည့်ဖို့ မင်းကို စောင့်နေတယ်။ မင်းရဲ့အချစ်နဲ့ ငါ့ရဲ့နှလုံးသားကို နေရောင်ခြည်တွေလို ထွန်းလင်းတောက်ပပေးပါ။ မနက်တိုင်းမှာ နွေးထွေးတဲ့ နေရောင်ကပွေ့ဖက်ပြီး ညတိုင်းမှာ လင်းလက်တဲ့ ကြယ်လေးတွေရဲ့ အနမ်းကို လိုချင်တယ်။
ငါနားလည်တယ်။