ကိုယ်ရှင်းပြနိုင်တာထက်
အဲဒီ ဂရုစိုက်တယ် အဲဒီ ခံစားမှုဟာ
ကိုယ့်အဖို့ ပိုအဖိုးတန်
ပိုပြီး အထူးဖြစ်ပါတယ်..
ဒါပေမဲ့ အဲဒါကို ပြောပြဖို့  ကြိုးစားခွင့်ပြုပါ..
ဂရုစိုက်တယ်လို့  ပြောဆိုတဲ့အခါမှာ နားလည်ဖို့ အတွက်
တတ်နိုင်သမျှ အရာရာကို လုပ်မယ်လို့ အဓိပ္ပာယ် ရတယ်..
ကိုယ်ဘယ်တော့မှ မင့် ကို ထိခိုက်အောင် မလုပ်ဘူး ဆိုတာပါပဲ..
မင်းကိုယ့်ကို ယုံကြည်နိုင်ပါတယ်လို့ ဆိုလိုပါတယ်..
ဘာမှားနေသလဲဆိုတာ မင်းကို ပြောပြနိုင်ပါတယ်လို့ 
အဓိပ္ပာယ် ရတယ်..
ကိုယ်ပြုပြင်နိုင်သလောက် ပြုပြင်ပေးမယ်
မင်းကိုယ့်ကို ကြားစေချင်တဲ့အခါမှာ
နားထောင်ပါ့မယ်..
မင်းရဲ့  အခက်ခဲဆုံးအချိန်မှာတောင်မှ
မင်းလုပ်ရမှာက
ပြောပြဖို့ ပါ..
မင့်လက်နဲ့  ကိုယ့်လက်ဟာ
ဘယ်တော့မှ ဝေးကွာကြမှာ မဟုတ်ပါလို့  ဆိုလိုရဲ့ …
အဓိပ္ပာယ်က မင်း ကိုယ့်ကို စကားပြောတဲ့ အခါ
အပြုံးနဲ့ ပြောသည်ဖြစ်စေ
မျက်ရည်နဲ့ ပြောသည်ဖြစ်စေ
နှလုံးသားနဲ့  နားထောင်မှာပါ..။
စံပယ် ရဲ့ မောင်
No comments:
Post a Comment