Tuesday, April 20, 2010

အမေစကား


အတူနေစဉ်အချိန်တွေမှာ
အမေ့စကားတန်ဖိုးမဲ့စွာ
ခွဲခွာရမှသတိရ
အမေစကားအဖိုးတန်လှ....။
အမေနဲ့ နေ့စဉ်အချိန်တွေကို
သတိရရင်းလွမ်းစိတ်ပို
အခုချိန်ခါမှာကျွန်တော်တမ်းတ
မေနဲ့အဝေးသို့ ရောက်တော့မှ....။
အောင်မြင်မှုအမှန်ရရှိမှာ
အမေ့စကားနားထောင်ပါ
ဘ၀တစ်သက်တာ
ကျင့်သုံးသွား
အမေစကားမြေ၀ယ်မခြား......။


စံပယ် ရဲ့ မောင်



No comments:

Post a Comment