တစ်ဘ၀လုံးအတွက်
အချစ်တွေအကုန်ပေးလို့
ရင်တစ်ခုလုံးကြေမွအောင်
ချစ်ရပါတယ်ချစ်သူ.......။
အတူမနေရလို့
တစ်ယောက်နဲ့တစ်ယောက်
အချစ်တွေပိုပြီး
ရန်တွေဖြစ်ကြ
ပြန်ချစ်လိုက်ကြနဲ့
အချိန်တွေကိုဖြတ်သန်းခဲ့ကြတယ်........။
နှလုံးသားရဲ့ ပိုင်ရှင်
အနာဂတ် ရဲ့ သခင်
မောင့်ဘ၀ရဲ့ ထာဝရ
မူပိုင်ရှင်ပေါ့.......။
တစ်သက်လုံး
မခွဲအတူ
အမြဲယှဉ်တွဲလို့
နောင်ဘ၀ဆက်တိုင်းပေါင်းကြဖို့
ဆုတောင်းကြမယ်
မောင့်မူပိုင်ရှင်ရယ်................။
စံပယ် ရဲ့ မောင်
No comments:
Post a Comment