မွေးရပ်ဌာနေ ၊ အမိမြေမှ
ထွက်ခွာဝေးရောက် ၊ ပြည်ပရောက်မှ
နိုင်ငံ့တန်ဖိုး ၊ အမျိုးမျိုး ကို
သိမြင်ခံစား ၊ နားလည်မိလည်း
တိုင်းပြည်အကျိုး ၊ င့ါလူမျိုးတွက်
ပေးအပ်တာဝန် ၊ ကျေပွန်စေရေး
သုံးရန်ဥာဥ့်ဝယ် ၊ ဥာဥ့်တစ်ရန်သာ
အိပ်စက်နားယူ ၊ သင်ယူနေ၍
ပေးမျှ Lecture ၊ မလွတ်စေရ
အားမာန်အပြည့် ၊ တတ်ကြွစိတ်နှင့်
လူငယ်ပီပီ ၊ ဖြတ်လတ်မြန်ဆန်
ဖြတ်ထိုးဥာဏ်နှင့် ၊ သင်ယူစာပေ
ကြိုးစားနေ၍ ၊ သို့ပေသတည်း
ငါ့နိုင်ငံတော် ၊ ငါ့လူမျိုးအတွက်
" ငါသည် တစ်နေ့......."
" ငါသည် တစ်ချိန်........"
" ငါသည် တစ်ခေတ်......"
ဖြစ်စေသော်......။
သွေးဇာဏီ
No comments:
Post a Comment