Monday, April 12, 2010

မျက်ဖြေလကာင်္



သူတည်းတစ်ယောက် ကောင်းမှုရောက်မူ

သူတစ်ယောက်မှာ ပျက်လင့်ကာသာ

ဓမ္မတာတည်း ။

ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ

မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ်

စည်းစိမ်မကွာ ၊ မင်းချမ်းသာကား

သမုဒ္ဒရာ ၊ ရေမျက်နှာထက်

ခဏတက်သည့် ရေပွက်ပမာ

တစ်သက်လျာတည်း ။

ကြင်နာသနား ၊ ငါ့အားမသတ်

ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ

လူတကာတို့ ၊ ခန္ဓာခိုင်ကြည်

အတည်မမြဲ ၊ ဖောက်လွှဲတတ်သည့်

အချွတ်စသာ ၊ သတ္တ၀ါတည်း ။

ရှိခိုးကော်ရော် ပူဇော်အကျွန်

ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက်

သံသရာစက်၌ ၊ ကြိုက်လတ်တွန်မူ

တုံ့မယူလို ၊ ကြည်ညိုစိတ်သန်

သခင်မွန်ကို ၊ ချန်ဘိစင်စစ်

အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏

သွေးသည် အနိစ္စာ၊

ငါ့ခန္ဓာတည်း ။


အနန္တသူရိယအမတ်ကြီးရဲ့တစ်ပုဒ်တည်းနဲ့မြန်မာကဗျာသမိုင်းမှာ
ရာဇ၀င်တွင်ခဲ့ရတဲ့ရတုပါ...။


No comments:

Post a Comment