Sunday, April 25, 2010

မောင်!...စံပယ်ကိုဘယ်လောက်ချစ်လဲဟင်...



အခုအချိန် မောင်ဘယ်လောက်လွမ်းနေတယ်ဆိုတာ စံပယ်သိမှာ မဟုတ်ဘူး...

အချစ်တွေ အလွမ်းတွေ လုံးဝစိတ်မ၀င်စားဘူးလို့ ပြောခဲ့တဲ့မောင်......

အခုတော့စံပယ်ချစ်တာထက် မောင်ပိုချစ်နေမယ်...စံပယ်လွမ်းတာထက် မောင်သေလောက်အောင် ပိုလွမ်းနေတယ်...မောင်မျှော်လင့်နေပါတယ်...မောင်တို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာမိသားစုဘ၀လေးဖြစ်လာမယ့် တစ်နေ့ကိုပေါ့...ဖြစ်လာမယ်လို့ ယုံကြည်နေခွင့်ရှိတယ်...ယုံကြည်နေမယ်...

ပေးဆပ်ခဲ့တဲ့ အချစ်တွေကြောင့်လည်း အကျိုးတစ်စုံတစ်ရာ ရယူချင်တဲ့ စိတ် မောင့်မှာ မရှိပါဘူး..
အချိန်တိုင်း စံပယ့်နားမှာ နေ့ရက်တိုင်း စံပယ့်ဘေးမှာ ဖြတ်သန်းနေရတဲ့ ဘ၀ကို မောင်လိုလိုလားလား ခံယူထားတာပါ...စံပယ် ဘယ်လို အခက်အခဲတွေရှိရှိ ရင်ဆိုင် ဖြေရှင်းပါ... မောင့်ဘ၀ကို နင်းချေသွားမယ်ဆိုလည်း မောင်ကျနပ်နေမယ်.....

အရင်တုန်းက ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာလုပ်တက်တဲ့ `မောင်` အရမ်းတော်တဲ့ `စံပယ် `နဲ့ တွေ့ပြီးနောက်မှာ သူများတွေ သြချလောက်အောင်မောင်လိမ်မာခဲ့တယ်...စံပယ် ပေးခဲ့တဲ့ သတ္တိတွေပါ...ပြန်တွေးကြည့်ရင် ရှုပ်ခဲ့ ပွေခဲ့တာဘာမှမရှိခဲ့ပါဘူး စံပယ် နဲ့ မတွေ့ရှိခင်က တဇောက်ကမ်းလုပ်တက်တဲ့အကျင့်လေးတစ်ခုထဲပါ...

အခု စံပယ်သာ မောင့်ဘ၀ စံပယ်သာ မောင့်အိမ်မက် စံပယ်သာ မောင့်ပဲ့ကိုင်ရှင် မောင်ဘ၀ရဲ့ သခင်ပါ...
စံပယ် စေလိုရာစေ ထားလိုရာထား မောင့်ပျော်ရွှင်မှုပါ....

ရင်ခုန်သံတွေရဲ့ ထိန်းချုပ်ခြင်းအောက်မှာ ရုန်းမထွက်နိုင်လောက်အောင် မောင့်နတ်သမီး ဖမ်းစားခဲ့တယ်...
ပုံရိပ်တွေမှာလည်း စံပယ့် မျက်နှာသာ မြင်ယောင် အမှောင်ကျနေတဲ့ မောင့်ကို ကယ်တင်ပေးခဲ့တာ စံပယ်ပေါ့...

နောင်လာမယ့် နေ့သစ်တွေအတွက်လည်းမောင်တို့နှစ်ယောက်ဘ၀လေးကို မောင်ကြိုးစား တည်ဆောက်မယ်...
စံပယ် နဲ့ မောင် နှစ်ယောက် သီးသန့် ကမ္ဘာလေးကို မောင် ရင်ခုန်ခြင်းများစွာနဲ့ စောင့်မျှော်နေပါရစေ...............။

စံပယ် ရဲ့ မောင်

(ကျွန်တော်ကိုသူကဘယ်လောက်ချစ်လဲတဲ့? ကျွန်တော်ကဒီကဗျာလေးနဲ့ဖြေလိုက်တာပါ...။)


No comments:

Post a Comment