Tuesday, April 27, 2010

ထာဝရထက်စံပယ်ကိုမောင်ပိုချစ်တယ်



(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။

(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊ လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ် လဲလျောင်းစေတယ်။

(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။

(၄) စံပယ်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့် မောင်ကံကောင်းခဲ့တယ်။ ဘုရားသခင်က မောင့်အတွက်စံပယ့်ကို စွန့်ကျဲခဲ့တယ်။ ရိုးရိုးရှင်းရှင်းစကားကို မောင်အားမနာတမ်းပြောချင်တယ် "စံပယ်ကိုချစ်တယ်"...

(၅) စံပယ့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ စံပယ့်ကိုလွမ်းတဲ့အလွမ်းက မောင့်ကိုပျော်စေတယ်၊ စံပယ့်ကိုဖက်ထားရတာ မောင့်အတွက် မှီခိုမှုတစ်မျိုးပေါ့။ စံပယ့်ကိုနမ်းတော့ ကြည်နူးရတယ်။ စံပယ်ဟာ အမြဲတမ်း မောင်ရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...

(၆) အရင်က စံပယ်နဲ့မောင်မသိခဲ့လို့ "အချစ်"နဲ့ မောင်လမ်းလွဲခဲ့ရတယ်။ ခုတော့ မောင့်ဘဝထဲ စံပယ်အပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ မောင့်နေ့ရက်နဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် မောင့်အနာဂတ်ကို စံပယ်တာဝန်ယူပေးပါ။

(၇) ထာဝရထက် စံပယ့်ကိုမောင် တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် စံပယ့်ကိုမောင် လွမ်းတယ်။ စံပယ့်ဘေးမှာ မောင်မရှိပေမယ့် မောင့်အလွမ်းထဲမှာ စံပယ်အမြဲရှိတယ်။ မောင့်နှလုံးသားထဲမှာ စံပယ်နေရာအပြည့်ယူထားတယ်။

(၈) မောင့်ဘဝထဲ စံပယ်ရောက်မလာခင် မောင်ဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့ လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ စံပယ်ဟာမောင့်ရဲ့ ဓူဝံကြယ်ပါ။ စံပယ့်နှလုံးသားမှာ ခိုလှုံနိုင်ဖို့ မောင့်ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။

(၉) မောင်တို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။ နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ စံပယ် မောင့်ရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?

(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ စံပယ်မေးလာခဲ့ရင် ပျော်ရွှင်ခြင်းက လေထဲမှာလို့ စံပယ်ကိုမောင် တိုးတိုးလေးပြောပြမယ်။ စံပယ်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ စံပယ့်ကိုမောင်ပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။


စံပယ် ရဲ့ မောင် (27.4.2010)

No comments:

Post a Comment