Thursday, December 31, 2009

* အချစ် ရိုးတံပေါ်မှ သစ္စာ ပန်းပွင့် *

တကယ်ဆို
ကိုယ်ဟာ အိမ်ဝေး စိတ္တဇ လေလွင့် ငှက်ကလေး
မင်းနဲ့တွေ့မှ
မေ့မရအောင် လွမ်းတက်တာ
အဲ့ဒီ အလွမ်းတွေ ပေါ့
ဒို့ ယုံကြည်တဲ့ အချစ်အိမ်လေးဆီကို
ထမ်းပိုး သယ်ဆောင် နေတာလေ...................

ကယ်ပါ ပဲ
လန့်နိုးမှာလဲစိုး တိတ်တိတ် ခိုးပြီး
မင်းနဲ့တူ
ချစ်အိမ်မက် ကလေးထဲမှာ
ချစ်တေးလေးတွေ သီဆိုနေရင်းနဲ့
အချိန် နာရီ လက်တံတွေ အကန့်အသက်မဲ့
အဆုံး မရပ် ဘဲလဲ
ရှိစေချင်သေးတယ်လေ...............

တကယ်ပါ
မင်းနဲ့ကိုယ် ဟာ
ဝေဒနာတွေ ကိုလည်း မျှဝေခံစား ခဲ့ကြ
ဖြစ်သမျှ အကြောင်းအရာ တွေကိုလည်း
အေးအတူပူအမျှ ရင်ဆိုင်နိုင် ခဲ့ကျတယ်လေ
ချစ်ခွန်းဖွဲ့ စကားတွေကို
ချစ်တေးတွေ သီလို့
ကြယ်စုံ ည တွေမှာ
ဒို့ မမောစတမ်း ပြောခဲ့ကြတယ်လေ.............


တကယ်ပါပဲ
မင်းနဲ့ကိုယ်ဟာ
ယုံယုံကြည်ကြည် ထပ်တူကျခဲ့ကြ
ဘဝတခုကို ပေါင်းဖို့ အချိန်တွေ စိုက်ပျိုး
သစ္စာ တရား ကိုမိုး
အချစ်ကို ကိုးလို့
မေတ္တာ လမ်းပေါ်မှာ
အချစ်နဲ့ ပေးဆပ်ရင်ဆိုင် ခဲ့ကြတယ်လေ..........


တကယ်ပါပဲ
ကိုယ် က
ရိုးတံ ပြိုင်းပြိုင်း နဲ့
နွေသစ်ကိုင်းလေး ဖြစ်တဲ့အခါ
မင်း က
ပန်းနုရောင် ပွင့်ဖတ်ကလေးတွေနဲ့
နွေ နေကို အံတုရင်း ပွင့်ပြ
တောင်ပေါ် ချယ်ရီ ပင်တွေ က
ဒို့ နှစ်ဦး သစ္စာ တရားရဲ့ သက်သေတွေလေ............


တကယ်ပါပဲ...ချစ်သူ
တနေ့ အနီးဆုံး လူသား နှစ်ဦး အဖြစ်နဲ့
တသက်လုံး လက်တွဲ သွားဖို့
အချိန်တွေကို စောင့်စားရင်း
ယုံကြည်ခြင်း နဲ့အတူ
သစ္စာ တရားကို လက်ကိုင်ထားလို့
ဒို့ နှစ်ဦး ဆက်ချစ်သွားကျမယ်နော်............


လတ်............၃၀ - ၁၂ - ၀၉...........


a` de lote tg chit ya the.mp3a` de lote tg chit ya the.mp3

Friday, December 25, 2009

သေခန်းပြတ် * ချစ်သူ*

မင်းက အမုန်းတရား တွေ ရင်မှာပိုက်
ငါ က အရှုံး သမား ဘဝနဲ့
ဒီ မှာတင် ရပ်နေလို့
ဒီဘဝ ဒီမျှ နဲ့
ဘာမှဖြစ်လာမှာ မဟုတ်တော့
တခန်း ရပ် ပြဇာတ် အဖြစ်
ကန့်လန့်ကာချ ရုံခါပြလိုက် မယ်
ဇာတ်လမ်းလည်းဆုံး အပြီးလည်း မုန်းပေါ့

ရက်စက်ခဲ့တဲ့မင်း ငါ့အသည်းတွေ
တဆစ်ဆစ် နာလို့ရယ်
မင်းထက် ရက်စက်သူတောင်
မင်းလောက် ရက်စက်တက်မယ် မထင်ခဲ့ဘူး
ခယ တောင်းပန်နေလည်း
အရေး မလုပ်ခဲ့တဲ့ မင်း
ခုချိန် က စလို့
နာကျဉ်း ခြင်း အုတ်တံတိုင်းတွေ
ငါ့နှလုံးသား မှာ ကာရံလိုက်တော့မယ်
နားလည်မှု့ မပါတဲ့ အချစ်ဆိုတာ မှန်သမျှ
လက်ခံခြင်း ဆိုတဲ့......
လက်မှတ် မပေးတော့ဘူး
ဒီမှာတင် အပြီး ဆုံးတိုင် ဖြတ်ခဲ့ပြီ နော်
သေခန်းပြတ် ပဲ ချစ်သူ..........


လတ်.....၂၁..၁၂..၀၉...

အရိပ် ငွေ့

မြောက်ပြန် လေတွေ ဆူဝေတဲ့ နေ့က
ထာဝရ သော့ခတ်ထားတဲ့
ရင်ခွင် တံခါး ကို ဆွဲဖွင့် မိလိုက်တယ်

နှလုံးသား တခုလုံး ဟာလာဟင်းလင်း
ရင်ခုန် နှုန်းတွေက ခုန်တော့မလိုလို
ရင်ခုန်သံ တွေဘဲ ရပ်တန့်တော့မလိုလို
ဘယ်ဆီများလည်း...........
မပြောမဆို
တမြေ့မြေ့ ဆွေးရိပ် တိမ်တွေ

ခုချိန်သာဆို.....
တေလေတယောက်
ဘယ်ဆီမှာ ဖြေရာဖျောက် မသိပေမယ့်
မြေဝပ်ငှက် ကလေး ကတော့
ငါ့နှလုံးသား မျက်ခင်းပြင် ထဲမှာ...

ဘဝဟောင်းရဲ့
ရေပြင်အောက် အမှောင်ထုမှာ
အချစ်ကြိုး မဖြတ်ရသေးတဲ့ နွယ်ရှင်တွေ
လန့်နိုးရစ်ပတ်နေကြ.......

ငါ့နားစည်ထဲမှာ
နင့်ရဲ့ခေါ်သံ သဲ့သဲ့ ကြားရတယ်
အစုတ်ပလုပ် မလေးရေတဲ့
ငါယောင်ပြီ ထထူမိတယ်
ကောင်စုတ် တဲ့ သတိတရပေါ့

အဲ့လိုနဲ့
လေထဲ မင်းနာမည်
ငါရေးခဲ့တယ်...(.....)


လတ် (၂၄-၁၂-၀၉ )

Tuesday, December 15, 2009

*...* ထံသို့ လွမ်းစာ

ချစ်တဲ့......................
သူငယ်ချင်းလေး.......*....* ရေ
အတိတ် ပဝေသဏီ က
အရိပ်တွေ ထင်ကျန် ရစ်စေခဲ့
တနေ့ မှ မေ့မရခဲ့ပါ
မနေ့က လိုပါပဲ ထင်...........
မင်းဟန်ပန် မှုယာတွေက
မျက်ဝါးထင် မြင်နေရသလိုပင်
အတွေးထဲ စွဲနေရစ်ပေါ့......
မင်းအပြုံး မင်းစကားလုံးတွေက
နက်ရှိုင်းဆုံး နှလုံးတနေရာမှ
ယနေ့တိုင် ကြားနေဆဲပင်
စွဲထင်ရစ် သံယောဇဉ်တွေက
ငါ့အလွန်တွေများလား...........
ဝေဝါးလို့ စဉ်းစားနေချိန်မှာ
မင်းကတော့ ငါ့ကို
ရှိတယ်လို့ပင် မထင်
ရောက်နေရာ အရပ်မှာ
ပျော်သလို နေတက်တဲ့ မင်း..........
မာနိုင်တဲ့ မင်းအသည်း
ကျောက်ခဲနဲ့ မှားလာသလား
အချိန်တိုင်း သတိမရရင်နေပါ
တိုက်ဆိုင်မှု့ လေးရှိခဲ့ရင်
ဖျက်ကနဲ တချက်လောက်
သတိယ ပေးပါလို့
အဝေးတနေရာ က
မင်းရဲ့ သူငယ်ချင်းမလေး
လတ်


လတ် (၁၆-၁၂-၀၉)

ပေးဆပ်ခြင်း * ချစ် *

မင်းမုန်းမယ် ဆိုရင်လည်း
အပြုံး မပျက် အမုန်းတွေ ပွေ့ဖက်လို့
အသက်ထက်ဆုံးထိ
ရင်ကွဲ ခံလို့....
လက်ခံလိုက်ပါ့ မယ်
မင်းထားခဲ့လို့ ဒဏ်ရာများစွားနဲ့
ကျန်နေခဲ့မယ်ဆိုရင်လည်း
တွယ်တာခဲ့ရတဲ့ သံယောဇဉ် တွေနဲ့
ကွယ်ရာကနေပြီး....
ထာဝရချစ်နေပါ့မယ်

သံယောဇဉ် အခြေပဲ့နဲ့
အနေခက် နေရတဲ့ဘဝ
ဘဝ ပဲ့ကိုင်ရှင် က
စေလိုရာ စေ...
နှလုံးသား ကိုလိုရာ သုံး
တစစီ ဖဲ့ခြွေ ပြီးမှ
ဂဏန်း ခြေဖြုတ် ဘဝနဲ့
မင်းသွားလိုရာ..သွားနိုင်ပြီ ဆိုလည်း
အဲ့ဘဝလေး နဲ့ပဲ
ကျေနပ်ပြီး အဝေးကို ဖယ်မခွာ
အသက်ပါ ပေးလို့
မင်းအနားမှာဘဲ
ပေးဆပ်ခြင်းတွေနဲ့
စောင့်စားနေချင်သူပါ......ရှင်ရယ်


လတ် (၁၅-၁၂-၀၉)

ကျေနပ်ပါတယ်

မောင်ရယ်........
အသစ်တွေ့လို့
အချစ်ကိုမေ့တာလား
မချစ်ချင်လို့
အပြစ်မြင်တာလား..........

ဒီရင်မှာ နွမ်းလျ တမ်းတရပါတယ်
ဘယ်ဘဝ က အကြောင်းဖန်လာ
ကံ မကောင်းပြန်တာက ကျွန်မ
အဖန် တလဲလဲ ကွဲ ခဲ့တဲ့
တစစီ ဒီအသည်း တွေက
မြေပေါ်ကို ကျပြန်တော့လည်း
နင်းမယ့်သူက ထပ်တလဲလဲနဲ့ပေါ့......

လေနှင်ရာ လူးလွန့် ပြန်တော့
မုန်တိုင်း ရယ်က ထန်လာ
ဝေဒနာ လှိုင်းဒဏ်တွေ ကြောင့်
ဒီရင်မှာ မလန်းတော့ပါဘူး........
မွန်းကျပ် မှု့ တွေ ရင်မှာပြည့်လို့
အလွမ်းပင်လယ်မှာ
ထပ်နစ်ခဲ့ ရင်လည်း.........

ချစ်သူပေးမယ့်
ဝေဒနာလက်ဆောင်တွေအတွက်
ကျေနပ်နေပါတယ်....* မောင် * ရယ်

လတ် ( 11-12-09 )

Thursday, December 3, 2009

မီးစာ

ခပ်တိုးတိုး တိုက်ခတ်လာတဲ့
လေပြေကြားမှာ
မင်း....ရယ်သံခပ်သဲ့သဲ့လေးကြားမိတယ်
ကွာဟမှုဆိုတဲ့
တံတိုင်းကြားမှာ အဖြူရောင်ပိတ်ကားချပြပြီး
မီးမောင်းထိုးဖို့ 
ကြိုးစားနေမိပြီ.....
မိုးစက်ပွင့်လေးတွေ ကျလာမိတိုင်း
ငါ့...ရင်ထဲက
နွမ်းဖတ်နေတဲ့ အနက်ရောင်ပန်းပွင့်လေး
နှိုးထရှင်သန်လာတော့တယ်
ကောင်းကင်ထက်မှာ
ခါးကိုင်းအောင် ကုန်းနေရရှာတဲ့
လခြမ်းငယ်လေးရယ်
မင်းအတွက်....
ပျော်ရွှင်စေဖို့  ကြယ်တလုံးကြွေကျတိုင်း
ငါဆုတောင်းနေခဲ့မိပြီ.......
မင်း...နင်းလျှောက်မယ့်
လမ်းတိုင်းမှာ ငါ့...ရင်ဘတ်ကို
တံတားထိုးခဲ့ပေးမယ်
ဝါကျင့်ကျင့်နေမင်းကြီးက အနောက်ဘက်တောင်တန်းတွေထဲ
ပုန်းခိုသွားပေမယ့်
မင်းအတွက်....
လမ်းစမပျောက်အောင် ငါ့..ခန္ဓာကိုယ်ကို
မီးရှို့ လို့ 
ငါ..အရည်ပျော်ကျတဲ့အထိ
မင်း..အနားမှာ ဖယောင်းတိုင်တစ်တိုင်ရဲ့ 
မီးစာလေးအဖြစ်တော့...
ငါ့ကို....
နေခွင့်ပြုပါ....။

ကဗျာတွေနဲ့ကျေနပ်ချင်သူ

အလွှာအထပ်မတူတဲ့ ပုဝါကမ်းတဲ့လက်ကို
ခါထွက်ခဲ့ပြီလား............
စာမတွက်တတ်လို့ ဆရာလပ်နေတဲ့ ငါ့ဘ၀ထဲကို
ကဗျာစပ်တတ်အောင်ထိ သင်ပေးခဲ့ဘူးတဲ့မင်းက
အခုတော့ ငါ့ဘ၀က ၀လုံးကနေ သုံညဘ၀ကိုရောက်ရတော့မယ်....
တော်ပါပြီ လောကကြီးရယ်.....
မင်းသင်ပေးတဲ့ ကဗျာတွေနဲ့
ငါတစ်ယောက်တည်း ကမ္ဘာပတ်ပြီးကဗျာစပ်ခွင့်ပြုပါတော့.....

ရည်ရွယ်သူ..သို့...

အမှတ်တမဲ့ ..................
ဘ၀လမ်းခရီးတစ်ကွေ့တစ်နေရာ
မသေချာမရေရာတဲ့ လမ်းတစ်ခုကို
လျှောက်လှမ်းနေတယ်ပေါ့
အမှတ်တရ .......................
ဖြစ်စေဘို့ အကြောင်းအရာလေးတစ်ခု.....
ဘယ်ဆီကလာ ဘယ်ဆီကိုပြန်ရမယ်ဆိုတာကို
မသိ ရတဲ့ လူသားတစ်ဦးရဲ့ဘ၀မှာ....
ဇော် ..ဆိုတဲ့လူသားတစ်ဦးကတော့................
အမှတ်တမဲ့မှ အမှတ်တရ
မင်းကိုတွေ့ခွင့်ရခဲ့ပြီ.....

တွယ်တာမြတ်နိုး
တိတ်တခိုးနဲ့
ရစ်မိုး တွယ်ယှက်
ဖြည်ရန်ခက်သည့်
ရစ်ပတ်နှောင်ကြိုး
သံယောဇဉ်ကြိုးကို
တိုးတိုးတိတ်တိတ်
ချစ်ခွင့်ပြုပေးပါ ......

မြတ်နိုးတွယ်တာ
အကြင်နာနှင့်
ရင်မှာနှောင်ကြိုး
ချစ်နွယ်ကြိုးကို
ဖျက်ချိုးမလွယ်
ရစ်ပတ်တွယ်ပြီ
ရည်ရွယ်သူတယောက်
သိပါစေ...........

*ကဗျာ*

P=Peace and Love
O=Only for You
E=Established in My Heart
M= May I show you My Love with this P.O.E.M

ကဗျာ ဆိုတဲ့စာသားလေးနဲ့
POEM လေးကို ပေါက်တတ်ကရဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်..
.အမှားပါရင် ခွင့်လွှတ်ပေးစေလိုပါတယ်....

ငါ့ရင်ထဲမှာ
မင်းတစ်ယောက်တည်းအတွက်
ငြိမ်းချမ်းရေးနဲ့ အချစ်တွေ
တည်ထောင်ခဲ့မိပြီ ဆိုတာကို
ဒီကဗျာလေးနဲ့အတူ
ငါ့ရဲ့အချစ်တွေကို ဖော်ပြပါရစေလား

* ငါမဟုတ်တဲ့ ငါ *

ဒီမျက်နှာ ဒီအသံ ဒီစကားတွေ က
ငါ့မျက်နှာ ငါ့အသံ ငါ့စကားတွေ လား
ငါသာအမှန်တကယ် ငါ ဖြစ်ခဲ့မယ်ဆိုရင်
ငါ အခု ဘယ်ကလာလို့ ဘယ်ကိုသွားရမလဲ.....
ငါ့ကို သူငယ်ချင်းတွေက ဇော် ဆိုပြီးတော့သိကြတယ်
တကယ်တော့ ငါ ဟာ သံသရာစက်ဝန်းထဲက ကျင်လည်နေတဲ့
သံသရာ ခရီးသည်တစ်ဦးပါ..........
တစ်နေ့မှာ အခုလိုမျိုးရောက်လာသလို ငါပြန်သွားရအုံးမယ်......
ငါရောက်လာတုန်း အခိုက်မှာ သူငယ်ချင်းတွေ နဲ့ ခင်မင်ခွင့်ရတယ်.....
အခုငါတို့ ဆုံခွင့်ရသလို......
တစ်နေ့နေ့မှာပြန်ခွဲခွါရအုံးမယ်နော်.......
တစ်ခုတော့မှာလိုက်ချင်ပါတယ်...
ရောက်တဲ့အရပ်မှာပျော်အောင်နေပြီး
ကိုယ့်အတွက်ကျန် အောင်လုပ်ဆောင်ပါ.....
သူတစ်ပါးကို တိုက်တွန်းပါ.....
ဒီဘ၀ထက်နောင်ဘ၀က အရေးကြီးတယ်....
သံသရာ ခရီးသည်ဘ၀မှ ကင်းဝေးကြပါစေ
မိတ်ဆွေအပေါင်းတို့........
ငါမဟုတ်တဲ့ ငါ
နင်မဟုတ်တဲ့နင်
ရုပ် နဲ့ နာမ်ဆိုတဲ့ ပညာတ်ထားတဲ့ အလွှာ ၂ ခုကို ခွာထုတ်ကာ ပြရမယ်ဆိုရင်
ယောကျာင်္းမဟုတ် မိန်းမ မဟုတ်၊ နင်မဟုတ် ငါ မဟုတ်......
ခရီးလည်နေတဲ့ ခရီးသည်တွေပါလားဆိုတဲ့အတွေး
မိတ်ဆွေတို့ အမြဲတွေးရင်း .................
ပြန်လည်ဆုံဆည်းကြပါစို့လား.............

* မင်းပျော်မယ်ဆိုရင်*

ကောင်းကင်တွေအုံ့ဆိုင်းလို့
တိမ်ညိုတွေမှိုင်းလျက်ပေါ့
လေပြေတွေ လှိုင်းထန်နေလို့
ကြယ်စင်တွေ အဝေးသို့လွင့်စင်လျက်ပေါ့
လမင်းကြီးလည်းပျောက်ကွယ်နေလို့
လောကကြီးတစ်ခုလုံးမည်းမှောင်လျက်ပေါ့

ချစ်သူ.............
မင်းတစ်ယောက်သာ ပျော်ရွှင်ကြည်နူးမယ်ဆိုရင်
အုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးရယ်
၊ညိုမှိုင်းနေတဲ့ တိမ်စိုင်တွေရယ်
လှိုင်းထန်နေတဲ့ လေပြေတွေရယ်၊
လွင့်စင်သွားတဲ့ ကြယ်စင်တွေရယ်
ပျောက်ကွယ်သွားတဲ့ လမင်းကြီးရယ်၊
မည်းမှောင်နေတဲ့ လောကကြီးတစ်ခုလုံးကို
အလျဉ်းမရှိ ရွှင်းအိတောက်ပလာအောင်
ငါဖန်ဆင်းပေးပါရစေသား.....

ဒါကိုမှ မင်းမပျော်နိုင်သေးရင်
ဇော် ဆိုတဲ့ ငါတစ်ယောက်
မင်းရှေ့မှာ ဒူးထောက်လို့
ကောက်ကွေ့ချင်းမရှိတဲ့
ငါ့ရဲ့  ရင်ခုန်သံ မြစ်တစ်စင်း
ချစ်ခြင်းများစွာနဲ့ မြစ်ဖျားခံတဲ့
မာယာကင်းတဲ့ ချစ်ခြင်းမေတ္တာ
အပြစ်ရှာလို့ မရအောင်
ခပ်ခွာခွာကနေပဲချစ်နေပါဆိုရင်လည်း
မင်းရဲ့ ဆန္ဒ မင်းရဲ့ ဘ၀ကို
ထာဝရပျော်ရွှင်စေဘို့
ငါ့ရဲ့နှလုံးသွေးနဲ့ ရေးတဲ့
ဒီကဗျာလေးတစ်ပုဒ်နဲ့ ကျေနပ်ခွင့်ပြုပါတော့ ...

*ရင်ဆိုင်ခွန်အား*

စိတ်ဓာတ်မကျဘူး ဇွဲမလျော့ဘူး
အငိုဆိုတာမရှိစေရဘူး
မနက်ဖြန်ဆိုတဲ့နေ့တိုင်းမှာ
ငါ့အတွက်မျှော်လင့်ချက်ဆိုတာရှိတယ်
မျှော်လင့်ချက်ဆိုတာ
မြှားတစင်းရဲ့ပစ်မှတ်ပါ
တနေ့ထိအောင်ပစ်နိုင်ရမယ်
အဲ့ဒီနေ့ဟာ..........
တို့နှစ်ဦးဘဝရဲ့ အပျော်ရွှင်ဆုံးနေ့......

မကျရှုံးစေရဘူး ငါ့စိတ်ဓာတ်တွေ
ဘယ်သောအခါမှ..........
မယုတ်လျော့စေရဘူး ငါ့ ရဲ့  ဇွဲ
ဘယ်သောအခါမှ........
မနက်ဖြန်ဆိုတဲ့ မနက်ဖြန်xxxမရှိစေရဘူး
ဘယ်သောအခါမှ......
ဒါပေမယ့်xxxxxxxxxxxx
မနက်ဖြန်ရဲ့မနက်ဖြန်တိုင်းကတော့ ငါ့အတွက်
ရှင်သန်စေရမယ်xxx
အစဉ်အမြဲ.....

မျှော်လင့်ချက်ဆိုတဲ့ပစ်မှတ်
ထိအောင်ပစ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့တွေ့တော့
မင်းဟာငါ့ရဲ့ ရင်ဆိုင်ခွန်အားလေးပေါ့.....

တဒင်္ဂအလွမ်း မညစ်နွမ်းတဲ့စိတ်နဲ့
တလှမ်းချင်းလှမ်းပြီးလျှောက်မယ်.....
မရောက်ဘယ်ခါရှိနိုင်အံ့ ......
ဘ၀ပန်းတိုင် ဆွတ်ခူးနိုင်ရန်
မခိုင်အင်အား မရှိငြားဟု
အားမာန်ကာတင်း ရောင်ခြည်လင်းတိုင်
ဆူးခင်းလမ်းတွေ့ မရှောင်ကွေ့ပဲ
တစ်ကွေ့ကွေ့တော့ ရောက်နိုင်လော့.........

စံပယ်တပွင့်၏ ဒဏ်ရာ

ဆောင်းရာသီရဲ့ နံနက်ခင်းတခုမှာပေါ့ စံပယ်လမ်းလျောက် ထွက်လာတဲ့လမ်းလေးမှာ
သူ စောင့်နေခဲ့တယ် သူ့လက်ထဲမှာ ဆောင်းနဲ့အပြိုင် သင်းပျံမွှေးကြိုင် နေတဲ့စံပယ်
တွေနဲ့ပေါ့ စံပယ်အနားရောက်လာတော့ သူက *စံပယ်အတွက်စံပယ်ပန်းလက်ဆောင်ပါ*
တဲ့ ဒီနှစ်ဆောင်းလောက်လှပတာမရှိတော့ပါဘူး သူ စံပယ်ကိုနေ့တိုင်း စံပယ်ပန်းလေး
တွေပေးခဲ့တယ် လေ စံပယ်ပန်းနဲ့အတူ တနေ့မှာ *ချစ်တယ်* ဆိုတဲ့စကားလေးပါ ထပ်ဆင့်
ပေးပြန်တယ် စံပယ်ရင်ခုန်မိပါတယ် ၊ မျှော်လင့်မိပါတယ် စံပယ်ပန်းရယ် သူ့ရဲ့အချစ်ရယ်
ထာဝရတည်တံ့ဖို့ပေါ့ စံပယ်စိတ်ကူးလေးတွေနဲ့ ပျော်နေမိခဲ့တယ် ဒီလိုနဲ့ တဆောင်း
ကုန်သွားပြန်ပြီပေါ့ ဆောင်းပျောက်လို့ နွေအရောက် စံပယ်လည်းတုံး မောင်လည်းမုန်းပေါ့..
ခုတော့သူက ခရေချစ်တဲ့ကောင်မလေးနဲ့လေ .. ရက်စက်လိုက်တာလို့တော့ မပြောတော့ပါဘူး
ချစ်ကံခေသူတွေဟာ ဘယ်တော့မှ အချစ်ရေးမှာ နလန်မထူဘူးဆိုတာ သိထားပါတယ်လေ...
အဲ့ဒီနေ့ကစပြီး စံပယ်ဟာ ခရေကိုမုန်းခဲ့တာ ဒီနေ့ထိတိုင်အောင်ပါဘဲ ဘယ်သူကိုမှတော့
အပြစ်မပြောတော့ပါဘူး ရင်ထဲက ဒဏ်ရာလေးဘဲ ကုစားရင်ကျေနပ် နေလိုက်ပါတော့မယ်...


စံပယ် တပွင့် ခြွေနင်း ရက်လည်း
အငြိုး မပါ ဖြူစင် မေတ္တာ
ပေးသနား လှည့်ပါ
မငြင်း ရက်ပါ ထာဝရ အချစ်များ
ချစ်ဦးသူသာ တဘဝလုံး
ပေးခဲ့တာပါ
တဆောင်း ကုန်လို့ နွေအကူမှာ
စံပယ် လည်းတုံး မောင်လည်း မုန်းပေါ့
ခုတော့ သူ့အချစ်
ခရေ တဖြစ် လဲ
အသစ် ဖြစ်ပွား
အချစ် များနဲ့ပေါ့
စံပယ် မှာသာ ရင်တွင်း ဒဏ်ရာ
ဖြေရာ နထ္ထိ
ဆေးမရှိ
စံပယ်ကို သနားလို့တဲ့
ဆောင်းတွေ တောင်ငိုချလိုက်တာ
နှင်းတွေ နဲ့ ဖွေးရော


လတ် (၂၉-၁၁-၀၉)

Saturday, November 14, 2009

ငါဘာလုပ်ရမလည်း

လောကဇာတ်ခုံပေါ်မှာ
က..ရင်းနဲ့ တွေ့
တွေ့ ပြီးတော့ ဆက်က
မမောနိုင် ကျတဲ့
လောကဇာတ်လိုက်တွေပါလား
ငိုခန်း ဆိုရင်တော့ ဝအောင်ငိုနော်
ဒါမှ အကယ်ဒမီ ရမှာ
ကြမ်းဆိုရင်တော့ရမ်းပစ်လိုက်
လုံးဝ မကြောက်နဲ့
လွမ်းဆိုရင်တော့
ငါးသုံးက ကဗျာ ဆရာတွေ ငိုအောင်သာလွမ်းလိုက်
ချစ်ဆိုရင်တော့သူငယ်ချင်းရေ
မလွတ်စေနဲ့နော်တခါတည်း.............နော်
က ပြီးရင် မောလာမယ်
မောပြီးရင်နားမယ်
နားပြီးရင်ပြန်ကမယ်
အင်း.......ဒီလိုနဲ့လည်ပတ်နေမှာဘဲလား
စဉ်းစားရင်းနဲ့လောကမှာ
က ရမှာ စိတ်ကုန်လာတယ်
ဝူးးးးးးးးငါဘာလုပ်ရမလည်း..........။

လုပ်စရာကတော့တခုတော့ရှိတယ်
စိတ်ထဲမှာရည်မှန်းချက်တခုထား
ပြီးတော့ဖြစ်အောင်လုပ်...ရောက်အောင်သွား
အချိန်နဲ့အလုပ်လုပ်...သစ္စာနဲ့စောင့်ထိန်း
ယုံကြည်မှု့ကိုအလေးနက်အထား
နာလည်ပေးထားတာကိုအလွဲသုံးစားမလုပ်မိပါစေနဲ့

အော်ခုမှအဖြေတွေ့တယ်...ငါလုပ်ရမှာတွေအများကြီးပါလား...............။

ထာဝရ မင်းအတွက်

မင်းမျက်နှာလေးကိုကြည့် ပြီး
ခံစားလိုက်တာ
အားလုံးမေ့ သွားတယ်....ချစ်သူ
ဘယ်အတွက်ကြောင့် ........
အသဲနင့်အောင်ချစ်သွားရတာလည်း
ခွင့်လွှတ်ခြင်းတွေအားလုံးပေးခဲ့တဲ့ချစ်သူ
နားလည်မှု့ တွေလည်းအကုန်ပေးခဲ့တယ်
တဘဝလုံးအတွက်လည်း
သစ္စာ တရားနဲ့ချစ်မယ်တဲ့
တို့အတွက်.......
မင်းအဲ့လောက်ကောင်းတာတွေပေးပြီးချစ်ခဲ့တာ
ဘာတွေပြန်ပေးရမယ်ဆိုတာ
မသိတော့လောက်အောင်ဝမ်းသာမိခဲ့တယ်
လောကမှာပေးဆပ်ခြင်းနဲ့
ချစ်တက်တဲ့သူရှိသေးတယ်ဆိုတာ
မင်းကို စံ ထားမယ်....
အနစ်နာခံခြင်းရဲ့  ဆုလာဒ် အဖြစ်
ဘုရားသခင်က......
မင်းကိုတို့အတွက် ဖန်ဆင်ပေးခဲ့တယ်ဆိုရင်
တို့ကလည်း မင်းအတွက်....
ထာဝရ ပန်းတပွင့်
ဖြစ်စေရမယ်လို့ ကတိပေးပါတယ်......ချစ်သူ

ပန်းလေးတပွင့်
အနမ်းလေးစွင့်
အလှမ်းလေးလွင့်လို့
စွေ့စွေ့ လေးပွေ့
ထွေးထွေးလေးရင်မှာပိုက်
နှလုံးသားနားမှာသိပ်လို့
ထာဝရသိမ်းထားမယ်
ယုယမြတ်နိုး
အကြင်နာတိုးလို့
ဝေဒနာမိုး မရှိအောင်
အမြဲတမ်းသွေ့ခြောက်စေမယ်
အကြင်နာ အနမ်းတွေနဲ့ပေါ့

လတ်

တဘဝလုံးရဲ့ သူရဲကောင်းလေး

စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းခဲ့ရတဲ့
ငါ့ဘ၀အမှောင်ကမ္ဘာလေးထဲမှာ
ပျော်စရာဆိုတာ ဘယ်မှာလဲ...
အကြင်နာမေတ္တာဆိုတာ ဘာလဲ....
သံယောဇဉ်နဲ့ အချစ်ကို သေချာမသိခဲ့တဲ့...ငါ
ချစ်တယ်ဆိုတဲ့ စကားဟာ ဘယ်သူ့အတွက်လဲလို့ သေချာမစဉ်းစားမိခဲ့တဲ့...ငါ
အရာအားလုံးကို ၀ိုးတိုးဝါးတားနဲ့ နားလည်မှုမရှိသေးခဲ့တဲ့...ငါ
ငါ....ဆိုတာ ဘယ်သူလဲ...
ငါ့အချစ်တွေ က ဘယ်သူအတွက်လဲ...
ပုစ္ဆာ တစ်ပုဒ်ကို အဖြေထုတ်ခဲ့တာ နှစ်ပေါင်း ၂၀ကျော်ခဲ့ပြီပေါ့.....
အခုတော့.............
သေချာဝေဖန်ပိုင်းခြားပြနိုင်တဲ့...ကျမဘဝရဲ့ ပိုင်ရှင်လေး...
အချစ်မီးအိမ်ငယ်လေးကို ကြင်နာယုယစွာပိုက်ထွေးလာခဲ့ပြီ...
အရာရာ မသေချာမရေရာ စမ်းတ၀ါးဝါးနဲ့လျှောက်လှမ်းခဲ့တဲ့...ငါ ဟာ
ဒီတစ်ခါတော့.......
ကံကောင်းခြင်းများစွာက ငါ့ကို ပိုင်စိုးခဲ့ပြီ...
တဒင်္ဂဆိုတဲ့ အချိန်တို တခဏတာလေးမှာ
ဖူးစာရေးနတ်ကများ ငါ့ဘက်ကို မြှားဦးလှည့် လာခဲ့လေသလား......
ငါ့ဘ၀ကို အမှောင်ခွင်းအလင်းပေးခဲ့တဲ့....သူ
ပျောက်ဆုံးနေတဲ့လမ်းလေးကို လမ်းပြကြယ်လေးတစ်ပွင့်အဖြစ် ဖန်ဆင်းဝင်ရောက်ပေးခဲ့တဲ့....သူ
ကမ်းစပ်ကိုရှာမတွေ့နိုင်ခဲ့တဲ့ ဇနက္က ....ကယ်တင်ရှင် မေခလာ အဖြစ်ဝင်ရောက်အစားထိုးပေးခဲ့တဲ့....သူ
အချစ်လပ်နေတဲ့ ငါ့ဘ၀ထဲကို .....အချစ်လက်နဲ့ကမ်းလင့်ကြိုခဲ့တဲ့....သူ
ငါ့ရဲ့ရင်ထဲကို အကြင်နာ မေတ္တာတွေ ယူဆောင်ပေးခဲ့တဲ့ မင်းကို
အတည်းကျန်ဆန် မှုတွေဝေးကွာသွားစေတဲ့အတွက်
မင်းကို တင်စားမှုလေးတစ်ခုနဲ့
ငါ့ရင်ထဲမှာ ကျောက်စာတစ်ခုအဖြစ် ကမ္ဗည်းထိုး မှတ်တမ်းပြုပါရစေလား
ကျမဘဝရဲ့ သူရဲကောင်းလေး....ရယ်

ထာဝရနွယ်နံသာလတ်

ရင်မှာထာဝရ
အစဉ်သာပြရရင်
ရယ်စရာဟာသတွေနဲ့
ပြောတတ်တာလည်း
ထာဝရ ပါဘဲ ။

ထာဝရ.....ရေ
ငိုကျမယ်ဆိုရင်တော့
မပြောခင်က
ငိုတတ်နေတာ
မတိတ်တတ်တော့
နွယ်ကချော့ပေါ့ ။

ပျင်းတယ်လွမ်းမယ်
ဆိုရင်တော့လေ
နံသာကမစရသေး
သူအရင်လွမ်းမောလိုက်တာ
ကျန်သူတွေဘာမှမပြော
လက်မှိုင်ပါချရပါရောလား ။

အချစ်အကြောင်း
ဆွေးနွေးပြန်တော့
လာထားဆိုပြီး
သူကဘဲချစ်လိုက်တာ
နွယ်တို့နံသာတို့ရေ
လတ်တို့အတွက်
မကျန်တော့ဘူးနော်
လုပ်ကြပါအုံး ။

ဒီအရာတွေအားလုံးကို
ပိုင်ဆိုင်ထားတာကတော့
စိတ်ပျော့ပိုးလေးဆိုတဲ့
လတ်ရဲ့ ချစ်သူ..ထာဝရ ။

ဟယ်..အမိုက်စားလေးဆိုပြီး
မျက်စိအစာကြွေးတတ်တာက
ထာဝရ............
မခံနိုင်လို့လိုက်ရစ်တာက
နွယ်.............
မလှုက်တလှုပ်နဲ့အုံ့ပုန်းလို
လုပ်နေတာက
နံသာ................
သူတို့လေးတွေကို
ခွင့်လွတ်ပြီးချစ်နေတာက
လတ်............
အင်းလောကကြီးမှာ
ဘာများလိုအုန်းမှာလည်း
ဒီလေးယောက်လည်းပေါင်းရော
.............................ကုန်ရောတဲ့


အဝေးတနေရာမှ.....လတ်....

အားမာန်

အပျော်ရွှင်ဆုံးနေ့တွေဆိုတာ
အစဉ်ထာဝရရှိမနေနိုင်ပါ
ပြုံးပျော်နေတဲ့ရက်တွေရှိသလို
မျက်ရည်ကျနေတဲ့နေ့တွေလည်းရှိပါတယ် ။

လူဘဝမှာနေထိုင်တဲ့အခိုက်အတန့်
ဒုက္ခဆိုတာကြုံရစမြဲမို့
ဇွဲ ဆိုတဲ့ခွန်အားနဲ့ကျူံးထလိုက်ရင်
ဟိုး.....ရှေ့ မှာအောင်မြင်ခြင်းဆိုတာရှိတယ် ။

ရင်ဆိုင်ပါခွန်အား
မာန်မလျော့ဘဲနဲ့
ရှေ့ ဆက်လျှောက်မယ့်
လမ်းကြမ်းနေပါစေ
အရောက်လှမ်းမယ့်

* မခိုင်တဲ့ ငြမ်းစောစောပြိုမှာဘဲ * တဲ့

နွယ်ပြောခဲ့တဲ့စကားတခွန်း
လတ်ရင်မှာစွဲနေခဲ့တာ
ယနေ့ထက်တိုင်ကျင့်သုံးလျှက်ပါ ။

စိတ်ချပါနွယ်.............
ဘယ်တော့မှမပြိုစေရပါဘူး
ထာဝရတသက်လုံးခိုင်မြဲစွာနဲ့
ပန်းတိုင်ကိုအရောက်လှမ်းမယ့်သူဆိုတာ
ယုံကြည်ပေးပါနွယ်သခင်လေးရာ ။


နွယ်ရှင်ရဲ့ စကားလက်ဆောင်အတွက်
အမှတ်တရ

လတ်

တု နှိုင်း မ မှီ သော အ ဖေ

* အဖေသည်

* ဘဝ၏ စွမ်းအင်

* အသက်၏ အမြစ်

* နှလုံးသား၏ လှေကား

* လူသားများ၏ အရိပ်


ပဲ့ကိုင်မယ့်သူ လှေငယ်လေးကို

ကမ်းစပ်တစ်ဘက်ထိုအရပ်သို့

ပို့ဆောင်ပေးတာ အဖေပါ ။


သမီးလည်းကြိုးစား အဖေကဲ့သို့

မေတ္တာတရား စေတနာပွားကာ

လူလောကအလယ် မျက်နှာပန်းလှ

သားသမီးတို့ ထွန်းတောက်ကြယ်လို

တင့်တင့်တယ်တယ် နေနိုင်ခဲ့သည်

သို့သော် အဖေ့ခြေရာ လိုက်မမှီခဲ့ပါ

.......အဘယ်ကြောင့်ဆိုသော်.....

အဖေသည် အဖေဖြစ်နေခဲ့၍ ။


အဖေ တချက်လောက်လေးငဲ့ကြည့်ပေးပါ

သမီး အရမ်းလွမ်းနေတယ်.......

အဖေဖဖဖဖဖဖဖဖ


အဖေ့ရဲ့ ချစ်သမီး လတ် ( စံပယ် )

၂၁-၆-၂၀၀၉ ( တနင်္ဂနွေ )

လှည့်စားသူသို့

လေအဝှေ့တချက်မှာ
ဖြေသိမ့်စရာမရှိခဲ့ပါ
ခပ်လှုပ်လှုပ်ရွက်ခြောက်လေးက
မြေမှာခကြွေကာကျရပြီပေါ့..။

ဖွင့်ဟပြောလာ
စကားတခွန်းမှာ
ရင်ထဲမှမလာခဲ့တော့
လက်ခံမိသူကရှုးရတာပေါ့..။

နင်ပေးခဲ့တဲ့ကတိစကားတွေ
အခုများတော့ဘယ်နားရောက်နေ
ငါဘဝကိုတခါသေခဲ့ရင်းက
နင်နဲ့ကျတော့နှစ်ခါသေခဲ့ရပြီပေါ့..။

ဘယ်အငြိုးနဲ့ရိုက်ခိုက်လာ
ဒီဘဝသာကျေစေပါ
ထက်ဆင့်ခဲ့တဲ့ဒဏ်ရာများ
နင်ကျေနပ်ပေးပါလား..။

အနီးဆုံးမှာရှိနေလည်း
ဝေးဆုံးရောက်နေသလိုဘဲ
ရင်ခုန်သံရိုင်းရဲ့ တောက်ပမှု့တွေ
ခုတော့ဘယ်ဆီများရောက်နေ..။

တောင်းပန်ပါတယ်အချစ်တွေရယ်
ကြောက်လှပါပြီကွယ်
လိမ်ညာလှည့်စားအချစ်တွေများ
ဝေးဝေးသွားပါလား........။


လတ်

နောင်ဆုံးချိန်

ငါ့အတွက် ကံကြမ္မာ တံတားက
စဖောက်ထဲက မခိုင်ခဲ့တော့
အကြိမ်ကြိမ် ကျိုးခဲ့ရတာပေါ့

ချစ်သူကို ချစ်ခဲ့ရတဲ့အချစ်
နှလုံးသွေးထွက် မရပ်အောင်ဖြစ်ခဲ့တော့
ဆရာဝန်တောင်လက်မှိုင် ချခဲ့ရတာပေါ့

ခုတော့....ငါ့တယောက်ထဲရဲ့  ကမ္ဘာ မှာ

ကောင်းကင်ကိုမော့ကြည့် တော့
အှုံ့  မှိုင်း မဲ မှောင် လို့ ပေါ့
ငါ့အတွက် ဆည်းဆာဆိုတာမရှိခဲ့

မြေပြင် ကို ငုံ့ကြည့် ပြန်တော့
ပူလွန်းလို့ ပက်ကြားအက်တွေနဲ့
ငါ့အတွက်တလင်း ဆိုတာမရှိ

ရေပြင်ကို လှမ်းကြည့် လိုက်တော့
အဏ္ဏဝါ မုန်တိုင်းက ဝါးမျိုမယ်တကဲကဲ
ငါ့အသက်ကသူ့လက်ထဲ လွတ်လမ်းရယ်မရှိ

အရာအားလုံးနတ္ထိ ဘဝနဲ့ငါ
ပြန်လမ်းရယ် မရှိလေတော့
သေလမ်းကိုသာမျှော်နေရော့လေ
ကျန်နေတဲ့ လက်ကျန်ရက်လေး
အပျော်ဆိုတာ မစဉ်းစားဘဲ
သူ့ အတွက်သာ ပေးဆပ်လိုက်ပါ

နတ္ထိ ဗလာ ရင်မှာပိုက်
ရှိတာ အကုန် ပေးလိုက်
ငါ့ရင်ထဲကလက်ကျန်အချစ်
မင်းအတွက် အကုန်ဖြစ်စေ
ကမ္ဘာကုန်သည် အထိပေါ့..
....နော်...ချစ်သူ....

လတ်

အသဲကွဲ အလွမ်း

အိမ် မက် တွေ လား
မ ဟုတ် ခဲ့ ပါ ဘူး

ရင် ဒဏ် ရာ လှိုင်း တ ချက်
စောင့် တက် လို့ သွား ခဲ့ တာ
ဘယ် သူ သိ နိုင် မှာ လည်း

ရင် ထဲ က အ ချစ် တွေ
မ ခံ စား ခဲ့ ရ ဘူး တဲ့
မ မြင် တက် သူ တွေ အ တွက်
မြင် မိ အောင် လည်း မ ပြ တော့ ပါ

လှိုင်း ဒဏ် ပြင်း တဲ့
အ သဲ ကွဲ ကမ်း ခြေ လေး မှာ
လူ မ သိ အောင် တ ယောက် ထဲ
အ လွမ်း တွေ နဲ့ မျှော ပါ တော့ မယ်

ဗ လာ ကျင်း တဲ့ နင့် နှ လုံး သား မှာ
ငါ မ ရှိ တဲ့ အ တူ လှည့် မ ကြည့် ပါ နဲ့

ချ ရေး လို့ မ ရ တဲ့ စ ကား တွေ
ငါ့ ရင် မှာ ပြည့် ကျပ် နေ တော့
ငါ့ ကို ဝ အောင် ငို ခွင့် တော့ ပြု ပါ

နင့် လို အင် တွေ အ တွက်
ငါ့ နှ လုံး သား ကို အ စိမ်း ချုပ် လိုက် ပါ တော့

နင် ရယ် နိုင် ဖို့ အ တွက်
ငါ့ ဆန္ဒ တွေ ရေ မှာ မျှော လိုက် ပါ ပြီ

သ ခင် ဝေး တဲ့ ငါ့ ရင် မှာ ပေါ့
ပေး ဆပ် ဖို့ သာ ရှင် သန် ပြီး
အ သဲ ကွဲ ရင်း နဲ့ တ ဘ ဝ လုံး လွမ်း နေ ပါ့ မယ်

လတ်

`နောက်ဆုံး မျှော်လင့်ခွင့်´


ချစ်သူရယ်.....
မင်းကို ချစ်မိတဲ့ငါ....
မင်းရှေ့မှာ....ဒူးထောက်
အရှုံးပေးနေတာတောင်မှ....
မင်းက ....ရက်စက်တဲ့စွဲချက်တွေနဲ့....
ငါ့ နှလုံးသားကို နာကျင်အောင် ထိုးနှက်ခဲ့တယ်......။


``သတိမရပါနဲ့........´´တဲ့
ပြောရက်လိုက်တာ....ချစ်သူရယ်....
သတိရဖို့တောင် ငါ့မှာ အခွင့်မရှိတော့ဘူးလားကွယ်.......။။


ဘယ်သူမှမသိအောင် နာကျင်ငိုကြွေး......
ငါ့နှလုံးသားမျက်ရည်တွေနဲ့......
အိပ်ပျက်ညတွေကို တိုင်တည်ပြီး........
ဒီကဗျာကို ရေးဖွဲ့ခဲ့တာပါ.....ချစ်သူ.....။။။


ချစ်သူရေ.......မင်းကျေနပ်မယ်ဆိုရင်....
အရာရာကို ငါပေးဆပ်ချင်ပါတယ်.....။။။။


မျှော်လင့်ခွင့် မရှိတော့မှန်း...သိနေပေမယ့်.....
နားလည်မှုတွေ ပေးမယ့်နေ့ကို......
နောက်ဆုံး မျှော်လင့်ချက် ငွေ့ငွေ့နဲ့

ငါ......ရူးမိုက်စွာ စောင့်မျှော်နေဆဲပါ.......ချစ်သူ.....

ကျေနပ်ခွင့်ပြုပါ

ချစ်သူ.........
မင်းပျော်မယ်ဆိုရင်ပေါ့

ကောင်းကင်တွေအုံ့ဆိုင်းလို့ တိမ်ညိုတွေမှိုင်းလျက်ပေါ့
လေပြေတွေ လှိုင်းထန်နေလို့ ကြယ်စင်တွေ အဝေးသို့လွင့်စင်လျက်ပေါ့
လမင်းကြီးလည်းပျောက်ကွယ်နေလို့ လောကကြီးတစ်ခုလုံးမည်းမှောင်လျက်ပေါ့

ချစ်သူ.............
မင်းတစ်ယောက်သာ ပျော်ရွှင်ကြည်နူးမယ်ဆိုရင်
အုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးရယ်၊ညိုမှိုင်းနေတဲ့ တိမ်စိုင်တွေရယ်
လှိုင်းထန်နေတဲ့ လေပြေတွေရယ်၊လွင့်စင်သွားတဲ့ ကြယ်စင်တွေရယ်
ပျောက်ကွယ်သွားတဲ့ လမင်းကြီးရယ်၊ မည်းမှောင်နေတဲ့ လောကကြီးတစ်ခုလုံးကို
အလျဉ်းမရှိ ရွှင်းအိတောက်ပလာအောင် ငါဖန်ဆင်းပေးပါရစေသား.....

ဒါကိုမှ မင်းမပျော်နိုင်သေးရင်
ကိုယ် ဆိုတဲ့ ငါတစ်ယောက် မင်းရှေ့မှာ ဒူးထောက်လို့
ကောက်ကွေ့ချင်းမရှိတဲ့ ငါ့ရဲ့  ရင်ခုန်သံ မြစ်တစ်စင်း
ချစ်ခြင်းများစွာနဲ့ မြစ်ဖျားခံတဲ့ မာယာကင်းတဲ့ ချစ်ခြင်းမေတ္တာ
အပြစ်ရှာလို့ မရအောင် ခပ်ခွာခွာကနေပဲချစ်နေပါဆိုရင်လည်း
မင်းရဲ့ ဆန္ဒ မင်းရဲ့ ဘ၀ကို ထာဝရပျော်ရွှင်စေဘို့
ငါ့ရဲ့နှလုံးသွေးနဲ့ ရေးတဲ့ ဒီကဗျာလေးတစ်ပုဒ်နဲ့ ကျေနပ်ခွင့်ပြုပါတော့ ...

လတ်

အိပ် မက်

ည ည မက် တဲ့ အိပ် မက် ထဲ မှာ

တ ဒုန်း ဒုန်း ခုန် ရင် အ စုံ ကို

အ ဖြေ ရှာ ကြည့် သေ ချာ သိ သည်

အိပ် မက် နဲ့ ပြင် တ ထပ် တည်း ဖြစ် ချင်

အော်......ခု တော့ ဖြင့် ငါ အိပ် မက် မက် နေ တာ ပါ လား


အိပ် မက် ဆိုး များ မက် ခဲ့ ရ တဲ့ ငါ့ ရင်

အိပ် မက် ထဲ က သူ ရယ် ရင် ခုန် နေ ချင် သေး လို့ ပါ

ထပ် မက် ခွင့် လေး စိတ် ရှုး အ တွေး နဲ့

စောင့် မျှော် နေ မိ တယ် သူ

အ မြဲ တမ်း လေး ဘဲ ရင် ခုန် သံ တွေ

မ ရပ် စ တမ်း ကြား နေ ပါ ရ စေ နော်


အိပ် မက် ဆိုး ကို ချေ ဖျက် လွမ်း ရက် ကျော် လွန် အောင်

စွမ်း ဆောင် နိုင် တာ လား အိပ် မက် ထဲ က သူ ရယ်

ည စဉ် ည တိုင်း မက် ခွင့် သာ ရ မယ် ဆို ရင်

အိပ် မက် က မ နိုး ထ ပါ ရ စေ နဲ့ ထာ ဝ ရ မက် ပါ ရ စေ

တ ဘ ဝ စာ မ အိပ် ဘဲ လည်း

မက် ခွင့် ရှိ မယ် ဆို ရင် လေ

မက် ချင် ပါ သေး တယ် သူ ရယ်


အိပ်မက်ထဲမှ............လတ်......

လွမ်းတယ် ကလေး ရယ်

သတိယ တယ်လို့ ပြောခြင်းထက်
အသည်းတနေရာမှာ
အမြဲတစေ ရှိနေတယ် ဆိုရင်
ပိုမှန် ပါ့မယ် ကလေး
ကလေး နေကောင်းလားလည်း မေးချင်တယ်
ဘယ်သူကို မေးရမှန်း လည်း မသိဘူးကွယ်
သတိယလို့ လွမ်းမျက်ရည် ကျတာလည်း အခါခါ
ကလေးလာမလားလို့ ငါးသုံးကနေ
နှစ်ဆယ့်လေးနာရီ စောင့်ခဲ့တာလည်း
ကြာပါပြီ
(ချစ်မေ) ကို မချစ်တော့ ဘူးလားဟင်
လမ်းကြုံ တဲ့သူများ ရှိရင်ပြောပေးကျပါ
(ချစ်မေ)ရဲ့ အိမ်မက်ထဲမှာ
ကလေးရဲ့ ပုံရိပ်တွေ မြင်နေရတယ်လို့
လွမ်းတယ် ကလေးရယ်
အမြန်လာပါတော့နော်
အဝေးတနေရာမှ
ကလေးသိပါစေ

လတ်

ထာဝရ....ချစ်သမီးအတွက်

“ စကားစမြီ ”

မင်းဟာနှင်းဆီပွင့်တွေနဲ့ ပြည့်ရွှဲနေတဲ့

ဆောင်းဦးပေါက်ကောင်းကင်ဖြစ်တယ်

ငါ့ဝမ်းနည်းမှုတွေဟာ ပင်လယ်လို ထကြွနေဆဲ ။

ပြီးတော့ ငါ့ရဲ့နှုပ်ခမ်းပေါ်မှာ

အဲ့ဒါတွေ စီးလျှံထွက်သွားတဲ့အခါ

ရွှံစေးပျော့တွေလို လောင်ကျွမ်း

အမှတ်ရစရာ ဆားတွေကို ချန်ထားရစ်ခဲ့တယ် ။

မှုးမှုး မေ့မေ့ငါ့ရင်ဘတ်ပေါ်မှာ

မင်းရဲ့လက်ချောင်းတွေ

လမ်းမှားမျက်စိလည်နေတယ် ။

အချည်းအနှီးသာ ၊ အို ……. ဖြစ်ရလေ ……. ငါ့ရင်ဘတ်ဟာ

မိန်းမတယောက်ရဲ့ သွားတွေ လက်သည်းတွေနဲ့

ဖျက်ဆီးခြင်းခံရတဲ့

ဘာမှမရှိတဲ့ ( သားကောင်ကင်းမဲ့တဲ့ )

ထောင်ခြောက်သာ ဖြစ်ရရုံမက

ငါ့အသည်းနှလုံးကို ရှာဖွေမနေပါနဲ့တော့

အဲ့ဒါကို သားရဲက စားသုံးသွားခဲ့ပါပြီ ။

ငါ့အသည်းနှလုံးဟာ သူတို့ကြီးစိုးတဲ့

တောင်ကြားထဲမှာ

ဝံပုလွေတွေ တိုက်ခိုက်ဖျက်ဆီးခြင်း ခံရတဲ့အိမ်တော်လို

မွှေးရနံ့တွေ ပျံ့နေတဲ့ မင်းရဲ့လည်မျိုထဲက

ထွက်ကျလာတယ် ။

အလှတရား ၊ ၀ိညဉ်တို့ရဲ့ ကြီးစွာသော

သန်စွမ်းတဲ့ အန္တရာယ်

မင်းအလိုဆန္ဒအတိုင်းပါပဲ

စားသောက်ပွဲလိုတောက်ပတဲ့

အလျှံငြီးငြီး မင်းမျက်လုံးတွေနဲ့

ချစ်တောက်လောင်ကျွမ်း

သေးမျှင်တဲ့ အသွေးအသားမြွှာတွေကိုတော့

သားရဲတိရစ္ဆာန်တွေအတွက် စွန့်လိုက်ပါ ။



အနှိုင်း

လွတ်ကင်းခွင့်

အမိမြေ နဲ့ ဝေးနယ်ခြားလေးတခုမှာ
အမှတ်တရဖြစ်စေတဲ့နေ့စွဲလေးတစွဲမှာပေါ့...။

သတင်းကျွတ်
လပြည့်ညကောင်းကင်မှာ
မီးပုံပျံတွေမြင်မှ
ဘယ်တုန်းကမှမှိုင်းမဝဘူးတဲ့
ငါ့နှလုံးသာကိုလည်းသတိတရနဲ့...။

အလှည့်တကွေ့မှာပြေးထွက်ခဲ့တဲ့မင်း
ဒီရင်ကိုဘယ်တော့မှပြန်မရောက်နိုင်ခဲ့တော့...။

အချစ်...အချစ်...ဆိုလား
အလွမ်း..အလွမ်း.....ဆိုလား
ခံစားရ.........ဒဏ်ရာ
ရင်ကွဲရ........ဝေဒနာ
ပူလောင်မှု့ တွေနဲ့ကြားဖူးနေခဲ့တယ်..။


ဒီတော့..ငါနှလုံးသားတော့လမ်းဘေးရောက်မခံနိုင်ဘူး
အရှုံးထဲကအမြတ်နဲ့နိုးထလို့ပြန်လည်ရှင်သန်စေမယ်...။

မင်းခွဲလို့ ကွဲကြေခဲ့ပေမယ့်
နွမ်းခြွေရာကပန်း...လေအလာကိုစောင့်ရင်း
လန်းနေနိုင်ပါသေးတယ်

အသည်းကြွေ နုနု
ကွဲကြေလို့သွေးခြေဥနေလည်း
နှလုံးသွေးမရပ်သရွေ့
မင်းကိုဘဝဆက်တိုင်မုန်းနေနိုင်သေးတယ်
ဆိုတာယုံ.............

တိုင်ချက်ဖွင့်လိုက်ချင်တာက.........

ဟဲလို....ဟလို..
၃၁ ဘုံမင်းများရှင်.............
အသည်းတွေစားပြီး
အရင်အတိုင်း.....
ထိုင်မြည်းနေတာသူပါဘဲ
နောက်လူတွေဘေးကင်းစေဖို့
ကယ်မသနားတော်မူပါ...



လတ်
၁၅-၆-၂၀၀၉ (တနလာၤ)

ပေးအပ်ရဲသော ငါ့မေတ္တာ/ငါ့အချစ်/ငါ့မာန

ဝါကျင့်ကျင့်
သစ်ရွက်ခြောက်တွေ အတားအဆီးမရှိ
ခုန်ချနေကြပါလား!!!
ဟိုတချိန်
မင်းနဲ့ အတူထိုင်ခဲ့တဲ့ ခုံတန်းလေးလဲ
ဆွေးမြေ့အိုဟောင်းခြင်းတွေနဲ့ 
ပြည့်နှက်နေပြီ.......
ဝေး
ဝေး
ဝေး
သွားတဲ့ငါတို့ နှစ်ယောက်
ဝေးသထက်ဝေးဖို့  အကြောင်းဖန်လာတော့
ဝေးပေးရမှာပေါ့
နွေညရဲ့ 
ခြောက်လန့် မှုတွေက
ငါ့စိတ်တွေကို တိုက်စားဖဲ့ခြွေနေပြီ
မိကြာ....
အိပ်မက်က နိုးထလာချင်ပေမယ့်
ငါကိုယ်တိုင် အိပ်မက်ထဲမှာ
မနိုးထနိုင်ဘဲ ပျော်မွေ့ နေတာ
ဘာလုပ်နိုင်ဦးမှာလဲကွာ.........
တီးကွက်မညီတဲ့
သီချင်းတပုဒ်ကို အာသံပြဲပြဲအော်ဟစ်ပေမယ့်
ငါဒီသီချင်းကို
မအော်ဟစ်နိုင်ခဲ့ဘူး
ဘာလို့ ဆိုတော့.....
ငါဟာ.....
လောကကြီးကို မျက်စိနဲ့ ကြည့်ပေမယ့်
ငါ့စိတ်...
ကျဉ်းကျဉ်းလေးနဲ့  ဝေဖန်ခဲ့မိတယ်
နောက်ထပ်ရှိဦးမယ်ဆိုရင်
ငါလေ
မင်းနဲ့ ပြန်ဆုံနိုင်မယ့်ရက်ကို
ရေတွက်ရင်း
နွေညရဲ့ ဥသြဌက်တွေနဲ့ အတူ
အကောင်းဆုံးသော
လွမ်းချင်းတပုဒ်သီဆိုရင်းနဲ့ 
ငါ့
နှလုံးသားကို မြေကြီးထဲမှာ
မြှုပ်နှံထားလိုက်ပါတော့မယ်
ချစ်သူ....



နှုတ် ဆက် တေး

ငို ရှိုက် ခဲ့ တဲ့ တေး သံ

ဒီ ရင် မှာ ပဲ့ တင် ရိုက် ခဲ့ ပေ မယ့် လဲ

ဘယ် သူ ကြား နိုင် ပါ့

ခံ စား ချက် အ ထပ် ထပ်

ဒီ ရင် မှာ ဖွင့် ပြ နေ ခဲ့ ပေ မယ့် လဲ နော်

ဘယ် သူ နား ထောင် ချင် ပါ့

အ ထပ် ထပ် အ ခွဲ ခံ နေ ရ တဲ့

ဒီ နှ လုံး သား မျက် နှာ ပြင်

ဘယ် တော့ မှ အ ကောင်း မ ဖြင့် နိုင် တော့

တ စ စီ ကွဲ ကြွေ သွား တာ ပဲ

ကောင်း ပါ လိမ့် မယ် ၇ှင်

ယု ယ စွာ မြတ် နိုး ခဲ့ တဲ့ ဒီ ရင် မှာ

စိုး ထိတ် စွာ မျှော် လင့်  နေ တဲ့ နေ့ က

တိုး ဝှေ့ ကာ ရောက် လာ ခဲ့ လေ တော့

နှုတ် ဆက် ကာ ဟိုး အ ဝေး ကို ဖြင့်

ငါ ထွက် သွား ပါ တော့ မယ်

နေ ရစ် ခဲ့ ကျ ပါ တော့ နော်

အား လုံး ကို နှုတ် ဆက် ခဲ့ ပါ တယ်


အ ဝေး တ နေ ရာ မှ.....လတ်

ရိုက်ချက်ခပ်ပြင်းပြင်း

ပြော ခဲ့ ကျ ပါ အုံး
စကား လေး တ ခွန်းလောက် ။
အားပေး လိုက် ပါ အုံး
အကြည့် တ ချက် လောက် ။

ကံကြမ္မာရယ်
ငါ ကျ မှ ဘာ လို့ ဖန် လာ ရ တာ လည်း
မ ရှောင် သာ လွှဲ ဖယ် ချင် နေ လည်း
မ ရ တဲ့ ဘ ဝ
တည့် တည့်  သာ ရင် ဆိုင် တိုး ရ တော့
ငါ့ ရင် သာ မော ရ တော့ တာ ပေါ့ ။

ရေ နစ် သူ ဝါး ကူ ထိုး တဲ့
မှန် လိုက် တာ ရှုံး နေ ပါ တယ် ဆို မှ
အ မုန်း တွေ ထပ် ပေး ချင် ကျ တယ်
စွတ် စွဲ ခြင်း တွေ အ ထပ် ထပ်နဲ့ ပေါ့ .။

သေမိန့် ကို စောင့် နေတဲ့ ငါ
ဘာ ခွန် အား မှ မ ရှိ တော့ တဲ့ ဘ ဝ
တုန့် ပြန် မှု့ တွေ ကုန် ခမ်း ချိန် မှာ မှ
စော် ကား ခြင်း တွေ ခံ လိုက် ရ ပြန် ပြီလေ ။

ဘယ် သူ လည်း ငါ မ သိ ခဲ့ ဘူး
ဘာ ကြောင့် လည်း ငါမသိ ဘူး
ဘယ် က လည်း ငါ မ သိ ခဲ့ ဘူး
ဘာ လို့ လည်း ငါ မ သိ ခဲ့ ဘူး
ငါ့ ကို ပြော သွား တာ တ ခု တော့ သိ တယ်

*သူ နဲ့ မ ပါတ် သက် ပါ နဲ့ တဲ့*

အထူးသတင်းတရပ်

ဒီနေ့နံနက် ကိုးနာရီ ခန့်က......ရင်တခုလုံးကို
နာဂစ် မုန်တိုင်းကြီး တိုက်ခိုက် သွားပါတယ်
ရာနှုန်း ပြည့် တိုက်ခိုက် ခဲ့တဲ့ အတွက် ......
တယောက် ဆေးရုံ ရောက်သွားခဲ့ ပါတယ် .
'ဒီလိုဖြစ်ရပ် မျိုး နောက်မကြုံ စေရန်အတွက်
လူ သားအားလုံးနာလည်းမှု့  လေးတွေ ရှိကျပါလို့


ဝေးတနေရာမှ.........လတ်..............

ဆုံးဖြတ်ချက်

မင်းရဲ့ ....အားပေးစကားသံတချက်
ငါ့....အတွက် ဆေးတခွက်ဖြစ်စေ ။

မင်းရဲ့ ....အလှမ်းဝေးတဲ့ အနမ်းတချက်
ငါ့....အတွက် အေ့းမြတဲ့စမ်းရည်တစက် ။

ငါ့... ရဲ့  မျက်ရည်တစက်ကျခြင်းဟာ
မင်း...အတွက်အဆိပ်တခွက်သောက်လိုက်ရသလို ။

ငါ့....ရဲ့  အိပ် မ ပျော် တဲ့ ရက် တွေ က
မင်း....အတွက်အလုပ်ပျက်တဲ့နေ့တွေပေါ့ ။

ငါ့...ရဲ့ နေ့ဆိုတဲ့ အားလပ်ချိန် တွေမှာ
မင်း...အတွက် ညရဲ့ အိပ်ပျက်ချိန်တွေပေါ့ ။

မင်း...ရဲ့  သတိယ လွမ်းမော နေချိန် မှာ
ငါ့....အတွက် အိမ့်မက်တွေနဲ့ အိပ်စက်ချိန်ပေါ့ ။

မင်း...ရဲ့ မျှော် လင့် နေ ချိန် တွေ မှာ
ငါ့...အတွက် ပျော်ဖြစ် နေ မယ်ဆို ရင်....

လော က ကြီး မှာ
မတရား သူက ငါလား
အလကား လူ အဖြစ်
အသက် ရှင်နေလည်း
ဘာမှ
တန်ဖိုး မရှိ တော့
ပြန်ဖို့
သာ
ဆုံး
ဖြတ်
လိုက်
ပါ
တော့
........................လား......................

လတ်

ဘယ်တော့မှမခွဲဘူး.....ယုံ...

နင်က....မိုးကုတ်စက်ဝန်း
ငါ က.....ရေပြင်ကျယ်
အဝေး တနေရာ က
အမြင် တွေ ဖြန့် လိုက်တော့
မိုးနဲ့ ရေ ထိစပ် နေတာပေါ့
ဘယ်လောက်ပင်ဝေးကွာနေ
ထိစပ်မှု့ ရှိနေခြင်း ဆိုတဲ့
နိ ယာ မ တခုကိုရလိုက်တယ်လေ
ငါ့အတွက်ကတော့
မမြင် နိုင်တဲ့ အားတွေပေါ့ ။

နင်...နဲ့....ငါ လည်း
မိုး....နဲ့....ရေ လို
ထိ စပ် နေ တယ် လေ
မမြင် နိုင် တဲ့ ကြိုး
ရင်မှာရှိ ကျတာမို့
ဘယ်အချိန် ကြည့်ကြည့်
ထိ စပ် မှု့  ရဲ့ 
နိ ယာ မ အ တိုင်း
ဘယ်တော့ မှ ဝေးမသွား ဘူးနော်

ကမ္ဘာတည်သရွေ့ ချစ်သူရယ်...

တမ်း ချင်း

ပြာ လဲ့ လဲ့ ကောင်းကင်ကြီး နဲ့ အတူ
အလှ ခြင်း ပြိုင် နေတဲ့
ပင်လယ် ပြင်ကြီး ကို ငေးမော လို့
လွမ်း မောခဲ့ ရပါတယ် ချစ်သူ.........။

ဇင်ယော် တွေမြင်ပြန် တော့လည်း
ချစ်သူ ကို တမ်းတ မိပြန် တယ်.......။

လှိုင်း လုံးတွေ ရိုက်ခတ်လာ တော့
ယိမ်း နွဲ့ နေ တဲ့ ကိုယ်
ခို စ ရာ ရင်ခွင်တခု
အလျင် အမြန် ရှာကြည့် လိုက်တော့
ချစ်သူကဝေးတနေရာမှာ
တွေးကာလေတမ်းတခြင်းဖြင့်
အပျော် တဝက်......လွမ်း တဝက် မို့
ဖုန်းလေး ဆက်ကာ လွမ်းချင်း တွေထပ်
တမ်းချင်း တွေ ရင်မှာ ပိုက် ပါလို့
ပင်လယ် ပြင်ကြီးကို တိုင်တည် လိုက်တာက
လှိုင်းရိပ် တက်ရာ ခေါ်ဆောင် လို့
ချစ်သူ ဆီ အရောက် ပို့ပေးပါတော့လို့.......နော်

လတ်

လွတ်ကျ သွားသော ကြွေရုပ် လေး

ချစ်သူကအဖြူရောင်စာရွက်တွေချုပ်
သမိုင်းတင်လို့ မော်ကွန်းထိုးချင်တယ်
ငါက
ညဉ့်ငှက်တွေကြည့်
အကြမ်းပန်ကန်တွေ အရည်ဖျော်မော့ရင်
ကြီးပြင်းလာ
တေလေတွေမှာ
ဖိနပ်မ၀တ်တာ လွတ်လပ်ချင်လို့ပါ

သူနဲ့ကျွန်မ သိပ်ချစ်ခဲ့ကျတဲ့ ချစ်သူတွေလေ......ရင်ဘက်ခြင်းညှိ.....နှလုံးသားခြင်းထိလို့......

ဘာပေတံနဲ့မှ...တိုင်းစရာ မရှိအောင်....ချစ်ခဲ့ကျတာပါ.....သူကိုကျွန်မချစ်သလို.................

သူကလည်းကျွန်မကိုချစ်တယ်....ဘယ်လောက်ဘဲချစ်ခဲ့ကျပါစေ.....ပြသနာတင်းတင်းလေး

လေးတွေရဲ့အစက......ရင်ထဲကမပွင့်လင်းတဲ့....မာနလေးတွေကြောင့်ပေါ့............

ကိန်းဂဏာန်းတွေကိုတွက်
လူ့သမိုင်းတိုးတက်မှုအတွက်
ငါ့ဆီမှာ သော့ချက်တွေမရှိဘူး
မိုးဖွဲတွေရွာချိန်
လမ်းဘေးကအုတ်ခုံနား
ပန်းခြောက်တွေနဲ့ ဆော့ကစားပါရစေ။

ချစ်သူရယ်နင်တီးခတ်တဲ့ ကီးနဲ့တော့မညှီနဲ့ပေါ့
ငါက အရောင်ထွက်မဲ့ သလင်းကျောက်မျက်မှ မဟုတ်တာ
တို့တွေရဲ့ ဆုံမှတ်တွေဟာ
မောဟိုက်စွာနဲ့ စဉ်းစားစရာမလိုပါဘူး
ဟောဟိုက အင်ဖက်နက်တီ မျဉ်းဖြောင့်တွေပါ

အချစ်ကိုကြွေရုပ်တရုပ်လိုသဘောထား.......ရှိုးကစ်(စ်) ပေါ် အလှတင်ထားယုံနဲ့....မလုံလောက်ဘူးဆိုတာ

သူမသိခဲ့ဘူးလေ......ကျွန်မရဲ့နုလှတဲ့ နှလုံးသားတစုံကို...........အချိန်အတိုင်းတာတခုမှာ.......အေးဆက်

မာကျောစေခဲ့တယ်........ကျွန်မရဲ့အထိမ်းအမှတ်တိုင်းကို.........အလေးအနက်မထားမေ့ချင်ယောင်ဆောင်

နေခဲ့တာတွေများလာတော့........စိတ်ရဲ့ပေါက်ကွဲမှု့တွေနဲ့.......သူ့ရဲ့အချစ်ကဘာလည်းလို့မေးကြည့်တော့

သူပြောခဲ့တာက......ကျွန်မကိုစိတ်ချမ်းသာဖို့ပါတဲ့....အဖြေတလွဲနဲ့ကျေနပ်ခဲ့ရတဲ့သူက......ကျွန်မပါ.............

ဒေါက်ဖိနပ်လေးစီးရင်း
ခြေသည်းနီလေးဆိုးရင်း
နင့်ဟမ်းဘတ်အိတ်ထဲက
ထုတ်ထုတ်ကြည့်စမ်းပါ
သူတို့လွတ်လပ်စွာပြုံးရီတက်သလား

ငါ့ခန္ဓာက နှလုံးသားက
ဖုတ် .....ဆိုမြေပေါ်ပြုတ်ကျ
လှုပ်စိ..လှုပ်စိ... အီစိမ့်နေတာ

ဒီအကြောင်းကို ဆက်မရေးနဲ့
ဆက်ပြောနဲ့ ဆိုရင်တောင်
ငါဆိုတဲ့ကောင်က
ငူငူငေါင်ငေါင် အတေွးတွေ
ဆူပွက်နေမဲ့ကောင်

ဖြစ်နိုင်ပါ့မလား....နှစ်ယောက်လုံးခံစားနေရတာ.......စိတ်ချမ်းသာတယ်လို့....သူဘာတွေဖြစ်ချင်တာလည်း

ကျွန်မမသိခဲ့သလို....ကျွန်မဘာတွေဖြစ်ချင်နေတာလည်း....သူမမေးခဲ့ပါဘူး....သူစိတ်တိုင်းကျ

သူ့စိတ်အလိုကျ.....နေ နေတာပါ....ရင်ထဲကခံစားချက်တွေ....ဖွင့်ဟလို့ညှိကျတယ်ဆိုတာ....

မရှိခဲ့ပါဘူး.....သူကျွန်မကိုပေးခဲ့တာ.....အေးစက်မာကြောနေတဲ့အချစ်တခုတည်းပါ.........

ပေးခဲ့တဲ့အချစ်ကလည်း.......သုံးခွင့်မရတဲ့ အလှပြရုံသက်သက်....ရှိုးကစ်(စ်)တင်ကြွေရုပ်လေး

တခုစာအချစ်လေးပါ......နွေးထွေးမှုမပါဗလာရင်ခွင်နဲ့ပေါ့.....ချစ်သူရယ်..............

ဧကရီရာယ် . . .
ပလ္လင်တော်နဲ့ ဖုန်သုတ်ဝတ်
လမ်းပေါ်ကကျောက်ခဲလေးက
အလှပြရှိုးကစ်နဲ့
တွဲဖက်မထားသင့်ပါဘူး
နှစ်တစ်ရာ စစ်အေးတိုက်ပွဲဝင်ဖို့
ယခုရက်ပိုင်းနဲ့တင်
ငါ့အသွေးတွေအေးခဲနေပြီ
နေညိုချိန်ကိုကြည့်လိုက်တော့
မွန်းလွှဲနှစ်နာရီ သုံးဆယ့်ငါး


သူ....ကျွန်မအတွက်ပါဆိုပြီး......လှည့်ထွက်သွားခဲ့တယ်....ကျွန်မကိုဖြေရှင်းခွင့်....နှုတ်ဆက်ခွင့်

တောင်မပေးခဲ့ဘူးလေ........သူပေးခဲ့တဲ့အဖြေက.......အခြေမတူလို့မညှိဘူးတဲ့....ကျေနပ်ပါတယ်

ရင်နာနာနဲ့ပေါ့.....ကျွန်မရင်ထဲဘာဖြစ်နေလည်း....သူမမေးခဲ့ဘူး......ကျွန်မကလည်းသူစိတ်ချမ်း

သာမယ်ဆိုရင်.....သူဘာလုပ်လုပ်....ဘယ်လိုဘဲဆုံးဖြတ်ပါစေ...........ကျေနပ်တယ်လေ.......

တခုတော့တောင်းဆိုချင်တယ်....ဆက်ချစ်ခွင့်လေးတော့ပေးပါလို့နော်........

ငါပတ်နေကျနာရီ ခပ်နွမ်းနွမ်းလေးရာယ်
နင့်ရဲ့သံဃောဇဉ် အမျှင်တန်းလေးရာယ်
လူတွေ့မခံရဲတဲ့ အိပ်ကပ်ထဲ က
နင့်အတွက်အိမ်မက်တွေရာယ် ...
နင်ခဏတာနွေးဖို့
အဲ့ဧည့်ခန်းက မီးလင်းဖိုလေးမှာ
အမှတ်တရ သဂြိုလ်ပါရစေနော်
ငါပြန်တော့မယ် ဧကရီ
စိမ်းလဲ့ရွှန်းမြတဲ့ မျက်ဝန်းတစ်ချက်
ငါ့ဘယ်ဘက်ပါးဆောင်ထဲ ထည့်ယူသွားတယ်

အချိန်တွေကြာလို့ ဘယ်လိုပင်ဝေးနေပါစေ.......သူကိုချစ်တဲ့အချစ်တွေ............ရှင်သန်နေစဲပါချစ်သူရယ်

သူ့ရဲ့ ဥပက္ခာ ပြုမှု့တွေကို စိတ်မနာနိုင်ခဲ့ဘူး.....အဝေးကိုထွက်မသွားပါနဲ့လား...နောက်ပြန်

လှည့်မယ့်ခြေလှမ်းတွေနဲ့ ပြန်လာခဲ့ပါနော်...ကျွန်မဆုံးဖြတ်ချက်တခုတော့ရှိတယ်.....သူကို

ပြောပြချင်တယ်.....သူပေးခဲ့တဲ့အလှပြအချစ်လေး လွတ်ကျသွားလို့ ကျကွဲသွားပြီလို့လေ

အဲ့လို....ကွဲအက်သွားတဲ့အရုပ်လေးလို.....ကျွန်မရဲ့မလှတော့တဲ့အချစ်တွေ...သူပြန်လက်ခံ

ပါ့မလား.......ကျွန်မနှလုံးသားတွေ အက်ကွဲခဲ့ရပါပြီလေ.......ကျွန်မသူကိုသိပ်ချစ်တယ်......

သူမသိတာလား.....မသိချင်ယောင်ဆောင်နေတာလား....ဒီတခါသူနဲ့တွေ့ရင်စကားတခွန်း

တော့ရင်ဖွင့်လိုက်ချင်ပါရဲ့လေ............


မနက်ဖြန်ဆို အဲ့ဒီခက်ဆက်ဆက် အပြောတွေ
ငါ့ကိုယ်ငါ ကျဲပက်
လူမရှိတဲ့ ပလက်ဖောင်းညတွေမှာ
မျက်ရည်တွေရွှဲလျှက်
ကောင်းကင်သက်စေ့
ငါ့နေ့ရက်တွေ
မိုးစက်တွေ ရွှဲလျှက်နေမှာ .......


နောက်ဆုံးစကားလေးတခွန်းပေါ့ချစ်သူရယ်.............ကျေးဇူးပြု၍ နားထောင်ပေးပါနော်...........

ရင်ထဲကအချစ်တွေကျကွဲမခံနိုင်တော့လို့........လှည့်ထွက်သွားမယ်ဆိုရင်လည်း.....ကျွန်မရဲ့

လက်ကိုတွဲပြီး ဆွဲထွက်သွားပါလို့.....လွတ်မချခဲ့ပါနဲ့......ကျကွဲသွားမှာဆိုးလို့ပါ..............


လတ်

Thursday, October 8, 2009

ထို ခဏ

ချုံရိပ်မှောင်တွင် ခေါင်းထောင်စွယ်ပြူး

တရူးရူးနှင့် ဟူးဟူးမာန်ထွက်

ပါးပျဉ်းခွက်ကာ ငှက်ခတ်သမား

မုဆိုးသားကို တအားပေါက်ရန်

အသင့်ကြံသည် လူ့ရန်မြွေဆိုးတကောင်နှင့် ။



လေတွင်ပျံဝဲ တရှဲရှဲလျှင်

ကိုယ်မဲနှုတ်နီ လက်သဲရှည်နှင့်

စွီစွီစူးစူး ရဲတင်းကျူးကာ

ဟူးဟူးမာန်ထွက် မြွေဆိုးဇတ်ကို

သုတ်လျက်ယူရန် အသင့်ကြံသည်

မြွေ့ရန်စွန်ရဲ တကောင်နှင့်



လက်ဖျံကြောထောင် လည်ကြောထောင်လျက်

မျက်မှောင်ကိုကြုတ် အားအန်ထုတ်၍

ချုံဖုတ်ကိုကွယ် လေးဖြင့်ရွယ်ကာ

မိုးလယ်ပျံဝဲ ငှက်စွန်ရဲကို

မြှားစွဲနိုင်ရန် အသင့်ကြံသည်

ငှက်ရန်မုဆိုး တယောက်နှင့် ။



ထိုမြင်ကွင်းကို ရုတ်ချည်းခဏ

ဘေးမှမြင်သူ တဦးလူးကား

မြင်မူချက်ချင်း အံ့သြခြင်းဖြင့်

ရုတ်ချဉ်းမျက်စိ မှိတ်လိုက်မိစဉ်

ပတ်ဝန်းကျင်ဝယ် နာကျင်သံတို့

…….. လွှမ်းလေ၏ ။ ………



အနှိုင်း

အမှတ်ရခြင်း ကြေးမုံ

အံကြိုတ်ထားတဲ့ သွား ( ၁၃ ) ချောင်းနဲ့ သူတို့ပါစပ်က

အချစ်ဘာသာ ဗေဒ ။

ဝတ်လစ်စလစ် လောဘ အသွေးအသား

မင်းတို့ရဲ့ တောင်းတခြင်းနဲ့ အားလျှော့ခြင်းကို

တဖျက်ဖျက် ရိုက်နှက်နေတဲ့

ပါးရိုးငေါငေါ မချိသွားဖြဲအပြုံး ။





ကြောင်ရဲ့ အသက်ရှူမှုလို ချဉ်သိုးနေတဲ့

မင်းရဲ့ မလတ်ဆက်တဲ့ အချစ်အသက်ရှူမှု

အနုပညာမဆန်တဲ့ လျှာ ။





မွဲခြောက်ခြောက် ငေးကြောင်ကြောင်

မလိမ်ပါဘူး ခက်ထရော်တဲ့ အရေပြားနဲ့ အရိုး

သူတို့ရဲ့ အနမ်းများနဲ့

ကျိချွဲချွဲ နှုတ်ခမ်းများ စွန့်ခွာသွားကြပြီ ။

ပါးစပ်ကိုကြည့်ပြီး သူမကို

ဘယ်သူကမှ ရွေးချယ်မှာ မဟုတ်ဘူး ။





အလွန်အကျွံ ငတ်မွတ်နေတဲ့သူသာ ဒီအချိန်ကို

လက်မလွှတ်မှာ ။

သူကသာ မင်းရဲ့ အသည်းနှလုံး

ငန်ညိညိသွေးနဲ့

မျက်ရည်သီးတွေကို ခူးဆွတ်လိမ့်မယ် ။

ခူးဆွတ်ပြီး အလောတကြီး ၀ါးမျိုလိမ့်မယ် ။



အနှိုင်း

မသိခြင်း တံခါးချပ် သို့ ကျမ

အနှေးအမြန်မသေချာသော နေ့စွဲတွေနဲ့အတူ လိုက်၍ကြွေလာသော သစ်ရွက်ကလေးတွေ
တံခါးချပ်ရဲ့ ဘေးမှာစုပုံနေပြန်ပြီ ။အဝါရောင်တချို့ နဲ့ ..အစိမ်းနုရောင်တချို့ ။ဘူတာရုံဆီမှ
ရထားဥသြသံ အဆုံးမှာ နံရံပေါ်က ကျမ၏ပုံရိပ် စီးကရက် မီးခိုးတန်းတွေထဲ စိမ့်ဝင်ကူးစက်သွား...
ကျမနဲ့ မသိခြင်းတွေ ပိုပြီးနီးကပ်လာသည် ။တခါတခါ အဲ့ဒီမသိခြင်းတွေကြောင့် မနက်ဖန်တွေက
မသိမသာ ပိုလှလာတတ်တယ် ။ တခါတခါ အဲ့မသိခြင်းတွေကြောင့်ပဲ မနက်ဖန်တွေကို သိသိ
သာသာကြီးမျှော်လင့်ရေတွက်နိုင်တယ် ။တခါတခါ အဲ့ဒီမသိခြင်းတွေကြောင့်ပဲ ခြောက်ခြား
စရာမနက်ဖန်ဆိုတာတွေကို မသိချင်ယောင်ဆောင်ပြီး အေးခဲနေတဲ့ လက်ဖဝါးတွေ ခပ်ဖွဖွ
ဆုတ်ဖွတ်ပြီး ကဗျာတွေ အရွတ်မပျက် ရှင်သန်နေထိုင်ခဲ့ရတာပဲ မဟုတ်လား.........။

အဲ့ဒီလိုအေးစိမ့်စိမ့် သောကြာနေ့ ညနေခင်းတွေက ကျမကျောပေါ်ခုန်ခုန်တက်လာပြီး
မကြာခဏ တံခါးလာလာခေါက် တက်သေးသည် ။ မဟုတ်သေးပါဘူး ။ ဒါဟာ နွေရာသီစစ်စစ်ပါ ။
တကယ်ဆို ဒီလိုအချိန်မျိုးမှာ အလင်းယိုင်ဖို့ဆိုတာ သိပ်ကိုစောလွန်းတယ် ။ ကျမတို့အားလုံး
အိမ်ပြန်ချင်လှပြီ ။ကျမ လက်သီးဆုတ်တွေ ခပ်ဖွဖွဖြေ ချ လိုက်သောအခါ မဖြစ်စလောက်သုံးမြှောင့်
ဖန်တုံးလေးကလေး တစစီကွဲကြေသွားသည် ။ စနေနေ့ အစောပိုင်းဆီမှ သက်တန့်ရောင်
အပိုင်းအစ တွေကို ကျမ မချစ်တတ်ပါ ။

ရှိပါစေတော့ ။
တံခါးချပ်ရှေ့က ညနေခင်းတခုစာ ခြေသံတွေကို ကျမပြန်ခေါက်သိမ်းလိုက်ရုံပါပဲ ။
ရှိပါစေတော့ ။
ခေါက်သိမ်းလို့မရတဲ့ ခြေရာတွေဆိုတာက ။
ရှိပါစေတော့ ။
သံတူးကြောင်းကွဲ ခရမ်းဖျော့ရောင်ဒီညနေခင်းမျိုးမှာ ။

အဲ့ဒီတံခါးကို ကျမချစ်တယ် ။ အဲ့ဒီ့တံခါးကို ကျမကြောက်တယ် ။ အဲ့ဒီတံခါးမှာ ကျမနဲ့ကျမရဲ့
စိတ်ဝမ်းကွဲမှုတွေရှိတယ် ။ အဲ့ဒီ တံခါးကိုကျမရဲ့ ဝိရောဓိတွေနဲ့ တင်းတင်းစေ့ထားခဲ့ရတာ ။အဲ့ဒီတံခါးကို
ပိတ်ပစ်လိုက်ချင်တယ် ။ အဲ့ဒီတံခါးကို ကျမဖွင့်လိုရောရနိုင်မလား ။ အဲ့ဒီတံခါးက ကျမနဲ့ကျမရဲ့
ပြီးပြည့်စုံခဲ့ပြီးသော အရာအားလုံးကို ဆွဲဖွင့်သွားခဲ့တာ ။

တောင်ကုန်းကလေးအဆုံးဆီက တလွင့်လွင့် အူတက်လာသော မီးခိုးငွေ့တွေက ကျမရဲ့ညတွေကို
ရင်းနှီးကျွမ်းဝင်လိုစိတ်နဲ့ ခဏခဏလာ ဆေးရောင်ခြယ်တတ်တဲ့ အရောင်လှလှ အိမ်မက်ကလေးတွေ ။
တရေးနိုးထကြည့်လိုက်တဲ့အခါတိုင်းမှာတော့ ကြယ်ရိပ်ကလေးတွေက ဘာမှ မသိသလို ကျမ
အိပ်ရာနဘေး ပြတင်းပေါက်မှန်ချပ်တွေပေါ် တဖွဲဖွဲ တလက်လက် စည်းချက်ညီညီ ကြွေကျနေတတ့်မြဲ ။
ရာသီအပြောင်းအလဲမှာ သက်ပြင်းရှိုက်သံတွေက ပိုပြီး စိတ်စိတ်လာသလိုပဲ ။

နှစ်ရှည်လများ အကျွမ်းတဝင်နေထိုင်လျှင် တမြည့်မြည့် ကျွမ်းလောင်စေတတ်သော အရာကို
သံယောဇဉ်ဟုခေါ်သည်

တစုံတဦး၏ ကျမနာမည် အော်ခေါ်သံကြားလိုက်သော်လည်း ပြန်ထူးပစ်လိုက်ဖို့ဆိုတာက သိပ်ကို
ဝေးသွားပြီ ။ မြူတွေဆိုင်းနေသော ခုလိုညနေခင်းမျိုးမှာ အလင်းတစက်စာကလေးကိုငတ်မွတ်ဆာလောင်
နေသူတွေရှိတယ် ။ညနေခင်း၇ဲ့ ကြေကြေကွဲကွဲ ဟစ်အော်သံတွေ ပဲ့တင်ထပ်လာသည်။
ဆွံ့အတိတ်ဆိတ် ဟန်ဆောင်နေတဲ့ ကောင်းကင်ကြီးကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ထားဆဲ ။
ဘုရားရေ..........အဲ့ဒါကျမရဲ့............♥♥♥♥♥♥♥♥

နှစ်ရှည်လများ အကျွမ်းတဝင်နေထိုင်လျှင် တမြည့်မြည့် ကျွမ်းလောင်စေတတ်သော အရာကို
သံယောဇဉ်ဟုခေါ်သည် ။ ။

ဆက်လက်စောင့်မျှော်ပါ

လတ်

Saturday, October 3, 2009

ချစ် သူ ကြား စေ

မင်း ရဲ့  ချော့ မြူ တဲ့ တေး သံ

ဒီ ရင် မှာ ရိုက် ခတ် လာ တော့

ပျော် မိ တယ် ချစ် သူ ရာယ်

မင်း ရဲ့  ငြို ငြင် တဲ့ စ ကား သံ

နား စည် ကို တိုး ဝင် လာ တော့

ခံ စား ရ ပြန် တယ် ချစ် သူ

မင်း ပျောက် နေ တဲ့ စက္ကန့် တိုင်း မှာ

အ လွမ်း တွေ ရင် ထဲ ရောက် လာ တော့

မျှော် နေ မိ တယ် ချစ် သူ ရာယ်

ချစ် သူ က မ ငို ရ လို့ ပြော တော့

မ ငို တက် အောင် လည်း သင် ခဲ့ မိ တယ်

ချစ် လိုက်

ကြည် နှုး လိုက်

ခံ စား လိုက်

လွမ်းလိုက်

မျှော် လိုက်

နဲ့

ချစ် သူ ရယ်

ဒီ လို နဲ့ အ ချိန် တွေ အ မြန် ကုန် ပါ တော့ လို့

ပြန် ဆုံ ချင် ပြီ ကွယ် နော်

ချစ် သူ . . .

ကြား ပါ စေ


အဝေးတနေရာမှ..........လတ်.........

ယုံ နေ

ဘ ဝ ရဲ့  ပင် လယ် မှာ

မုန် တိုင်း တွေ ကျ ချိန်

ကယ် သူ ဝေး လို့

အ ဖော် တွေ စွန့် သွား ချိန်

ထို အ ချိန် တွေ မှာ...

အား မ ငယ် နေ ပါ နဲ့

မုန် တိုင်း ပြီး ဆုံး သွား ရင်

လေ ပြေ ညှင်း ဆို တဲ့

တိုက် ခိုက် တဲ့ အ ချိန် လေး

ရှိ နေ အုံး မှာ ပါ......

ဘ ဝ ဆို တဲ့ အ ချိုး အ ကွေ့

နေ ရာ တိုင်း မှာ...

တ ခ ဏ ဆို တဲ့ အ ခက် အ ခဲ

ကြုံ တွေ့ ခဲ့ ရ ကျ တာ

အ စဉ် တော့ မ ဟုတ် ခဲ့ ပါ ဘူး

ခက် ခဲ ခြင်း ရဲ့  နောက် ကွယ် မှာ

ပြေ လည် ခြင်း တွေ စောင့် နေ ပါ တယ်

မျက် ရည် မိုး တွေ ရွာ နေ ချိန် မှာ

ရင် ဘက် က မိုး ကြိုး တွေ ပစ်

နှ လုံး သား က တ ဖျက် ဖျက်

လျှပ် စီး တွေ လက် နေ ခဲ့ လည်း

ဝုန်း ဒိုင်း ကျဲ သံ.........

ချုပ် ငြိမ်း သွားခဲ့ ရင်

သာ ယာ ငြိမ့် ညောင် တဲ့

သံ စဉ် တေး ရင် ခုန် သံ တွေ

အ သစ် တဖန် ဖြစ် ပေါ် လာ မှာ ပါ

ချော့ တေး သံ စဉ် လေး

ရင် မှာ ကြား ရ ဖို့

ထို့ နေ့ လေး ကို

အား တင်း လို့ စောင့် နေ တယ် နော် ချစ် သူ.......

လတ်

Monday, September 28, 2009

မောင်

နှလုံးသွေးကြွ
ရင်သိမ့်လှိုက်ဖို
သိမ့်သိမ့်တုန်အောင်
ချစ်ရပါ၏...........

မောင်
နှုတ်ခမ်းနှစ်လွှာ
ဖွင့်မရအောင်
မိန်းမောတွေဝေ
ချစ်ရပါ၏.............

မောင်
အစားလည်းပျက်
အလုပ်ခွင့်နှင့်
မအိပ်နိုင်စွာ
ချစ်ရပါ၏..............

မောင်
သေလွန်မှသော်
နောင်ဘဝများ
ရှိလင့်ပါလျင်
မခွဲဘယ်ခါ
ထာဝရ့မြဲ
ချစ်နေပါမည်........

မောင်
ချစ်ခွင့်လေးများ
ပေးသနားလှည့်ပါ

.

စံပယ် ဆန္ဒ

စံ ပယ် တ ပွင့်
ဖြူ စင် လင့် လျှင်
ကြင် သူ များ စွာ
ဝန်း ရံ ကာ နှင့်
ရောင် စုံ ဆေး ခြယ်
အ ဖြူ ပြယ် အောင်
မ ခြယ် ပါ နှင့်
တောင်း ပန် ပါ သည်
ရင် နှစ် ချီ ။

လန်း ဆန်း ဝေ ဆာ
ပွင့် နေ ရှာ သည်
စံ ပယ် လေး ကို
မြင် သူ တ ကာ
တို့ ထိ ကာ နှင့်
ခြွေ မွ ချင် စိတ်
စိုး သည့် စိတ် မျှ
မ ရှိ ပါ နှင့်
တောင်း ပန် ပါ သည်
ရင် နှစ် ချီ ။

နွမ်း နေ လည်း မွှေး
ရင် ထဲ အေး မို့
ခင် သူ များ စွာ
အေး မြ စေ ရန်
မေ တ္တာ ရှေ့  ထား
စေ တ နာ ပွား ၍
ရန် စ များ စွာ
ငြိမ်း အေး စေ ကြောင်း
တောင်း ပန် ပါ သည်
ရင် နှစ် ချီ ။


လတ်

မယုံပါနဲ့

ကမ္ဘာမြေရယ် ကောင်းကင်ကြီးရယ်
တည်ရှိပေးရင် ပြည့်စုံပြီ
နေတစ်လုံး ပိုလဲ
ဒီမြေပုံကြမ်း ထဲမှာပဲ ။

အလွမ်းတွေ
တစ်ချုန်းချုန်းရွာတဲ့ ဒီလမ်း
တိမ်ပြာတွေပွင့် ခပ်ရေးရေး ပါးပြင်
ငါ ၊ ချစ်သူ

ညစ်ထူထူ လူမသိခင်
ကောင်းကင်သက်၌ မိုးစက်တွေနှင့်
တိုးတိုးညှင်းညှင်း မွန်းကြပ်ခြင်းနဲ့
ကမ္ဘာပေါ်က နာရီတွေရပ်

သူနဲ့ကျွန်မ စတွေ့တာ ရိုးရိုးလေးပါ ကျွန်မ သူငယ်ချင်းက မိတ်ဆက်ပေးတာပါ သူကခင်ဖို့တော့ကောင်းပါတယ်
သူနဲ့ကျွန်မ စကားပြောဖြစ်တာ သုံးရက်ကြာတဲ့နေ့မှာ သူ့အကြောင်းနဲနဲ သိခဲ့ရတယ် သူကအနေအေးတယ် အွန်လိုင်းမှာ
မကျူဘူး စသည်ဖြင့်ပေါ့ များသောအားဖြစ် မိန်းခလေး တွေက ဒီလိုကာရိုက်တာ ရှိတဲ့ ယောကျာင်္းလေးတွေဆိုရင် စိတ်
ဝင်စားချင်တယ်လေ ဟန်ဆောင်မှု့ တွေကိုမမြင်တော့ဘူးလေ ကျွန်မလည်း မိန်းခလေးထဲက မိန်းခလေးတယောက်ဘဲ
စိတ်ဝင်စားတာပေါ့ ကျွန်မက အကျင့်တခုရှိတယ် ကျွန်မခင်တဲ့ပေါင်းသင်း ဆက်ဆံတဲ့သူတွေကို ကျွန်မက နာမည်တစ်လုံး
ဘဲခေါ်တယ် သူ့ကိုတော့ရိုးသားမှု့ ကို လေးစားတဲ့အနေနဲ့ * ကို * လို့ခေါ်ခဲ့တယ် သူကလည်းတခါမှ ခင်ရုံလောက်နဲ့အဲ့လို
မခေါ်ဘူးတော့ စိတ်ဝင်စားသွားတယ်ထင်တယ် ကျွန်မကိုချစ်တယ်ဆိုတာ ဖွင့်ပြောလာခဲ့တယ် ။

လုလင်ပျိုရဲ့ ဗျပ်စောင်းရိုက်ချိုး
ဘယ်ဘက်နံရိုးပေါ် နီရိုးတယော
တက်ထိုးချင်တဲ့ ခပ်လှလှ
ကောင်စုတ်ခလေးရေ . . . . . ။

အင်း.........အချစ်ဆိုတာလည်း ဆန်းတယ်နော် ဘယ်တော့မှ မကုန်တက်ဘူး တယောက်ကချစ်တယ်ပြောရင်
တခါရင်ခုန်တယ် တခါအချစ်သစ်ဖြစ်တယ် အဲ့ဒီ တယောက်နဲ့ ဇာတ်လမ်းပြီးလို့ နောက်တယောက်ဆိုလည်း တခါရင်ခုန်
တခါအချစ်သစ် အသက်ရှုရပ်မှ ကုန်မယ်ထင်တယ်နော် အချစ်မှာ သေဆုံးခြင်းဆိုတဲ့ နိယာမ မရှိခဲ့ ခဲ့လို့ပေါ့နော်.......။
ဒီလိုနဲ့ သူနဲ့ကျွန်မ ချစ်သူတွေပေါ့ သူ့ရဲ့ အပြောတွေထဲမှာ ကျွန်မမျောခဲ့သလို ကျွန်မရဲ့  အချွဲအနွဲ့ တွေထဲမှာ
သူကမောခဲ့တယ် ချစ်လိုက်ကြတာ မိုးမမြင် လေမမြင် ကမ္ဘာထဲမှာ နှစ်ယောက်ထဲရှိသလို မခွဲနိုင် မခွာရက်ပေါ့ ဘယ်လို
ပင် မခွဲနိုင်ပါစေ အချိန်တန်လို့ သူပြန်ဖို့ ခွဲရတော့မယ်ဆိုတော့ မျက်ရည်မိုးတွေရွာ အသည်းတွေတဆစ်ဆစ်နဲ့နာ ကြာ
လာတော့ ဒီဝေဒနာဆိုး ဘယ့်ကံကြမ္မာ ဆိုးကြောင့်ရယ်မသိ ရင်ကွဲနာကျတဲ့ အထိပေါ့ ချစ်သူကိုစိတ်မချ အထပ်ထပ်မှာ
ပြန်ဆုံဖို့အရေး ချိန်းလိုက်တဲ့နှစ်တွေနဲ့ နောက်ဆုံးတော့လည်း သူပြန်သွားခဲ့ပြီပေါ့

ကျည်ဆံမှန် ဒိုင်ခွက်
အိမ်မက် ဗလဘွနဲ့
တာရာမလင်းတဲ့ ငါ
ဘယ်လိုအလင်းကိုမှ
လင့်စင်ပေါ်တင်ပြီး
မော်မဖူးချင်တော့ဘူး ။

မုသားပျော်တဲ့ အရည်ကိုမှ
နှင်းလို့ထင်
ချစ်မိခဲ့ ဒီရင်
တ..... ၀ုန်း..... ၀ုန်း..... နဲ့
အဲ့ဒီတုန်းကပေါ့.......။

ကျွန်မနဲ့သူရဲ့  ဇာတ်လမ်းက ဒီမှာတင်ရပ်သွားခဲ့တယ် သူကျွန်မကို ပြန်ဆုံဖို့ ပေးခဲ့တဲ့ လိပ်စာတွေ ဖုန်းနံပါတ်တွေကအားလုံးအမှား

ဘ၀ဆိုတဲ့ ရဟတ်ကိုမှ
လက်မှတ်မပါ ဘာမပါနဲ့
စူးစူးရဲရဲ ဘီလူးသရဲ
တက်စီးတဲ့ ငါ

ကိုယ့်ကိုယ်ကို ထွန်ယှက်
ဆူးအက်အက် ပေါက်ချက်နဲ့
နေ့ရက်တွေကို နောက်ပြန်လှော်ရင်း
ပျိုးကြဲမှားတဲ့ ဒီလက်

နောက်ဆုံး သတင်းအရကတော့ ခုလာမယ့်လဆန်းမှာ သူ့ကောင်မလေးဆိုတဲ့ သူချစ်သူနဲ့
လက်ထပ်တော့မယ် ဒီသတင်းကိုကြားတော့ ကျွန်မ ဘာလုပ်ရမလည်း ခုလောလောဆယ် ကျွန်မခံစားနေရတာက
ရှက်ခြင်း ။ ခံပျင်းခြင်း ။ နာကြဉ်းခြင်း ။မုန်းခြင်း ။စက်ဆုတ်ခြင်း ။သူ့ကိုသတ်ချင်နေခြင်း ..........................။


မဝေခင်က ကြွေရက်တဲ့
ကောင်မလေးရယ်....
ငါ့လက်က
ပန်းခြွေတဲ့ လက်တဲ့လား ...၊

ဒီအတွက်ဆို .....
ဒီအတွက်ဆို .....
အရာအားလုံးကို ညီညွတ်စွာနဲ့
အရှုံးပေးရက်တယ် ။

ဒီအရာက
မကောင်းဘူးဆိုပေမဲ့
ငါရှုးမူးတဲ့ ဥယျာဉ်လေ
အပွင့်တွေပျောက်တာ
ဒီရာစုမှာ မဆန်းပေမဲ့
ရိုးတံခြောက်ခြောက်နဲ့ ဆိုတော့....

ဒီလိုဇာတ်လမ်းမျိုးတွေ အွန်လိုင်းမှာ အများကြီး ဖြစ်ခဲ့ဘူးပါတယ် အဲ့ဒါကိုကျူတယ်လို့ခေါ်တာလား ဒါဆို ကျူတဲ့
သူနဲ့ တကယ်ချစ်တဲ့သူတွေ့ရင် ဘယ်သူကပိုအထိနာမယ်ထင်လည်း ဝိုင်းစဉ်းစားပေးကြပါအုံး အဲ့လိုဇာတ်လမ်းမျိုးတွေ
နောက်ထပ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်

ထပ်မပွင့်လဲ နှင်းဆီဘဲ
ငါ့ရင် .....
(ဘာဖြစ်ဖြစ်ပါ)
အပွင့်ပျောက် နှင်းဆီနဲ့
ငါ ဆက် လျှောက် မယ် ။

ချစ်သူေ၇ .....
နောက်လောကရဲ့ ကမ္ဘာဦးရက်မှာ
ဗြမ္မာဆိုတဲ့ သတ္တ၀ါတွေ
ငါဆိုတဲ့ မြေသင်းနံကို
တူး.....ဆွ.....မီ.....ရင်.....

ရင်အက်သံတစ်ဝက်နဲ့
ALBUM တစ်ချပ်
စကားထပြော လိမ့်မယ် ၊
" နင့်ကိုငါ ချစ်တယ် " လို့

အွန်လိုင်းသုံးနေတဲ့ မိန်းခလေးများရှင် စေတနာနဲ့သတိပေးချင်ပါတယ် အသည်းနှလုံးတွေ အားလုံးပုံပြီး မယုံပါနဲ့လို့ ဆရာစားတော့ချန်ထားပေါ့နော် .................ဟိုမှာတယောက်တော့အသည်းကွဲနေပါသည်............
.........။


လတ်

ပျော် ရွှင် ဖွယ် မျှော် လင့် ချက်

မေ့ လျော့ နေ ခဲ့ တဲ့ ထို နေ့

သ တိ ပေး သူ ပေါ် လာ တော့

ငါ့ ဘ ဝ အ တွက် ရင် ခုန် ခဲ့ ရ တယ် လေ

မြန် မာ ပြည် မြေ ရဲ့  မြေ သင်း နံ့ လေး ကို

စ တင် ရှု ရှိုက် လိုက် ရ ရင်

ဒီ ရင် မှာ ဘယ် မျှ လွမ်း ပြေ ရ ပါ့ မ လည်း

မေ့ ရဲ့  ရင် ခွင် နဲ့ ဝေး နေ ခဲ့ တဲ့ သ မီး မိုက်

မေ့ ကို တွေ့ လိုက် ရ ရင် ဖြင့်

ထွေး ပွေ့ ကာ ပြေး ဖက် လိုက် ချင် ပါ ရဲ့  နော်

က လေး ငယ် တ ယောက် လို

အ လွမ်း မျက် ရည် တွေ နဲ့

အ ချော့ ခံ ချင် သေး ပါ တယ် မေ ရာယ်

ဖေ့ ရဲ့  ငါ့ ချစ် သ မီး ဆို တဲ့

ဂုဏ် ယူ ပြုံး လေး ကို လည်း မြင် ရ အုံး မယ်

ညီ မ လေး ရဲ့  စံ ပါယ် ရာယ်

ငါ နင့် ကို လွမ်း နေ တာ ကြာ ပြီ ဆို ပြီး

မ ချိ တင် ကဲ ပြော လာ မယ့် စ ကား သံ လေး ရယ်

တ ခါ မှ မ တွေ့ ဘူး သေး တဲ့

နင့် တူ လေး ဆို ပြီး မိတ် ဆက် ပေး မယ့်

အ ပြုံး ချို ချို နဲ့ ကြည့် နေ မယ့် မျက် ဝန်း ရှင်

တူ လေး ကို လည်း မြင် ယောင် ရင်း

မိ သား စု ရဲ့  နွေး ထွေး မှု့  တွေ ကို

တမ်း တ ရင်း နဲ့ ရင် ခုန် နေ မိ တာ

ခု တော့ လည်း ငါ တ ယောက် ထဲ

အိပ် မ ပျော် တဲ့ ည လေး ဖြစ် ခဲ့ ရ ပြီ ပေါ့ ကွယ်

လွမ်း တယ် ကွယ်

မျှော် လင့် ချက် နေ့ လေး ရာယ်

မြန် မြန် ရောက် ပါ တော့ လို့ နော်

ဝေး တ နေ ရာ မှ အ လွမ်း တွေ နဲ့

လတ်

နောက်ကျမှတ်းတမ်း

ဘဝခရောင်းလမ်းရဲ့ ဒဏ်
လောကဒဏ်ရဲ့ ဒဏ်
ဆင်းရဲမှု့ရဲ့ ဒဏ်။။။။။။။။။။

အင်း.............................

ဘုရားသခင်ကလည်းဒဏ်ခတ်
အဖေနဲ့သမီးအဆက်ပြတ်ခဲ့ရပါတယ် ။။။။။

ကိုယ့်အားကိုယ်ကိုး
ကိုယ်ထူမှကိုယ်ထ
ဒီဘဝရောက်မှ
အဖေ့နဘေး
သမီးအပြေးလာချင်ပေမယ့်
သမီးအဝေးမှာရောက်နေတယ်အဖေ။။။။။

မှတ်မိပါသေးတယ်အဖေ

"စကားနယ်ပယ်မှာ
နှုတ်ရေးကြွယ်ရမယ်" တဲ့
နှုတ်ချိုသျှိုတစ်ပါး
စကားကြီးဆယ်ခွန်း
တခွန်းတခွန်းစီရှင်းပြ
လူ့အောက်မကျချင်ရင်
စကားအရာမှာဆင်ခြင်
စကားပညာကိုပြန်ဆင်မယ်ဆိုရင်
လောကမှာတွင်ကျယ်နိုင်သတဲ့လေ။။။။

အင်း......................
ရိုးလွန်းရင် "အ" သတဲ့
အလွန်း "န" တဲ့အဖေရဲ့ သမီး

အခုတော့.........
နိုင်ငံရပ်ခြားတိုင်းတပါးမှာ
ဦးဆောင်ရင်ဘောင်တန်းနေတဲ့
သမီးကိုအဖေပြုံးပြုံးကြီးနဲ့
ပီတိတွေတဝေဝေဖြစ်နေမှာ
သမီးမြင်ရောင်နေပါတယ်အဖေ။။။။

စိတ်ကြမ်းလူကြမ်း
ဘဝလည်းကြမ်း
အဖေ့ရဲ့ နှလုံးသားနုနု
သမီးအခုမှတွေ့မြင်
အဝေးတနေရာကအဖေ
တဘက်သတ်ခွင့်လွတ်နိုင်ပါစေ။။။

အဖေပေးခဲ့တဲ့ "စကား" ပညာနဲ့ပဲ
အဖေ့သမီးဘဝလမ်းမှာ
အသုံးချလာရင်းနဲ့အောင်မြင်လာခဲ့
အဖေနဲ့ဝေးမှအဖေ့ကိုပိုချစ်လာ
အဖေ့ရဲ့ ချစ်ခြင်းတွေကိုထောက်ပြ
ဟောဒီသမီးရဲ့ ..............
"နောက်ကျမှတ်တမ်း" ကို
အဝေးတနေရာကအဖေ
ကျေနပ်ခွင့်လွှတ်နိုင်ပါစေ

အဖေ........
****ချမ်းမြေ့ ပါစေ***

လွမ်းတယ် ဖေဖေ



အဝေးတနေရာမှချစ်သမီး

လတ်(စံပယ်) ၁၉-၂-၂၀၀၉

နေ ရောင် အောက် က လူ သား

လူသား..........ခလေးတယောက်လောကထဲကိုစတင်ဝင်ရောက်လာခဲ့လျှင်လေအားဖြင့်ကြီးထွားခွင့်ပြုမယ်

လူသား..........မိခင်နို့ရည်အားဖြင့်သင့်ကိုအသက်ဆက်ရှည်ခွင့်ပြုမယ်

လူသား..........မေ..ဖေ ပြုစုခြင်းအားဖြင့်ကျန်းမာခွင့်ပြုမယ်

လူသား..........သင့်ပတ်ဝန်းကျင်ထိန်းကျောင်းခြင်းအားဖြင့်စကားပြောခွင့်ပြုမယ်

လူသား..........ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားနဲ့လမ်းလျှောက်ခွင့်ပြုမယ်

လူသား..........သင်ပြခြင်းအားဖြင့်ပညာဆည်းပူးခွင့်ပြုမယ်

လူသား..........မေ..ဖေ မေတ္တာလွတ်လပ်စွာနေထိုင်ခွင့်ပြူမယ်


ငါ တို့ အား လုံး
မေ့ နေ တဲ့ ဘ ဝ
ပြန် လည် နိုး ထ လို့
စဉ်း စား လိုက် စမ်း
က လေး ဘ ဝ
စ ခဲ့ တုန်း မှာ
အ ပူ ဆို တာ ဘာ မှ မ ရှိ
ဗ လာ နတ္ထိ နဲ့ အ မေ မွေး
အဖေ့ မေတ္တာ ချွေး နဲ့ ကျွေး ခဲ့
သောကဆိုတာ..ဘာရယ်မသိ
တဏှာအတိ ကင်းတဲ့လူသား

လူသား.........သင့်ကိုယခုချိန်ကစပြီးစေတန်နတ်ဆိုးဖမ်းစားခွင့်ပြုမယ်

လူသား.........လုပ်နေတဲ့အလုပ်တွေပစ်ချပြီးခံစားခွင့်ပြုမယ်

လူသား.........စာနေချိန်တွေမေ့လို့ဘာမှမစားနိုင်တဲ့ထိကိုခံစားခွင့်ပြုမယ်

လူသား..........ညစဉ်အိပ်မပျော်နိုင်အောင်ထိခံစားခွင့်ပြုမယ်

လူသား..........မတွေး ရ ရင် မနေနိုင်အောင် ချည်နှောင်ခွင့်ပြုမယ်

လူသား..........အလွမ်းတွေနဲ့ ငိုနေခွင့်ပြုမယ်

လူသား..........ကလူကျီစယ် သံတွေနဲ့ ပျော်ရွှင်ခွင့်ပြုမယ်

လူသား..........ဘဝတခုလုံးစိုးမိုးခွင့်ပြုမယ်......လူသားစိတ်တိုင်းကျဖြစ်ခွင့်ပြုမယ်

လူတွေ......လူတွေ
ဒီ ရင် ဘက် နဲ့
ခံ စား နေ ကျ
ခဏ..........ခဏ
ချစ်တော့လည်းပျော်
မုန်းတော့လည်းအော်
လွမ်းတော့လည်းနာ
အ ချစ် နဲ့ မှုး ရင် မှာ ရှုး ရင်း
ဘာ မှ မ သိ လူ မိုက် သာ သာ
နတ် ဆိုး ထဲ မှာ နစ် နေ ကျ တာ
ရုန်း ထွက် မ ရ တဲ့ လူ သား

လူသား..........အမှန်ကိုစဉ်းစားအမှားပြင်ခွင့်ပြုမယ်

လူသား..........နှလုံးသားကိုခဏဖယ်ဦးနှောက်နဲ့စဉ်းစားခွင့်ပြုမယ်

လူသား.........အောင်မြင်ခြင်းမှာဘာတွေတားဆီးနေလည်းဖယ်ရှားခွင့်ပြုမယ်

လူသား.........ကိုယ်ရောက်နေတဲ့ဘဝကိုသတိယခွင့်ပြုမယ်

လူသား.........စိတ်အလိုလိုက်ဖို့ထက်ဖြစ်သင့်တာကိုဦးစားပေးဖို့ခွင့်ပြုမယ်

လူသား........ရှုးကြောင်ကြောင် အတွေးတွေထက် ကောင်းတာကိုတွေးခွင့်ပြုမယ်

လူသား.........နောက်ဆုံးစကားတခွန်းပြောမယ်သေချာနားထောင်ခွင့်ပြုပါ

လူသား.........သူကိုရင်ကွဲမတတ်ကိုယ်ကချစ်နေတဲ့အချိန်မှာ
သူကအခြားတယောက်ကိုရင်ကွဲမတတ်ချစ်နေပါလား

လူသား.........သင်သတိယပြုမိခဲ့လျှင် သင့်စိတ်တွေပုံမှန်ဖြေဖျောက်လိုက်ပါဖြေးဖြေးလေးခံစားလိုက်ပါ

လူသား.........စိတ်ကကိုယ့်ကိုမနိုင်ပါစေနဲ့ ကိုယ်ကသာစိတ်ကိုနိုင်ခွင့်ပြုပါ

လူသား.........အချစ်က ဘဝကို မနိုင်ရအောင် တားဆီးခွင့်ပြုမယ်

လူသား.........သူ့အတွက်ပေးနေတဲ့အချိန်တွေပြန်ယူခွင့်ပြုမယ်

လူသား.........ဘဝကိုအောင်မြင်အောင်ကြိုးစားခွင့်ပြုမယ်

လူသား.........နောက်ဆုံး အချစ်နဲ့အတူ နေရောင်အောက်မှာ ပျော်ရွှင်ခွင့်ပြုမယ်


စစ် မှန် တဲ့ နိယာ မ
ဖွင့်ကာပြလိုက်တော့
လင်းနေတဲ့နေရောင်အောက်
သင်လျှောက်နေပါလား
အမှားကိုမြင်အမှန်ပြင်စမ်း
အချစ်ကိုယုံ မပုံပါနဲ့
ဘဝတသက်စာအတွက်
ခဏအဆိုးတွေရပ်မယ်
ရှေ့ ဆက်လျှောက်မယ့်လမ်း
အပျော်တွေများစွာနဲ့ပေါ့
ထာဝရလင်းစေချင်တယ်
နေရောင်အောက်ကလူသား....ရယ်


သူငယ်ချင်းများကိုစေတနာဖြင့်

လတ်

Friday, September 25, 2009

အချစ်ကို ပုံဖော်ခြင်း

ညက ကျွန်မ တညလုံး အိပ်မပျော် အတွေးလေး တွေးနေမိတယ် သူနဲ့ ကျွန်မ
အရမ်း ချစ်ပြီး ဘာလို့ကွဲခဲ့ရတာလည်းလို့လေ စဉ်းစားရင်းနဲ့ အဖြေတစ်ခု ပေါ်လာတယ်
အဲ့ဒီအဖြေလေးကို သူငယ်ချင်းတို့ကိုပြောပြချင်တယ် အသုံးဝင်မယ်လို့ ထင်တယ်နော်

သူငယ်ချင်းတို့ရေ..............

ပထမအနေနဲ့.....ရွံ့ ပျော့ပျော့တစ်တုံးကို ယူလိုက်ကျပါစို့
နောက်တခု အနေနဲ့...လုပ်မယ့်သူ၇ဲ့ လက်နှစ်ဖက် နော်
ရွံ့ တုံး ကိုတော့အချစ်လို့သတ်မှတ်မယ်
လက်နှစ်ဖက်ကတော့ ချစ်သူနှစ်ယောက်ပေါ့နော်
စမယ်နော်....လက်ညီစွာနဲ့ ရွံ့တုံးမှာ အရုပ်လေးတခုလုပ်မယ် လက်နှစ်ဖက်တူညီစွာ
လုပ်ဆောင်မှု့ အတွက် အရုပ်လေးက လှပတဲ့အရုပ်လေးဖြစ်လာမယ်...
အဲ့တာ အရမ်းချစ်တဲ့ အချိန် စိတ်တူညီစွာနဲ့ လက်ညီပြီး ကြည်နှုးနေရတဲ့အချိန်လေးပေါ့
နောက်တခါ ....လက်တဖက်ကလုပ်မယ်...တဖက်ကရှုပ်မယ် အဲ့တာဆိုရင်တော့
ပုံက တော်တော်ရုပ် ဆိုးမယ်နော် ဘာအရုပ်မှလည်း ဖြစ်လာမှာမဟုတ်တော့ဘူး
အဲ့လိုဖြစ်လာပြီဆိုရင် သတိထားရတော့မယ် ပြသနာဆိုတာလေးတွေ ဖြစ်ပေါ်လာတော့မယ်
လက်မညီကျတော့ဘူး အပြစ်တွေ မြင်လာပြီ လို့ပေါ့
အဲနောက်တဆင့်က....နင်မလုပ်ရင် ငါမလုပ်ဘူးဆိုပြီး လက်နှစ်ဖက်လုံးရပ်နေတဲ့အချိန်
အဲ့တာဆိုရင်အရုပ်လည်း ဘာပုံမှမထွက်လာတော့ဘူးပေါ့ ကြာလာတော့ရွံ့ လည်းခြောက်ပြီး
ပစ်လိုက်ရတယ်လေ အရုပ်လည်းမဖြစ် အသုံးလည်းမဝင်ပေါ့
အချစ်တွေ အပြစ်မြင်လာကျပြီ အချစ်တွေနဲ့ဝေးကွာခြင်း ခြောက်သွေ့ခြင်း လွမ်းခြင်း ခံစားရခြင်း
တွေဟာ ချစ်သူနှစ်ဦး ဘက်မညီကျလို့ဖြစ်လာတာတွေပါ

အဲ့တာကြောင့်သူငယ်ချင်းတို့ လက်ရှိအချစ်နဲ့ ချစ်သူလေးတွေ ရှိကျရင်
ပြန်ပြီး ညှိနှိုင်း တိုင်ပင်ကျရအောင်နော် တက်ညီလက်ညီနဲ့ စိတ်ခြင်းတူညီစွာ
အချစ်ရုပ်လေးတခု လှလှလေး ပုံဖော်ကျရအောင်နော် ဘယ်လိုလည်း..........

ယုံကြည် .. သစ္စာ...နာလည်မှု့ တွေနဲ့ ပေါင်းစပ်ပြီး
ရာသက်ပန် ချစ်နိုင်ကျပါစေလို့ ဆုတောင်းရင်း
ချစ်တဲ့သူတိုင်း ထာဝရဆုံဆည်း နိုင်ကျပါစေနော်
မေတ္တာဖြင့် ဝေမျှလိုက်ပါသည်

ပေါ့ ပါး ချစ်

လေ ယူ ရာ ယိမ်း နွဲ့ လို့
တိမ်း ညွတ် လို့ မသွား ပါ နဲ့ ချစ် သူ
ဘေး စ ကား တွေ လည်း
နား မ ယောင် လိုက် ပါ နဲ့
ငါ မင်း ကို ချစ် ခဲ့ တာ
တ ဘ ဝ လုံး အ တွက် ပါ
ကမ္ဘာ မြေ ကြီး ရယ်
ကောင်း ကင် ကြီး ရယ်
တည် နေ သ ၍....မင်း ကို ချစ် နေ မယ်
ယုံ လား လို့ မေး ရင်
ပုံ ပြင် လား လို့ ပြန် မမေး လိုက် ပါ နဲ့
ဆုံ ချင် တာ က တော့ နေ့ တိုင်း ပါ ချစ် သူ
အ ပြန် အ လှန် နား လည် မှု့ တွေ နဲ့
ဝေ ဒ နာ တွေ ဖ လှယ် ကျ ရင်း
ကြင် နာ ကျ မယ် ပြော ခဲ့ တာ လည်း သူ
သက် ဆုံး တိုင် ချစ် မယ် ဆို ခဲ့ ပေ မယ့်  လည်း
တ ဘ ဝ လုံး အ တွက် မ ဟုတ် ခဲ့ တဲ့
လေ တ ဝှေ့ စာ အ ချစ် လေး နဲ့
ဟန် ပြ ချစ် ခဲ့ တဲ့ မင်း အ သည်း
ဘာ ဒဏ် ရာ မှ မ ရ ခဲ့ တော့ လည်း
အ ဆက် သစ် လေး ကို အ သည်း သစ် လေး နဲ့
ပေါ့ ပေါ့ ပါး ပါး အ ချစ် နဲ့ .. ဆက် ချစ် လိုက် ပေါ့ နော်
တ ဘ ဝ လုံး အ တွက် မင်း အ ချစ် တွေ ကံ ကောင်း ပါ စေ

ရင်ခုန်သံအဝေးဆုံး

အချစ်ကိုစတေး ရင်ခုန်သံအဝေးဆုံးမှာ

ဗလာရင်တွေနဲ့ မကြင်နာခင်

ဖယ်ခွာပြေးပုန်း အဝေးဆုံးကို

ထွက်သွားချင်မိတယ်..

စကားသံချိုကို မကြားသလို နေမိတာတောင်

ရင်ကွဲ ပက်လက် ခံရက်ခက်ခဲ့တယ်..။

အချစ်မပါတဲ့ဇတ်လမ်း နိဒါန်းမပျိုးပါရစေနဲ့.

အရူးမဟုတ်ပေမဲ့ ရူးအောင်ချစ်မိတဲ့ ငါ့အတွက်မှ

အတုအယောင်တွေနဲ့ ချစ်ပြလိုက်တာလား..

မေ့နိုင်တဲ့တစ်နေ့ အတိတ်မှာပဲ ကျန်ခဲ့ ချင်တယ်

အမုန်းမြို့ရဲ့ အဝေးမှာ ခပ်အေးအေးပဲ

နေပါရစေ...။

ပီကေကလေး

...... ချစ်သူလေးပေါ့..
...... ကျွန်တော့်ရင်ကိုခွဲ
...... ဖြူလွတဲ့ အသည်းကိုဆွဲထုတ်
..... ကဗျာတစ်စညည်းထုတ်ရင်း
...... ကာရံကျ တမြုံ့မြုံ့ဝါး
...... အဲဒီနောက်... .. .
...... ကြေပျော့တဲ့ အသည်းကိုပြန်အံ
...... ဖြစ်လိုရာဖြစ် ထားခဲ့ပြန်တော့
...... နောက်ဆုံး ကျွန်တော့်အဖြစ်ဟာ
...... အရသာမဲ့ အဖြူခံသက်သက်နဲ့
...... သူ့စိတ်တိုင်းကျ
...... စွန့်ပစ်ခံဘ၀လေးဖြစ်သွားတယ်..။

Thursday, September 24, 2009

ဝဋ်ကြွေးမကျေပါစေနဲ့

.........ရက်စက်သွားတဲ့အချစ်ရယ်..........လှည့်စားကာအဝေးထွက်သွားပြီး.....ရက်ရက်စက်စက်နှလုံးသားကိုခွဲကာ......
.
.........မုသားတွေပြောတဲ့စကားကို....အထင်ကြီးကာချစ်ခဲ့မိတော့..........မင်းအထိတွေ့ကြောင့်မလွတ်မြောက်နိုင်ဘူးပေါ့....

.........အနိုင်ယူကာမင်းထွက်သွားလည်း...နာကျင်အောင်ရက်စက်ခဲ့လည်း....ခွင့်လွတ်ခြင်းနဲ့ဆက်ချစ်နေမြဲလေ.....

........ချစိသူရေရှောင်ဖယ်နေခဲ့.....သိပ်ချစ်တယ်ဆိုပြီးခုတော့ဘယ်မလဲ....တမ်းတရင်းနဲ့အလွမ်းပြေဘယ်...

.............................................မင်းပြန်လာခဲ့ကိုယ်ရင်ထဲ..............................................................




ခဏလေးပါ..........
သူကျွန်မကိုချစ်ခဲ့တာခဏလေးပါ

လွမ်းရက်............
သူကိုလွမ်းရတဲ့ရက်ကတဘဝလုံးပါ

ရက်စက်...........
သူ့ရဲ့ရက်စက်ခြင်းတွေကိုမငြင်းပယ်ခဲ့ပါ

မုန်းရက်..............
သူမုန်းသွားပေမယ့်ချစ်နေဆဲပါ

ခံစား..........
သူ့အတွက်ခံစားရင်းနဲ့ကျေနပ်နေသူပါ

ပစ်သွား........
သူပစ်သွားလည်းအနီးဆုံးမှာနေချင်သူပါ

လမ်းခွဲ.........
သူလမ်းခွဲသွားလည်းမျှော်နေချင်သူပါ


မင်းအတွက်ရင်မှာ
ဆဲချည်တမျှင်တောင်
မမေ့နိုင်သေးပါ။။။။။။။။။။။

အသစ်ရှာချစ်သွားလည်း
ခံစားရတဲ့နေ့တွေနဲ့
မင်းကိုမျှော်လင့်နေတာ။။။။။။။။။။။

တသသရင်မှာ
တမြမြချိုစိမ့်
တရှိန်းရှိန်းပြင်းပျ
မေ့မရတဲ့ဒဏ်ရာ
ပူလောင်လွန်းလှသည်သာ။။။။။

ဒီအပူမီးကိုရင်မှာပိုက်
လွတ်မချရက်တာက
ကျွန်မဘဝရဲ့ဝဋ်ကြွေး
အပြစ်ပေးရင်လည်းခံရမှာဘဲ
နောင်ဘဝများရှိခဲ့လျှင်

* ဒီဝဋ်ကြွေးလေး
မကျေပါစေနဲ့*

သေတပန်သက်တဆုံး
ဆက်ချစ်နေအုံးမယ့်.........လတ်.........

ဝဋ်ကြွေးမကျေပါစေနဲ့

နင်. . . . .ငါ

နင်. . . .

ငါ့ အ ပေါ် ထား တဲ့

တန်း ဖိုး ကို ပြော ပြ မယ်

ငါ့ ဘ ဝ ကို ခု မှ သိ တယ်

ဆွမ်း ဆန် ထဲ ကြွက် ချေး

ရော တဲ့ ဘ ဝ ပါ လား

သူ များ အ လေး ထား တဲ့

အ ထဲ မှာ မှ ရွံ့ ရှာ စ ရာ

လာ ဖြစ် နေ ရ တဲ့ ဘ ဝ

အား လုံး ကို ပြုံး ပြ နိုင် တဲ့

နင့် ရဲ့  မျက် နှာ အ ပြုံး ဟာ

ငါ့ အ ပေါ် ကျ တော့ ထာ ဝ စဉ်

မဲ့ နေ ခဲ့ တယ် အ ငြိုး တွေ လား

ငါ . . . . .

ချစ် နေ လို့ လိုက် လျော တာ

အ တယ် လို့ မ ထင် ပါ နဲ့

အ သည်း နှ လုံး ရှိ တဲ့

လူ သား တိုင်း မှာ

ခံ စား ချက် ဆို တာ ရှိ ပါ တယ်

ငါ့ ရဲ့  ခံ စား ချက် တွေ ဟာ

နာ ကြဉ်း မှု့  တွေ ဆီ ကို

မ ပြောင်း လဲ ပါ စေ နဲ့ လို့

ငါ ဆု တောင်း နေ လိုက် ပါ မယ်

နောက် ဆုံး ဇာတ် သိမ်း မျှော်..။


လတ်

လွမ်း စ ရ တောင် ပေါ်

အ ဝေး ကို ကြည့်  လိုက် တော့

မ ဆုံး နိုင် တဲ့ တောင် တန်း ကြီး

အ ပေါ် ကို မော့ ကြည့်  လိုက် တော့

အုံ့ ဆိုင်း နေ တဲ့ မြူ တွေ

လွမ်း မော စ ရာ များ နဲ့

ပန်း ဒေါ န တောင် တန်း ကြီး ပေါ့

အ နောက် တောင် က လေ ဝှေ့ တ ချက်

ဆောင်း ငွေ့  နဲ့ အ တူ ပါ လာ တာ က

အေး ချမ်း စေ တဲ့ နှင်း မှုန် စ တွေ

တမ်း တ လို့  ရင် မှာ မော

နွမ်း လျ ကာ ပြော ရ ရင်

တောင် ပေါ် ဒေ သ လေး ကို လွမ်း ရ ပါ တယ်

ဘယ် တော့ မှ မ မေ့ နိုင် တဲ့ ဆောင်း တစ် ည

ပြန် လည် လို့ ရ ချင် ပေ မယ့် လည်း

ဘယ် လို မှ မ ဖြစ် နိုင် တော့ တာ မို့

တွေး စိတ် တွေ ရင် မှာ မျော

မှေး ဆက် ခဲ့ အိပ် ယာ ပေါ် မှာ

ဒီ တ ည တော့ အိပ် မ ရ တဲ့

မိုး လင်း ည ပေါ့ ကွယ်


လတ်

ဒါ အ ချစ် လား

ရင် ခုန် သံ စည်း တ ချက်

လှိုက် ခ နဲ ဖို လာ မင်း အ ပြုံး မှာ

စွဲ ငြိ ကျန် ရစ် ခဲ့ တာ........


အ ဝေး က မင်း စ ကား ပြော သံ

ရင် မှာ ခေါင်း လောင်း ထိုး သံ လို

ငါ့ နှ လုံး သား ကို တေး ဆို သွား လောက် အောင်

ဖန် တီး လိုက် တာ များ လား........


မျက် ဝန်း တ ဝှေ့ နဲ့ ဆုံ လိုက်

ဒီ အ ခိုက် လေး မှာ

ငါ့ ...ရင် ခုန် သံ တွေ များ

စည်း ချက် မှား စေ လိုက် တာ လား.......


ရင် ခုန် နှုန်း တွေ တ ညံ ညံ

သံ စဉ် တွေ မ ထပ် အောင်

ဖန် ဆင် ပေး ခဲ့ တဲ့ ဒီ အ ချစ်

နှောင် နှစ် တ ရာ တိုင် အောင်

ဆု တောင်း ကျ မှာ လား......

အော်.....ဒါ အ ချစ် လား...


...............လတ်.................

ဖြေသိမ့်တေး

ငါ့ နှ လုံး ခုန် သံ
တ ချက် ညံ တိုင်း
ချစ် သူ အ တွက်
အား ပေး သံ သာ
ဖြစ် စေ ချင် တာ
အ ကြင် နာ ပါ ။

ငါ့ နှုတ် က စ ကား
ဖွင့် ဟ တိုင်း ခါ
ချစ် သူ အ တွက်
ကြည်း နှုး မှု့  သာ
ဖြစ် စေ ချင် တာ
စေ တ နာ ပါ ။

မျှော် လင့် ခြင်း ရောင် ခြည် အောက်
လျှောက် လှမ်း လို့ သွား မယ် ကြံ တော့
လမ်း စ က ပျောက်
မှန်း ဆ ကာ လျှောက် ပြန် တော့
ကြင် နာ သူ က ဘယ် ဆီ ရောက်
ရင် မှာ အ ပူ က တ ကယ် မ ပျောက် တော့
သေ ချာ တာ က
သူ့ ဆီ မှာ ငါ့ အ ပြင် နောက် တ ယောက်
ထပ် ခါ ထပ် ခါ ပြောင်း လည်း နေ တော့
မင်း နဲ့ ငါ ပြတ် တာ ဘဲ ကောင်း မယ့် ထင်
အင်း...မ သေ ခင် တ ကွေ့ 
ပြတ် တာ ဘဲ ကောင်း မယ် ထင်


လတ် ( ၃၀ - ၆ - ၂၀၀၉ )

ပျံသန်းခွင့် ရသော ငှက်ငယ်

ယနေ့...........
၁၅၀၀ လှောင်အိမ် ထဲက
လွတ်ခွင့် ရခဲ့တဲ့ ငှက်ငယ် တကောင် ဘဝ
ခြေချင်း ဝတ် က လွတ်သွားတဲ့
ချည်နှောင်ကြိုး ဒဏ်ရာလေးနဲ့
အတောင်တွေလည်း ညောင်းခဲ့ရတော့
ပျံသန်းရာမယ့် မပျံနိုင်တော့တဲ့ ဘဝ
လှောင်အိမ်ထဲမှာ ဒဏ်ရာများစွာရခဲ့တော့
ချိနဲ့ ယိုင်လဲ မှု့တွေနဲ့ အားအင် ကုန်ခမ်းလို့
စာနာတက်သူ ကင်းမဲ့စွာနှင့်
ဝေဒနာတွေ ခံစားရင်း
လောက အလယ်မှာ
စာငတ်မှု့တွေ နဲ့ မျက်နှာငယ်ခဲ့ပေါ့
လှောင်အိမ်ထဲက ဘဝမှာလည်း
ပိုင်ရှင်ရဲ့ ဥပက္ခာ ပြုတဲ့ ဒဏ်
တစစီ ဖဲ့ခြွေ နှိပ်စက်ခဲ့တဲ့
ပြုမှု ရက်စက်တဲ့ စွဲချက်တင် ဒဏ်ရာတွေနှင့်
ခုတော့ သေအံ့မှုး မှုး ခံစားချက် ဘဝနဲ့
လွတ်မြောက် ခွင့်ဆိုပေ မယ့်လည်း
ဘာမှသုံးမရတဲ့ ကုန်ဆုံးဘဝဘဲ ကျန်ပါတော့တယ်
ကျေးဇူးတင်ပါတယ် လှောင်အိမ်ပိုင်ရှင်ရယ်
သေဆုံးခါနည်းမှာ လွတ်လပ်စွာ
အသက်စွန့် ခွင့် ပေးတဲ့ အတွက်ပေါ့
နောက်တဖန်...လှပတဲ့ လှောင်အိမ်မွေး ငှက်လေးတကောင်
ပိုင် ဆိုင် ပါ စေ လို့ ...နော်

ဆူး

Wednesday, September 23, 2009

ကဗျာချစ်သူရဲ့ခံစားချက်

အချစ်စစ် တခုက ဖြစ်ပေါ်လာတက်ပါတယ်
ခဏတာအချိန်လေးမှာ
တဘဝ စာ ချစ်မိသွားတယ် ဆိုရင်
လွန်တယ်လို့ မထင်လိုက်ပါနဲ့ ချစ်သူ
မောင့် ရင်ထဲက အချစ်တွေ ချရေးပြတာ
နိုင်းပြစရာမရှိအောင် လိုနေပါသေးတယ်
စွဲလမ်းမှု့ ရင်မှာတိတ်တခိုးနဲ့
မြတ်နိုးခဲ့ရတာလည်း မင်းလေးကိုပါချစ်သူ
အချိန်တိုင်း မင်းကစိုးမိုး ထားတယ်ဆိုရင်
မှန်သောသစ္စာ စကားပါလို့
မောင့်ကို မြှားနတ်မောင်က ထောက်ခံပေးပါလိမ့်မယ်
မောင့် ရင်ကို အချစ်နတ် စေတန်လေးက
လေဆန်ပြီး လှုပ်ရပ်သွား ခဲ့တော့
ရင်တွေ ခုန်နေတယ် ချစ်သူရယ်
မင်းရဲ့ ချစ်တယ်ဆိုတဲ့ အဖြေလေးနဲ့
လာကုပေးလှဲ့ ပါနော် ချစ်သူ
မောင့်ရဲ့ နှလုံး ခုန်သံတွေ တအားမြန်နေလို့ပါ
အချစ်တခု ဖြစ်ပေါ်လာဖို့
အချိန် အတိုင်း အတာတွေ
နေရာ အကွာ အဝေးတွေ
မလိုအပ် ပါဘူး ချစ်သူ
အချိန် တိုတို အတွင်းမှာ
ဖြစ်ပေါ်လာတဲ့အချစ်ကလည်း
တန်းဖိုး ဖြတ်လို့ မရတဲ့ အချစ်တခု
ဖြစ်နိုင်တယ်ဆိုတာ ယုံပါချစ်သူ

၂၃ - ၉ - ၂၀၀၉ မေလေးဇော်

တဖက်သက် အလွမ်း

လမင်းဝင်း တမျှ
မင်းအလှ မျက်ဝန်း
ရင်မှာလှိုက် ဖို
အကြင်နာ ရှိုက်ကာပိုတော့
ဒီရင်မှာဖြစ်တည်လာ
မင်းလေးကိုချစ်သည်ပါတဲ့.........

ပေါ်ဦးစ ဖူးငုံအချစ်
မင်းလေးကို ဖွင့်ကာလှစ်ဖို့
မှန်းမျှော်ကာ လှိုက်တုန်ရင်မှာ
အားမာန်ကို ထန်ကာတင်းလို့
မင်းအနားကို အချဉ်းလာတော့
မင်းမို့ ပြောရက်စကား
ငါ့မှာချစ်သူ ရှိပြီးသာပါတဲ့..........

ချစ်သူရယ်
နှစ်တွေကြာသော်လည်း
အပြစ်မမြင်ဘဲ ချစ်နေခဲ့တယ်
ငါ့ရင်မှာမင်းကိုတမ်းတတဲ့ အချိန်
မင်းကတော့ တယောက်သောသူကို
လွမ်းတေးတွေသီဆိုပြနေခဲ့တယ်လေ
မင်းအတွက်ဆိုရင်
ငါ့ရင်မှာအချစ်တွေရှိပြီးသာပါကွယ်..........

တွေဝေနေတဲ့စိတ်တစုံ
နံနက်ခင်း လမ်းမထက်မှာ
ဝေခွဲမရ မှုံမှိုင်းရင်းနဲ့
မြူတွေနဲ့ ဆိုင်းခဲ့ရပြီပေါ့ကွယ်......

Friday, September 4, 2009

ပြီးဆုံးခြင်းမှ

♥ ကောင်းကင်က အပြုံးတစ်ပွင့်နဲ့
မြေကြီးက မျက်ရည်တစ်စက်
ဒီတစ်သက်ဆုံနိုင်ပါ့မလား ...။
♥ ဟိုး ...ခပ်စောစောသက္ကရာဇ်တုန်းက
မင်းဟာငါ့ချစ်သူ
ဟုတ်တယ်နော် ...။
♥ လူသားနှစ်ဦးချစ်ကြတာ
တစ်ခန်းရပ်ပြဇာတ် ကတာမှမဟုတ်ဘဲ
"ပြီးဆုံးသွားပြီ" ဆိုတဲ့စကား
♥မင်း♥ပြောသင့်ရဲ့လားကွယ် ...။



အချစ်

အချစ်တဲ့...
အချစ်ကိုမသိခင်တုန်းကပေါ့
အချစ်ကိုမသိပဲ လူတွေကိုချစ်ခဲ့ဖူးတယ်
ပြီးတော့လဲပြောလိုက်သေးတယ်...
အချစ်ကပူလောင်တယ်တဲ့ ...။

အချစ်တဲ့ ...
သိလာရတယ်
ရင်ခုန်တယ် ...
ပျော်တယ်...
ကြည်နုးတယ် ...ခံစားချက်တွေလည်း အများကြီး
ဆက်ရန်တွေလည်း ရှိနေဦးမယ်...
အချစ်ကိုသိမှ အချစ်ဆိုတာကို ချစ်လာခဲ့တယ်...
တကယ်တော့
အချစ်ဆိုတာ မပူပါဘူး...
နွေးနွေးလေးနဲ့ မေးမြနေတာပါ...။

ကြီးမြတ်သော

♥ အဲ့ဒီ
ပန်းနုရောင် မျက်လုံးလေးကို
ဆုံနိုင်ဖို့ လေးတောင်မှ
အသည်းက မခိုင်တော့လေ...
♥ စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ပဲ
နေရောင်ခြည်နံရံတွေပြိုလဲ
ငါ့စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ...
♥ သိစေချင်ပါတယ်
ရင်ထဲက အမြုအတေနှလုံးသားမှာ
သူသာ အမြင်မြတ်ဆုံးဖြစ်နေတယ်ဆိုတာ...
♥ နားလည်စေချင်တယ်
စိတ်ကူးအိပ်မက်တွေရဲ့
တစ်ကိုယ်စာ အချစ်နဲ့အလွမ်းမှာ
သူသာလျှင် ကမ္ဘာတစ်ခုဖြစ်တယ်ဆိုတာ...
♥ မပြောချင်တော့ဘူး
အဲဒီလို
တနုံနုံ အတွင်းကြေနေရတဲ့
ဆွံ့အ နားမကြားနှလုံးသားရဲ့
ကြီးမြတ်သော အချစ်ကို.....

လမ်းမ

♠♠ လူတစ်ချို့အတွက်
လမ်းမတစ်ခဲရဲ့အဆုံးမှာ
နေအိမ်တစ်ခုတည်ရှိနေတယ်။
♠♠ လူတစ်ချို့အတွက်
လမ်းမတစ်ခုရဲ့အဆုံးမှာ
ဥယျာဉ်တစ်ခုတည်ရှိနေတယ်။
♠♠ လူတစ်ချို့အတွက်
လမ်းမတစ်ခုရဲ့အဆုံးမှာဘုရားကျောင်းတစ်ခုတည်ရှိနေတယ်။
♠♠ ငါ့အတွက်တော့
လမ်းတစ်ခုရဲ့အဆုံးမှာ
နောက်ထပ်လမ်းမတစ်ခုသာရှိနေခဲ့လေရဲ့ ။ ။